Hello Everyone! My Page is still under construction! Thank You for your visit.

7. Rev. Fr. Msgr. Martin Suan Khan Mung (2007 – 2017)

(က) အဆောက်အဦပြင်ဆင်ခြင်း

            ၂ဝဝ၇ ခုနှစ်တွင် Rev. Fr. Martin Suan Khan Mung သည် မိုင်နွဲ ဓမ္မကောလိပ်မှ စိန်မေရီသို့ ပြောင်းရွှေ့လာပြီး ဘုန်းတော်ကြီးနေအိမ်အသစ်ကို ဆက်လက်ဆောက်လုပ်ကာ သပ်ရပ်လှပစွာ အပြီးသတ်ခဲ့သည်။ ၎င်းအပြင် ဘုန်းတော်ကြီးနေအိမ်အဟောင်းကိုလည်း အတွင်းအပြင်အားလုံး လှပစွာ ပြုပြင်မွမ်းမံခဲ့သည်။ ထို့ပြင် ဘုရားရှိခိုးကျောင်းတော်ကြီးကိုလည်း အတွင်းနှင့်အပြင် အင်္ဂတေများ ပြန်ခွာ၍ အောက်ပိုင်းကို ကြွေပြားခင်းပြီး အပေါ်ပိုင်းကိုလည်း သပ်ရပ်စွာ ပြန်လည်မွမ်းမံပေးခဲ့သည်။

 

() သာသနာရေး ဆောင်ရွက်ချက်များ

            တနင်္ဂနွေနေ့တိုင်း မြန်မာဘာသာစကားဖြင့် တစ်ကြိမ်၊ တီးတိန် ချင်းဘာသားစကားဖြင့် တစ်ကြိမ် မစ္ဆားနှစ်ကြိမ် ရှိပါသည်။ တနင်္ဂနွေနေ့ ညနေပိုင်းတွင် စိပ်ပုတီးစိပ်ခြင်း၊ ကိုယ်တော်မြတ်ဖူးခြင်းနှင့် ကိုယ်တော်မြတ်ကောင်းကြီးပေးခြင်း ပုံမှန်ရှိပါသည်။                                                                            

           ရပ်ကွက်ကြီး () ကွက်တွင် တနင်္ဂနွေနေ့ည်တွင် ရပ်ကွက်အလိုက် ဆုတောင်းအစည်းအဝေးများ ပြုလုပ်ကြပါသည်။ စနေနေ့ ညပိုင်းတွင် အာပတ်ဖြေသူ များပြားသဖြင့် တစ်ခါတရံ () နာရီကြာ ဘုန်းတော်ကြီးမှ အာပတ်ဖြေ နားထောင်ပါသည်။                    

                                                                                                    

        ဓမ္မဆရာများ၊ စီရင်စုဝန်ထမ်းများနှင့် မူကြိုဆရာမများ စုပေါင်း၍ ပထမစနေနေ့တိုင်း ဝတ်စောင့်ခြင်း ပြုလုပ်ခဲ့ပါသည်။ ဟားခါးသာသနာ သမ္မာကျမ်းစာ တမန်တော်လုပ်ငန်း တာဝန်ခံဖြစ်သော Rev. Fr. Lucia Hre Kung ဦးဆောင်မှုဖြင့် စိန်မေရီဘုရားရှိခိုးကျောင်းတွင် ကျမ်းစာတော်မြတ် ပလ္လင်တင်ခြင်း ပြုလုပ်ခဲ့သည်။ အပတ်စဉ် စနေနေ့တိုင်း ရပ်ကွက်အလိုက် စိန်ဂျိုးဇက်သီလရှင်များနှင့် Servite သီလရှင်များက သင်ကြားပေးသည်။ နှစ်စဉ် သင်္ကြန်ရက်အတွင်း ကလေးသူငယ်များကို ဘုရားကျောင်း၌ ညအိပ်စခန်းသွင်း၍ ဘုရားစကား သင်ကြားပေးပါသည်။ ဖခင်များဝတ်စောင့်ခြင်၊ မိခင်များဝတ်စောင့်ခြင်းများကိုလည်း ဇွန်လအတွင်း သီးခြားစီ ပြုလုပ်ပါသည်။

