၁။ စိန်မဿဲရပ်ကွက်ဆောင်ပုဒ် -
ရှင်မဿဲ ၆း၃၃ ''ဘုရားသခင်နိုင်ငံတော်နှင့် ကိုယ်တော်၏
ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာ ရှာကြလော့။ ထိုအခါ သင်တို့အား ထပ်လောင်းí ပေးသနားတော်မူလိမ့်မည်။
၂။ ရည်ရွယ်ချက် -
စိန်မဿဲရပ်ကွက် သာသနာ့အကျိုးတော်ဆောင်အဖွဲ့၏
ဦးတည်၊ ရည်ရွယ်ချက်မှာ အတိတ်နှင့် ပစ္စုပ္ပန်ကာလ အတွေ့အကြုံများကို အခြေခံသုံးသပ်ပြီး
ဘာသာတူများ၏ ဝိညာဥ်ခွန်အား၊ ကာယ ခွန်အားများကို တစ်နှစ်ထက်တစ်နှစ် ဖွံ့ဖြိုးတိုးတက်ရှင်သန်လာနိုင်ရန်
ရည်ရွယ်ထားပါသည်။
၃။ အိမ်ခြေနှင့်
လူဦးရေ -
စိန်မဿဲရပ်ကွက်သည် အကွက်ငယ် (၁၂)ကွက်ဖြင့်
ဖွဲ့စည်းပြီး ၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်ထိ စာရင်းအရ အိမ်ခြေ (၁၄၈)အိမ်နှင့် လူဦးရေ
(၇၆၈)ဦးရှိကြောင်း အစီရင်ခံအပ်ပါသည်။
စိန်မဿဲရပ်ကွက်သည် တာဝန်ခံဓမ္မဆရာများ၏ လမ်းညွှန်မှုဖြင့် ဖခင်၊ မိခင်၊ လူငယ် အဖွဲ့ဟူ၍ အဖွဲ့အစည်း (၃)ဖွဲ့ ဖွဲ့စည်းပါသည်။