Hello Everyone! My Page is still under construction! Thank You for your visit.

စိန်မဿဲရပ်ကွက်၏ လှုပ်ရှားဆောင်ရွက်ချက်များ

 စိန်မဿဲရပ်ကွက်၏ လှုပ်ရှားဆောင်ရွက်ချက်များ

          (က)    ဝိညာဥ်ရေးက@

၁။      ဘုရားကျောင်းတွင် အလှည့်ကျတာဝန်ကျတိုင်း ရပ်ကွက်ဖခင်/ မိခ်များမှ ကျမ်းစာဖတ်ခြင်း၊ လူငယ်များမှ ဆာလံသီချင်းသီဆိုခြင်း၊ ပူဇော်သက္ကာရများ ယူဆောင်လာခြင်း၊ ဘုရားကျောင်း သန့်ရှင်းရေး ပြုလုပ်ခြင်းများကို ဆောင်ရွက်ပါသည်။

၂။       ရပ်ကွက်အတွင်း နာရေးရှိပါက ဓမ¨ဆရာများဦးဆောင်ပြီး ချက်ချင်းသွားရောက်í ဆုတောင်း ပေးကာ သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားပါသည်။

၃။      ဆေးကြောခြင်း၊ စက္ကရမင်တူးခံယူမည့် ကလေးသူငယ်များနှင့် လက်ထပ်ထိမ်းမြှားခြင်း                                    ခံယူမည့်သူများကို တာဝန်ခံဓမ္မဆရာများမှ ဘုရားစကားသင်ကြားပေးကာ ယုံကြည်စိတ်ချမှသာ သက်ဆိုင်ရာ ကျောင်းထိုင်ဘုန်းတော်ကြီးထံသို့ လှောက်ထားပေးကာ စက္ကရမင်တူးများခံယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါသည်။

၄။      ရပ်ကွက်အတွင်းရှိသော ကလေးသူငယ်မူကြိုအဆင့်များကို ဓမ္မဆရာ (၁)ဦးမှ တာဝန်ယူကာ သံတံတားရပ်ကွက်တွင် ဘုရာစကားသင်ကြားပေးပါသည်။

၅။      အောက်တိုဘာလ စိပ်ပုတီးစိပ်သောလတွင် ရပ်ကွက်ခေါင်းဆောင်များမှဦးဆောင်ပြီး အကွက်အလိုက် လကုန်သည်အထိ စိပ်ပုတီးစိပ်ပြီး ဆုတောင်းကြပါသည်။

၆။      ကလေးသူငယ်များအား စက္ကရမင်းတူးများ ခံယူရရှိနိုင်ရန်အတွက် ရပ်ကွက်အတွင်း ဓမ္မဆရာများနှင့် ဂေါပကလူကြီးများဦးဆောင်မှုဖြင့် ၂ဝ၂၃ ခုနှစ်၊ ဇွန်လအထိ ဘုရားစကားသင်ကြားပေးပါသည်။

၇။      တစ်လလျှင် လ၏ပထမပတ်တိုင်း ရပ်ကွက်အတွင်းရှိ ဘာသာတူများ ဓမ္မဆရာ (၃)ဦး           ဦးဆောင်မှုဖြင့် ဆုတောင်းကြပါသည်။