စိန်မေရီစီရင်စုအတွင်း အိမ်ထောင်စုတိုင်းတွင် ဆယ်ဖို့တစ်ဖို့ထည့်ဝင်နိုင်ရန် စုဘူးများထားရှိ၍ နှစ်လတစ်ကြိမ် ဆယ်ဖို့တစ်ဖို့ကို စီရင်စုရုံးသို့ ပေးပို့ရပါသည်။ ဤကဲ့သို့ ဆယ်ဖို့တစ်ဖို့ ပေးပို့သည့်အခါတိုင်း ကျေးရွာနှင့် ရပ်ကွက် တာဝန်ခံဓမ္မဆရာများနှင့် သာသနာ့အကျိုးတော်ဆောင် လူကြီးများ အစည်းအဝေးပြုလုပ်ခြင်း၊ ဝတ်စောင့်ခြင်းများလည်း ပြုလုပ်ပါသည်။

၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှ မတ်လ () ရက်နေ့ထိ ကလေးမြို့၊ ဆရာတော်ကျောင်းတိုက်တွင် ယခင် KMSS National Director Joseph Hang Khan Pau ဦးဆောင်၍ Problem Identification and VMG Formalation Seminor တွင် စိန်မေရီကယ်သီဒြယ်မှ Rev. Fr. Martin Suan Khan Mung အပါ ကိုယ်စားလှယ် (၁ဝ) ဦး တက်ရောက်၍ စိန်မေရီကယ်သီဒြယ်၏ VMG ကို ရေးဆွဲခဲ့ပါသည်။

၂ဝ၁၂ ခုနှစ်တွင် အီးဗွီကော်မတီနှင့် မိသားစုကော်မတီဖွဲ့စည်း၍ ရပ်ကွက်ကြီး သုံးရပ်ကွက်အတွင်း အလှည့်ကျ သွးရောက် အသီးသီးဟောကြားပါသည်။ စာပေကဏ္ဍလည်း ကြိုးစားအားထုတ်ကာ ထုတ်ဝေခဲ့ပါသည်။ နှစ်ပတ်တစ်ကြိမ် ရောင်ခြည်တော် ထုတ်ဝေခဲ့သည့်အပြင် အီးဗွီလှုပ်ရှားမှုနှင့် ပတ်သက်သော ဟောပြောချက်များကို တီးတိန်ချင်းစာဖြင့် Phalvak စာစောင်ထုတ်ခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် Fr. Lucas Khai, ဓမ္မဆရာ David Pau Bawk နှင့် လူငယ်များ ကြိုးပမ်းမှုဖြင့် ကံစမ်းမဲလက်မှတ်များ ရောင်းချ၍ စိန်မေရီကယ်သီဒြယ် ကျောင်းတော်ကြီး၏ ဘွဲ့နာမပွဲနေ့ဖြစ်သော ဒီဇင်ဘာလ ()ရက် အပြစ်မဲ့သန္ဓေယူသော သခင်မပွဲနေ့တွင် ဖွင့်လှစ်ရာ အထူးအောင်မြင်မှု ရရှိပါသည်။

 

