ကလေးမြို့၊ စိန်မေရီ ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. Francis Neng Khan Thawn သည် စိန်မေရီ ဘုရားစင်/ ပလ္လင်တော် မျက်နှာစာကို မှန်စီခဲ့သည်။ မယ်တော်ဗိမာန်ရင်ပြင်ကို အုတ်စီရင်ခဲ့သည်။ ရပ်ကွက်ကြီး (၄) ရပ်ကွက်ဖြစ်သော စိန်မာဿဲ၊ စိန်မာကု၊ စိန်လုကာ၊ စိန်ဂျွန် ရပ်ကွက်များသို့ သာရေးနာရေးတွင် အသုံးပြုရန် မီးစက်တစ်ခုစီ ဝယ်ပေးခဲ့သည်။ ဘုရားကျောင်းပတ်လည်တွင် လူသွားလမ်း စင်္ကြန်အတွက် အုတ်စီပေးခဲ့သည်။
၅၅ မိုင်၊ စခန်းကြီး၊ နန်းဟံနွဲ့နှင့် စိုက်ခင်းကျေးရွာများသို့ ဘုရားကျောင်းဆောက်လုပ်ရန် ငွေကြေး အကူအညီပေးခဲ့သည်။ ဘုရားကျောင်းအဝင်ဝတွင်ရှိသော ဂိုဒေါင်ဟောင်းကိုဖျက်၍ နှစ်ထပ် နံကပ်တိုက် ပြန်ဆောက်ပြီး မြေညီထပ်ကို ဆိုင်ခန်းများအဖြစ် အငှါးချထားသည်။ အပေါ်ထပ်ကိုမူ ရုံးခန်းနှင့် ကွန်ပျူတာခန်းအဖြစ် အသုံးပြုသည်။
ဆရာတော်ကြီး၏ ထောက်ပံ့မှုနှင့် ဒေသန္တရ
အလှူငွေများဖြင့်
ဘုန်းတော်ကြီးနေအိမ်အသစ် ဆောက်လုပ်ရန် အုတ်မြတ်ချခဲ့သည်။ သို့သော်
အခြားဆောက်လုပ်ရေးလုပ်ငန်းများ မစတင်မှီ ၂ဝဝ၅ ခုနှစ်၊
ဩဂုတ်လ
(၁၇) ရက်နေ့တွင် ရုတ်တရက် ပျံလွန်တော်မူခဲ့သည်။