Hello Everyone! My Page is still under construction! Thank You for your visit.

“စိန်မေရီကယ်သီဒြယ် မူလတန်းကြိုကျောင်း သမိုင်း”


() ကျောင်းပိုင်မြေကွက်ဝယ်ယူခြင်း

            ၂ဝဝ၇ ခုနှစ်တွင် ဦးစံသိန်း၏ အိမ်နှင့်ခြံဝန်းကို Msgr. Martin Suan Khan Mung အမည်ဖြင့် တရားဝင် ဝယ်ယူခဲ့ပါသည်။ အသိသက်သေအဖြစ် မူကြိုကျောင်း၏ ဆောက်လုပ်ရေးတာဝန်ခံ () နှင့် မူကြိုကျောင်း ကော်မတီ၏ ဘဏ္ဍရေးမှူးဖြစ်သော U Kham Sum Lian မှ လက်မှတ်ရေးထိုးခဲ့ပါသည်။ ကာလတန်ဖိုး ကျပ်ရှစ်ဆယ့်ငါးသိန်းတိတိဖြင့် ဝယ်ယူခဲ့ပါသည်။ အကျယ်အဝန်းမှာ အရှေ့အနောက်ပေ ၆ဝ၊ တောင်နှင့်မြောက် ၆၅ ပေ၊ ဧရိယာမှာ .ဝဝ၂ ဧက ရှိပါသည်။ Marnos Unidas, ECD Centre, Spain နိုင်ငံမှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ၂ဝဝ၇ ခုနှစ် အောက်တိုဘာလတွင် စတင်ဆောက်လုပ်၍ ၂ဝဝ၈ ခုနှစ် အောက်တိုဘာလတွင် ဆောက်လုပ် ပြီးစီးခဲ့သည်။ ဆောက်လုပ်ရေးတာဝန်ခံတို့မှာ James Thang Lian Khai နှင့် Joseph Kham Sum Lian တို့ ဖြစ်ကြသည်။

 

() စတင်ဖွင့်လှစ်ခြင်း

            ၂ဝဝ၄ - ၂ဝဝ၅ ခုနှစ် ပညာသင်နှစ်တွင် ပင်လုံလမ်းမတော်ရှိ U Suan Do Nang နေအိမ်တွင် လည်းကောင်း၊ ၂ဝဝ၅ - ၂ဝဝ၆ ခုနှစ် ပညာသင်နှစ်တွင် ဆိပ်ကမ်းသာလမ်းရှိ U Suan Deih Pau နေအိမ်တွင် လည်းကောင်း၊ ၂ဝဝ၆ - ၂ဝဝ၇ ခုနှစ် ပညာသင်နှစ်တွင် ပင်လုံလမ်းမတော်ရှိ U Suan Do Nang နေအိမ်တွင် လည်းကောင်း ငှားရမ်းဖွင့်လှစ်ခဲ့ပါသည်။ ၂ဝဝ၇ - ၂ဝဝ၈ ခုနှစ် ပညာသင်နှစ်မှစ၍ ယခုကျောင်းတည်နေရာ၌ အတည်တကျ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၂ဝဝ၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျောင်းထိုင်ဘုန်းတော်ကြီး Msgr. Martin Suan Khan Mung မှ ဦးဆောင်ဖွင့်လှစ်ခဲ့၍ စပိန်နိုင်ငံ Marnos Unidas, ECD Centre မှ ကိုယ်စားလှယ် အမျိုးသမီး ()ဦး တက်ရောက်ခဲ့ပါသည်။ Pa Kham Lam Sing နှင့် Pa Hau Suan Mang တို့၏ ကမကထပြုမှုဖြင့် ဂျာမနီရောက် လူငယ်များဖြစ်သော Pa Kham Lam Sing, Pa Hau Suan Mang, Pa Kyaw Soe Moe, Pa Khup Lam Khai, Nu Niang San Hau တို့မှ ကျပ်ဆယ်သိန်းတိတိကို လှူဒါန်းခဲ့ပါသည်။Pa Gin Lam Cin တို့မိသားစုမှ meter box တစ်လုံးလှူဒါန်းခဲ့ပါသည်။ နှစ်စဉ် နှစ်တိုင်း မူကြိုကျောင်းသား/သူ ဦးရေ (၇ဝ) ခန့် တက်ရောက်ကြပါသည်။

 

() အုတ်တံတိုင်းခတ်ခြင်းနှင့် စတီးတံခါးပြုလုပ်ခြင်း

            မူကြိုကျောင်းလုံခြုံရေးအတွက် စိန်မာကုရပ်ကွက်တာဝန်ခံ ဓမ္မဆရာ ပါအာ(ခ်) ဒိန်ဇဟောက်နှင့် ဓမ္မဆရာ ဒေးဗစ် ထန်ခိုလျန်းပေါင်တို့မှ ဦးဆောင်၍ ရပ်ကွက် EC ဥက္ကဌ မာလီနိုး(စ်) တွောင်ဒိုးထန်၊ အတွင်းရေးမှူး Daniel Tual Suan Langh နှင့် အဖွဲ့ဝင်များမှ ရပ်ကွက်အတွင်း အလှူခံခြင်း၊ စိန်မာကုရပ်ကွက် ရန်ပုံငွေမှ ကျခံခြင်းနှင့် စီရင်စုရန်ပုံငွေမှ () သိန်းကျပ် ထောက်ပံ့ငွေများဖြင့် မူကြိုကျောင်းပတ်ဝန်းကျင်ပတ်လည် အုတ်တံတိုင်း ခတ်ခြင်းနှင့် စတီးတံခါး ပြုလုပ်ခဲ့ပါသည်။ ၎င်းအပြင် အုတ်တံတိုင်းအတွင်း အရေးကြီးသောနေရာကွင်းပြင်တွင် အုတ်ခဲများ ခင်းကျင်းပါသည်။