() စိန်မေရီကယ်သီဒြယ်ဘုရားကျောင်းကြီး ပြုပြင်မွမ်းမံခြင်း

            စိန်မေရီကယ်သီဒြယ် ဘုရားကျောင်းတော်ကြီးသည် ကလေးမြို့တွင် အကြီးဆုံးနှင့် အမြင့်ဆုံးသော အဆောက်အဦးဖြစ်၍ ကလေးမြို့၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်းသည်လည်း ယခင်က စိန်မေရီ ကက်သလစ်အသင်းတော်ပိုင်ကျောင်းဖြစ်ပြီး၊ ယနေ့ထိတိုင် အမှတ်() အခြေခံပညာ အထက်တန်းကျောင်းကို စိန်မေရီကျောင်းဟူ၍ လူသိများနေဆဲဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ အချိန်ကာလရွေ့လျားလာသည်နှင့်အမျှ စိန်မေရီဘုရားရှိခိုးကျောင်းတော်ကြီးသည်လည်း ကလေးကက်သလစ် သာသနာပိုင် ဆရာတော်ကြီး ရုံးစိုက်ရာ ကယ်သီဒြယ်ဘုရားရှိခိုးကျောင်း ဖြစ်လာခြင်းနှင့် ဘုရားရှိခိုးကျောင်းအား ပိုမိုခမ်းနားထည်ဝါစေရန် အကြီးစား ပြုပြင်မွမ်းမံရန် လိုအပ်လာပါသည်။ သို့ဖြစ်၍ စိန်မေရီဘုရားရှိခိုးကျောင်း ပြုပြင်မွမ်းမံချိန်အတွင်း ဘာသာဝင်များ ကောင်းကောင်းမွန်မွန် ဘုရားရှိခိုးနိုင်ရန် ၂ဝ၁၃ ခုနှစ်ကတည်းက ပြင်ဆင်ပြီး ဂျူဘီလီအဆောင် နှစ်ထပ်ဆောင် တစ်ဆောင်ကိုလည်း အုတ်မြတ်ချဆောက်လုပ်ခဲ့ပါသည်။ဘုရားကျောင်း ပြုပြင်မွမ်းမံချိန် အတောအတွင်း ဘာဝင်များအား စိန်မာဿဲရပ်ကွက်၊ စိန်မာကုရပ်ကွက်၊ စိန်လုကာရပ်ကွက် ဟူ၍ အလှည့်ကျ ဝတ်ပြုကိုးကွယ်မှုကို ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် ကလေးကက်သလစ် သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီး Felix Lian Khen Thang ထောက်ပံ့မှု၊ စိန်မေရီကယ်သီဒြယ် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Martin Suan Khan Mung ကြိုးစားမှုနှင့် ရပ်နီးရပ်ဝေးမှ ဘာသာဝင်များ၏ ပါဝင်လှူဒါန်းမှုတို့ဖြင့် စိန်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်းတော်ကြီးအား သံထည်သံဘောင်များဖြင့် အကြီးစား ပြုပြင်မွမ်းမံမှု ပြုလုပ်နိုင်ခဲ့ပါသည်။

 

() ရေဘေးသင့် ဒုက္ခသည်များအား ကူညီပေးခြင်း

            ၂ဝ၁၅ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလေးကက်သလစ် သာသနာအတွင်းရှိ ကလေးမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်များတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်၍ လူနေအိမ်များနှင့် လယ်ယာမြေများ ဆုံးရှုံးမှု ဖြစ်ပေါ်လာခဲ့သည်။ အထူးသဖြင့် ကလေးမြို့အတွင်း အောင်မင်္ဂလာရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်နှင့် ချမ်းမြေ့အောင်စည်ရပ်ကွက်များတွင် လူနေအိမ်များ ရေကြီး နစ်မြုပ်သဖြင့် ရေဘေးဒုက္ခသည်များအား ကူညီပေးနိုင်ရန် (၁၄..၂ဝ၁၅) ရက်နေ့တွင် စိန်မေရီကယ်သီဒြယ်မှ ရေဘေးကယ်ဆယ်ရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်။

1. Rev. Fr. Nicholas Cin Kam Thang                       နာယက

2.  Cate. Jude Hau Do Khup                                      ဥက္ကဌ

3. Cate. David Thang Khaw Lian Pau                     ဒု-ဥက္ကဌ

4. Joseph Tuan Khan En                                            အတွင်းရေးမှူး

5. Cate. Joannes Go Kho Thang                               အဖွဲ့ဝင်

6. Augustine Pum Za Dal                                          အဖွဲ့ဝင်

 

