ကလေးသာသနာ၊ စိန်မေရီကယ်သီဒြယ်စီရင်စု ဓမ္ဓဆရာများသည် အဖကျောင်းထိုင် ဘုန်းတော်ကြီး၏ လမ်းညွန်ဦးဆောင်မှုကို တသွေမတိမ်း လိုက်နာခံယူလျက် ဘုရားသခင်၏ နိုင်ငံတော်၊ သာသနာတော်ကြီး ပိုမိုတိုးတက်ရှင်သန်နိုင်ရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ ပေးဆပ်လျက် အမှုတော်မြတ်ကို ထမ်းဆောင်နေကြပါသည်။ အထူးသဖြင့် ကိုယ်ကျရာကဏ္ဍ၊ တာဝန်များကို ကြည်ဖြူ ကျေပွန်စွာ ထမ်းဆောင်ကာ ဆောင်ရွက်ကြပါသည်။ ၎င်းတို့၏တာဝန်များမှာ-
(၁) ဆေးကြောခြင်းခံယူမည့်ပုဂ္ဂိုလ်များအား ဘုရားစကားသင်ကြားပေးခြင်း။
(၂) ပထမကိုယ်တော်မြတ်နှင့်
ခရစ္စမားအားပေးခြင်းခံယူမည့် ကလေးသူငယ်များအား ဘုရားစကားသင်ကြားပေးခြင်း။
(၃) လက်ထပ်ခြင်းစက္ကရမင်တူးမင်္ဂလာခံယူမည့်ပုဂ္ဂိုလ်များအား
အနည်းဆုံး နှစ်ပတ်တိတိ ဘုရားစကားသင်ကြားပေးခြင်း။
(၄) ဘာသာဝင်များ သာရေး၊ နာရေးကြုံသောအခါ၌
ဆုတောင်းပေးခြင်း၊ သမ္ဓာကျမ်းစာ တော်မြတ်အားဖြင့် ကာယ၊ ဝိညာဉ်ခွန်အားပေးခြင်း၊
နှစ်သိမ့်အားပေးစကားပြောကြားခြင်း၊ ဘာသာ တရား၌ ခွန်အားနည်းနေသော ဘာသာဝင်များအား
တရားတော်နှင့်အညီ ခွန်အားပေးခြင်း။
(၅) ဘုရားကျောင်းသို့တက်မလာနိုင်သော
သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသော ဘာသာဝင်များထံသို့
ကိုယ်တော်မြတ်ပေးပို့ရာ၌ ရဟန်းဘုန်းတော်ကြီးများနှင့်အတူ ဆုတောင်းပေးခြင်း။
(၆) လူနာများအားပရိတော်ဆီလူးတဲ့အခါ
ရဟန်းဘုန်းတော်ကြီးများနှင့်အတူ ဆုတောင်း ပေးခြင်း။
(၇) တစ်လတစ်ကြီ ဓမ္ဓဆရာများ (၂)ဦးစီတွဲကာ
ဘာသာဝင်များအိမ်သို့ အိမ်ကောင်းချီးပေး မေတ္တာရည်ဖြန်း ဆုတောင်းပေးခြင်း။
(၈) တစ်လတစ်ကြိမ် အတူတကွဝတ်စောင့်ခြင်း။
(၉) ဓမ္ဓဆရာများသည် ကိုယ်ကျရာရပ်ကွက်၊
ကျေးရွာအသီးသီးနှင့် ဆုတောင်းဖွဲ့အသီးသီး၌ ပါဝင်နေထိုင်ကြသော ဘာသာဝင်များကို
ဝိညာဉ်ရေး၊ လူမှုရေးကဏ္ဍများတွင် လမ်းညွန်ဦးဆောင်မှုပြုကာ တတ်အားသရွေ့
ပါဝင်ဆောင်ရွက်လျက်ရှိကြပါသည်။
(၁၀) မိသားစုနှစ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ASIPA
နည်းကိုအသုံးပြု၍ စိန်မေရီ ကယ်သီဒြယ်ဘာသာဝင်များထံသို့
သမ္ဓာကျမ်းစာဝေမျှပေးခြင်း။
(၁၁) မိသားစုများအား သင်တန်းပေးသည့်နေရာတွင်
ပါဝင်သင်တန်းပို့ချပေးခြင်း။