            ၂ဝ၁၅ ခုနှစ်တွင် စိန်မေရီကယ်သီဒြယ် ကျောင်းထိုင်ဘုန်းတော်ကြီး Msgr. Martin Suan Khan Mung ခွင့်ပြုချက်ဖြင့် စီရင်စုမှ ငွေသား () သိန်းကို ရရှိပြီး စိန်မေရီမူကြိုကျောင်းသည် ယခင်နှစ်ပါစာရင်းများအတိုင်း  ဆက်လက်တာဝန်ယူ ထိန်းသိမ်းလျှက်ရှိကာ အလျား x အနံ (၂ဝ) ပေ ပတ်လည်ရှိသော ပျဉ်ထောင်အိမ်နှစ်ထပ် ဂိုထောင်တစ်လုံးကို ဖြည့်စွက်ဆောက်လုပ်ခဲ့ပါသည်။

            ၂ဝ၁၉ ခုနှစ်တွင် ရပ်ကွက်တာဝန်ခံဓမ္မဆရာ ဒေးဗစ် ထန်ခိုလျန်းပေါင်နှင့် မိုက်ကယ် ကန်ငိုက်လျန်း တို့မှ ဦးဆောင်၍ ရပ်ကွက် EC ဥက္ကဌ Mark Theu Za Kap အတွင်းရေးမှူး Paul Thang Lian Pau နှင့် အဖွဲ့ဝင်များမှ အုတ်တံတိုင်းအပေါ် သံဆူးကြိုး ခတ်ခဲ့ပါသည်။ အရှေ့ နှင့် အနောက်ဘက်တွင်လည်း နေမထိုးရန် ပယတ်ထိုးချခဲ့ပါသည်။ ၂ဝ၁၉ ခုနှစ်တွင် ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. Dominic Thang Suan Lang မှ မူကြိုကျောင်းအတွက် ပန်ကာ () လုံး တပ်ဆင်ပေးခဲ့ပါသည်။ ၂ဝ၂၂ ခုနှစ်တွင် အုတ်တံတိုင်းပေါ် သံဆူးကြိုးခတ်ခြင်းကိုလည်း ကျောင်းထိုင်ဘုန်းတော်ကြီး Msgr. John Deng Cin Khup ရောက်လာသောအခါ ဆောင်ရွက်ပေးခဲ့ပါသည်။        

 

() အစဉ်အဆက် တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများ

                    1. Immanuel Cing Za Khawm (၂ဝဝ၄ မှ ၂ဝ၁ဝ ထိ)

                    2. Veronica Zar Zar Myint (၂ဝ၁ဝ မှ ၂ဝ၁၇ ထိ)

                    3. Elizabeth Niang Lam Man (၂ဝ၁၇ မှ ၂ဝ၁၉ ထိ)

                    4. Maria Vung Lat Dim (၂ဝ၁၉ မှ ယနေ့အထိ)

 

() ကော်မတီဝင်များ

     (၂ဝဝ၇ မှ ၂ဝ၁ဝ)

   1.) Pa Lian Za Thang

        2.) Pa Tuang Do Thang

        3.)  Pa Dal Lian Thawng

        4.)  Pa Kham Sum Lian

        5.)   Pa Tual Suan Langh

        6.)   Pa Do Cin Lian

        7.)    Pa Tuan Khan Khup

        8.)   Pa Hang Bawi

        9.) Pa Vung Khan Khup

        10.) Pa Thang Lian Pau

        11.) Nu Niang Lam Mang

        ၂ဝ၁ဝ - ၂ဝ၂၂ ခုနှစ်မှစ၍ စိန်မေရီကယ်သီဒြယ် စီရင်စု၊ စိန်မာကုရပ်ကွက် တာဝန်ခံဓမ္မဆရာနှင့် EC အဖွဲ့အား ကော်မတီဝင်များအဖြစ် ဆောင်ရွက်ရန် ကျောင်းထိုင်ဘုန်းတော်ကြီးများမှ တာဝန်ပေးအပ်ခဲ့ပါသည်။

၂ဝ၂၂ ခုနှစ် Msgr. John Deng Cin Khup စိန်မေရီကယ်သီဒြယ်သို့ ရောက်ရှိလာသည့်အခါ စိန်မေရီ မူကြိုကျောင်းအား စိန်မေရီစီရင်စုအဆင့်နှင့် လိုက်ဖက်စေရန် အောက်ဖော်ပြပါအတိုင်း ကော်မတီအသစ် ဖွဲ့စည်းပေးခဲ့ပါသည်။

() မာကု ထဲအိုဇကပ်                                 ဥက္ကဌ

() ပေါလ် နန်ခေါဒါလ်း                               ဒုဥက္ကဌ

() ပေါလ် ထန်လျန်းပေါင်                          အတွင်းရေးမှူး

() ဂျိုးဇက် ထန်လျန်းဟန်                          တွဲဖက်အတွင်းရေးမှူး

() မာရီယား ဝုန်လက်ဒိမ်း                         ဘဏ္ဍာရေးမှူး

() ဒေနဲလ် တွာလ်ဆွင်းလန့်                       တွဲဖက်ဘဏ္ဍာရေးမှူး

() EC အဖွဲ့ဝင်များ

1)    ပီတာ ခန်ဒိုကိမ်း

2)    အာလ်ဖုန်း ငင့်လမ်မန်

3)    ဂျွန်နား ညန်းဇမ်းကျိန်

4)    ရိုစ့် မန်းလျန်းကျိန်

5)    အာနား အေးနီခိုင်

6)    နီကောလစ် လာလ်ရှန်းစန်

7)    မာရီယား ခိုင်မွမ်းကျိန်