ဖော်ပြပါ ရေဘေးကယ်ဆယ်ရေးအဖွဲ့သည် ကလေးမြို့အတွင်း ရေနစ်မြုပ်သည့် ရပ်ကွက်များနှင့် လူနေအိမ်များသို့ သွားရောက်၍ အမှိုက်များနှင့် ရွံ့နွံများ ရှင်းလင်းဆေးကြောကာ ကူညီဆောင်ရွက်ပေးပါသည်။ ထို့အပြင် ကလေးကက်သလစ်သာသနာလုံးဆိုင်ရာ ရေဘေးကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ အခြေခံစားကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် ငါးခြောက်များ၊ အဝတ်အထည်များနှင့် အခြားအသုံးအဆောင် ပစ္စည်းများ ပံ့ပိုးပေးခြင်း၊ အခမဲ့ ဆေးဝါးကုသပေးခြင်းများ ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ရေကြီးနစ်မြုပ် နေစဉ်အတွင်း ရေဘေးဒုက္ခသည် (၁ဝဝ) ခန့်ကို စိန်မေရီဘုရားရှိခိုးကျောင်းတွင် ခုံလှုံနေထိုင်ခွင့် ပေးခဲ့ပါသည်။

 

 () ဘာသာရေးပွဲတော်များ ကျင်းပခြင်း

            Rev. Fr. Maximilian Pau Sian Mung နှင့် Rev. Fr. John Ca Thang တို့၏ ရဟန်းသိက္ခာတင်ပွဲကို (..၂ဝ၁၈) နေ့တွင် ကြာအင်းကျေးရွာ၌ ပြုလုပ်ခဲ့ပါသည်။ နှစ်စဉ် မိဘပွဲ (စိန်ဂျော်ကင်းနှင့် စိန်အာနားပွဲ) မိဘများအား ဂုဏ်ပွဲကို ပြုလုပ်ခဲ့ပါသည်။ နှစ်စဉ် စက်တင်ဘာလ () ရက်နေ့တွင် ဗေလန်ကန်နီ ကျန်းမာခြင်း မယ်တော်ပွဲကို နိုဗီနာ ဆုတောင်းခြင်း နှင့်တကွ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။                                                                        နိုဝင်ဘာ (၁၁) ရက်နေ့ စိန်မာတင်းပွဲနေ့တွင် Msgr. Martin Suan Khan Mung ကို ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ပါသည်။ ထိုနည်းတူ နိုဝင်ဘာလ (၃ဝ) ရက် စိန်အန္ဒြူပွဲနေ့တွင်လည်း လက်ထောက်ဘုန်းတော်ကြီး Fr. Andrew Cin Go Lian အား ဂုဏ်ပြုပွဲပြုလုပ်ပါသည်။

စိန်မေရီဘုရားရှိခိုးကျောင်း၏ ဘွဲ့အမည်ခံဖြစ်သော မယ်တော်၏ အပြစ်မဲ့သန္ဓေယူသော ဒီဇင်ဘာလ () ရက်နေ့တွင်လည်း နိုဗီနာပြုလုပ်၍ အထူးဆုတောင်းပွဲ ပြုလုပ်ပါသည်။ နှစ်စဉ် ခရစ္စမတ်ပွဲကိုလည်း အထူးနိုဗီနားဆုတောင်းခြင်းဖြင့် ကြိုတင်ပြင်ဆင်ပြုလုပ်၍ စည်ကားသိုက်မြိုက်စွာ ဘာသာဝင်များအားလုံး မိတ်ဆုံစားပွဲ ကျင်းပပြုလုပ်ပါသည်။

Msgr. Martin Suan Khan Mung မှ စိန်မေရီကယ်သီဒြယ်တွင် ဒီဇင်ဘာ (၂၃) ရက်နေ့ရောက်တိုင်း ကလေးသာသနာဂိုဏ်းအုပ် ဆရာတော်မှ တည်ခင်းသော ခရစ္စမတ်မိတ်ဆုံစားပွဲကို ဆရာတော်ကိုယ်စား နှစ်စဉ် ပြုလုပ်ပါသည်။ ၎င်းမိတ်ဆုံစားပွဲတွင် တပ်မတော်မှ အရာရှိကြီးများ၊ အစိုးရဌါနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် ဂိုဏ်းပေါင်းစုံမှ သာသနာ့အကျိုးဆောင်လူကြီးများ စုံညီစွာ ဖိတ်ကြားပြီး ခရစ္စမတ်အကြို မိတ်ဆုံစားပွဲကို ပြုလုပ်ခဲ့သည်။

