**************
စိန့်အန်ဆမ်းကို အီတလီနိုင်ငံ၊ Aosta ဒေသမှာ မွေးဖွားခဲ့ပြီး အင်္ဂလန်နိုင်ငံ၊ Canterbuy မှာ ကွယ်လွန် ခဲ့ပါတယ်။ သူဟာ ကက်သလစ် အသင်းတော်မှာ ထင်ရှားတဲ့ ဓမ္မပညာရှင် သုခမိန်နဲ့ ဆရာတော်ကြီး တစ်ပါး ဖြစ်ပါတယ်။
ကက်သလစ် အသင်းတော်မှာ သူ့ရဲ့ အဓိက လုပ်ဆောင်မှု သုံးခု ရှိပါတယ်။ ပထမဦးစွာ Canterbury ဂိုဏ်းချုပ် ဆရာတော် အဖြစ် အသင်းတော်ရဲ့ ရပိုင်းခွင့် အခွင့်အရေးနဲ့ လွတ်လပ်ခွင့်များကို ခုခံ ကာကွယ် ခဲ့ပါတယ်။ အသငါးတော်ကို ဦးဆောင်သူ ဖြစ်တာကြောင့် မတရားမှုတွေကို လက်ပိုက်ကြည့်မနေဘဲ အသင်းတော်ရဲ့ မြေများကို လုယူခဲ့တဲ့ အင်္ဂလိပ် ဘုရင်များရဲ့ ကျူးကျော် သိမ်းပိုက်မှုကို ဆန့်ကျင် ဟန့်တား ခဲ့ပါတယ်။ အထူးသဖြင့် ဝိညာဉ်ရေး ဆိုင်ရာမှာ တရားစီရင် ပိုင်ခွင့်ရဲ့ အမှတ် သင်ေ္ကတတွေ ဖြစ်တဲ့ ဆရာတော်ရဲ့ လက်စွပ်နဲ့ crosier လက်ကိုင်တုတ် အသုံးပြုခြင်းတို့ ဖြစ်ပါတယ်။
ဒုတိယ အနေနဲ့ ဒဿနပညာရှင် သာမက ဓမ္မပညာရှင် တစ်ဦး ဖြစ်ခဲ့တာကြောင့် ဆရာတော်ကြီး အန်ဆမ်းဟာ အလယ်ခေတ်ရဲ့ ကြီးကျယ်တဲ့ အတွေးအခေါ် ပညာရှင် များအတွက် လမ်းပြင်ဆင်ပေး ခဲ့တဲ့ ကျိုးကြောင်း ဆင်ခြင်နည်း “a method of reasoning” ကို တီထွင် ခဲ့သူ ဖြစ်ပါတယ်။
တတိယ အနေနဲ့ သူဟာ ကျွန်ုပ်တို့ရဲ့ အမိမယ်တော် သခင်မကို အလွန်ကြည်ညိုသူ ဖြစ်ပါတယ်။ ဒါကြောင့် မယ်တော် သခင်မရဲ့ သန့်ရှင်းမြင့်မြတ်သော ပဋိသန္ဓေယူတော်မူခြင်း ပွဲနေ့ “the Feast of the Immaculate Conception” ကို အနောက် နိုင်ငံမှာ ပထမဆုံး ကျင်းပ တည်ထောင် ခဲ့သူ ဖြစ်ပါတယ်။
ဆရာတော်ကြီး အန်ဆမ်းရဲ့ ထင်ရှားတဲ့ အဆိုအမိန့် တစ်ခုကတော့ “ကျွန်ုပ် ယုံကြည်ခြင်း မရှိလျှင် နားမလည် နိုင်ပါ။ ဒါကြောင့် ကျွန်ုပ် ယုံကြည် နိုင်ဖို့အတွက် နားလည်ခြင်းကို မရှာဖွေ သော်လည်း နားလည်နိုင် ဖို့ရန်အတွက် ကျွန်ုပ် ယုံကြည်ခြင်း ဖြစ်ပါတယ်။
‘I do not seek to understand in order that I may believe but, I believe in order to understand. For this is also I believe that unless I believe i shall understand.’ (Saint Anselm)
✍️ထန်းဟာ SJ
Source: Brevary (Pro Terra Sancta)
#StAnselm