 

() စိန်မေရီ ဘုရားရှိခိုးကျောင်းတော်ကြီး ဆောက်လုပ်ခြင်း၊ (၂၅) နှစ်ပြည့် ဂျူဗလီပွဲတော်ကြီး ကျင်းပခြင်း

            စိန်မေရီဘုရားရှိခိုးကျောင်းမြေကွက်ကို ၁၉၅၈ ခုနှစ်တွင် တာဟန်းမှ Fr. John U Maung Galay က ဝယ်ယူထားခဲ့ပြီး၊ ၁၉၅၉ ခုနှစ်တွင် ပြင်သစ်သာသနာပြု ဘုန်းတော်ကြီး Fr. Joseph Dixneuf စတင် သီတင်းသုံး နေထိုင်ခဲ့ပါသည်။ Fr. Dixneuf အနေဖြင့် ဘုရားရှိခိုးကျောင်း ဆောက်လုပ်ခြင်းထက် တောင်ပေါ်ဒေသရှိ ချင်းလူငယ်များနှင့် ကလေးကဘော်ဒေသရှိ ချင်း/မြန်မာလူငယ်များ၏ ပညာရေးကို အထူးအာရုံစိုက်သဖြင့် စာသင်ကျောင်းနှင့် ရဟန်းဘုန်းတော်ကြီး၏ နေအိမ်များကို ဦးစားပေး ဆောက်လုပ်ခဲ့ပါသည်။ ထို့ကြောင့် ၁၉၅၉ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ နှစ်ပေါင်း (၃၀) တိုင်အောင် အဆင်ပြေသလို ယာယီဘုရားရှိခိုးကျောင်းဆောင်များတွင် ဝတ်ပြုခဲ့ကြပါသည်။

            ဤကဲ့သို့ ယာယီဘုရားကျောင်းများတွင် ဘုရားဝတ်တက်ရာမှ ၁၉၈၉ ခုနှစ်တွင် ကျောင်းထိုင် Fr. Canute U Lun Aung လက်ထက်တွင် ယခုလက်ရှိ ဘုရားရှိခိုးကျောင်းတော်ကြီးကို အပြီးသတ်ဆောက်လုပ်နိုင်ခဲ့ပါသည်။ သို့ဖြစ်၍ တိုက်တိုက်ဆိုင်ဆိုင် ၂ဝ၁၄ ခုနှစ်တွင် ဘုရားရှိခိုးကျောင်းတော်ကြီးအား အကြီးစားပြုပြင်မွမ်းမံမှု ပြီးစီးချိန်တွင် ကျောင်းတော်တည်ဆောက်ခြင်း (၂၅) နှစ်ပြည့်သည်ဖြစ်၍ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ () ရက် အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော်သခင်မပွဲနေ့ နံနက်တွင် ဂျုဗလီမစ္ဆားတရားပူဇော်ပြီး ညနေပိုင်း၌ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမ္မဆရာများ၊ သာသနာ့အကျိုးတော်ဆောင်လူကြီးများ၊ ရပ်ကွက်မှ အကွက်မှူးများ၊ အလှူရှင်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ မိတ်ဆုံစားပွဲ ကျင်းပခဲ့ပါသည်။

 

() ဘုရားသခင်၏ သနားကြင်နာခြင်း ဂျုဗလီနှစ်ဖွင့်ပွဲကျင်းပခြင်း

            ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ () ရက် အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော်သခင်မပွဲနေ့ တစ်နည်းအားဖြင့် စိန်မေရီကယ်သီဒြယ် ကျောင်းတော်ကြီး၏ ဘွဲ့အမည်ပွဲနေ့တွင် စိန်မေရီကယ်သီဒြယ် ကျောင်းတော်ကြီး၌ ကလေးကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော်ကြီး Felix Lian Khen Thang မှ ဘုရားသခင်၏ သနားကြင်နာခြင်း ဂျူဗလီဖွင့်ပွဲမစ္ဆားတရား ပူဇော်ပေးပါသည်။

 

() လူမှုရေးလုပ်ငန်းများ

1.    သာဇီကျေးရွာနှင့် စခန်းကြီးကျေးရွာများတွင် တွဲဖက် မူလတန်းကျောင်းများ ဖွင့်လှစ်ထားပြီး ဆရာမ () ဦးအား စီရင်စုမှ လစာထောက်ပံ့ပေးပါသည်။

2.    နှစ်စဉ်နှစ်တိုင်း တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/သူများအား ဂုဏ်ပြုလွှာနှင့် ငွေကြေးလက်ဆောင်များ ပေးနိုင်ခဲ့သည်။

3.    နှစ်စဉ်နှစ်တိုင်း မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း ကျောင်းသား/သူ (၂ဝ) ဦးအား ကျောင်းသုံးစာအုပ်များဖြင့် ကူညီထောက်ပံ့နိုင်ခဲ့ပါသည်။

4.    စိန်မေရီ ဘုရားကျောင်းဘော်ဒါတွင် နှစ်စဉ် ကျောင်းသားပေါင်း (၆ဝ) ယောက် လက်ခံထားခဲ့သည်။

5.    နှစ်စဉ် စိန်မေရီ မူကြိုကျောင်းအပြင် စခန်းကြီး၊ ကံဦးနှင့် ကြာအင်းကျေးရွာများတွင်လည်း မူကြိုကျောင်း ထားရှိပြီး ဆရာ/ များကိုလည်း ထောက်ပံ့ကူညီခဲ့သည်။

6.    ၂ဝဝ၈၊ ၂ဝဝ၉၊ ၂ဝ၁ဝ၊ ၂ဝ၁၁ ခုနှစ်အတွင်း ခရစ်ယာန်ဂိုဏ်းပေါင်းစုံပါဝင်သော Zofa ဘောလုံးပြိုင်ပွဲတွင် () နှစ်ဆက်တိုက် ပထမဆုရရှိခဲ့သည်။

7.    ခရစ်ယာန်အသင်းတော်များ တစ်လုံးတစ်ဝတည်းဖြစ်ရေးအတွက် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ (၁၈) မှ (၂၅) ရက်အတွင်း အထူးဆုတောင်းပွဲများတွင် ပါဝင်ခဲ့သည်။

8.    ၂ဝဝ၈ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ (MCC) နှင့် ကလေးနယ် ခရစ်ယာန်အသင်းတော်များကောင်စီ (KCC) တို့၏ ဖိတ်ကြားချက်အရ စိန်မေရီစီရင်စု ကျောင်းထိုင်ဘုန်းတော်ကြီး Msgr. Martin Suan Khan Mung သည် ရဟန်းမင်းကြီး John Paul II စာချွန်တော် Ut Unum Sint ရှင်းလင်းဝေမျှခွင့် ရရှိခဲ့ပါသည်။

9.    စိန်မေရီကယ်သီဒြယ် ကျောင်းထိုင်ဘုန်းတော်ကြီး Msgr. Martin Suan Khan Mung ဆောက်လုပ်ခဲ့သောအရာများ

1)    ရဟန်းဘုန်းတော်ကြီးနေအိမ်အသစ် အပေါ်ထပ်ဆက်၍ ဆောက်လုပ်ခြင်း၊

2)    စိန်မေရီဓမ္မာရုံ နှစ်ထပ်ဆောင် ဆောက်လုပ်ခြင်း၊

3)    မယ်တော်ဗိမ္မာန် ဆောက်လုပ်ခြင်း၊

4)    မယ်တော့်ရင်ပြင် အုတ်အကျင်းခင်းထားခြင်း၊

5)    စိန်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်းအတွင်းအပြင်ကို သပ်ရပ်လှပစွာ မွမ်းမံခြင်း၊ ကြွေပြားခင်းခြင်း၊ အပေါ်သွပ်ပြားခွာ၍ အသစ်လှဲခြင်း၊