စိန်မေရီကယ်သီဒြယ်ကျောင်းတော်ကြီး၏ မူလကျောင်းထိုင်ဘုန်းတော်ကြီး Msgr. Martin Suan Khan Mung မှ ကျောင်းထိုင်ဘုန်းတော်ကြီး အသစ် Fr. Dominic Savio Thang Suan Lang သို့ အလုပ်တာဝန် လွှဲပြောင်းခြင်းအခမ်းအနားကို ၂ဝ၁၇ ခုနှစ်၊ မေလ (၂၁) ရက် တနင်္ဂနွေနေ့ ဒုတိယမစ္ဆားမစတင်မီ ဘာသာတူများ ရှေ့မှောက်တွင် ပြုလုပ်ပါသည်။ ထိုအချိန်မှစ၍ Fr. Dominic Savio Thang Suan Lang သည် အောက်ပါလုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
(၁) ၂ဝ၁၇ ခုနှစ်အတွင်း လုပ်ဆောင်ချက်များ
၁။ ဘုန်းတော်ကြီးနေအိမ် အမိုးအသစ်လဲလှယ်ပြုပြင်ခြင်း
၂။ Jubilee Hall နှင့် ကပ်လျက်နေရာတွင် ပွဲလမ်းသဘင်များတွင် မိခင်များချက်ပြုတ်နိုင်ရန် မီးဖိုဆောင် ဆောက်လုပ်ပေးခဲ့သည်။
၃။ ဘုရားရှိခိုးကျောင်းဝင်ပေါက်များတွင် အလှူရှင်များ ပေးလှူဒါန်းငွေဖြင့် စတီးလက်ရန်းများ တပ်ဆင်ပေးခဲ့သည်။
၄။ ဘုရားကျောင်းထဲ ဝတ်ပြုသည့်အခါ သီချင်းစာသားများ ထိုးပြနိုင်ရန် တီဗွီဖန်ပြားကြီး ခြောက်ခုတပ်ဆင်ပေးသည်။
၅။ ဘုန်းတော်ကြီးများ အဝတ်လှဲခန်းတွင် အရေးပေါ်ကျန်းမာရေးအတွက် အလေးအပေါ့သွားရန် သန့်စင်ခန်း ဆောက်လုပ်ပေးသည်။
၆။ ဦးသက်ဇော်ဦး မိသားစုမှ လှူဒါန်းသော Angelus ခေါင်းလောင်စင် ဆောက်လုပ်ပေးသည်။
၇။ ယခင်က နှစ်လတစ်ကြိမ် ကောက်ခံသော ဆယ်ဖို့တစ်ဖို့ကို တစ်လတစ်ကြိမ် ကောက်ခံသည်။
၈။ သာသနာ့အကျိုးဆောင်အဖွဲ့များမှ ငွေထိန်းနှင့် စာရင်းစစ်များကို လက်တွေ့ခန့်အပ်တာဝန်ပေးသည်။
၉။ ကျီကုန်းမှ မုဆိုးဖို Pa Hang Za Lian အတွက် နေအိမ်ဆောက်လုပ်ပေးသည်။
(၂) ၂ဝ၁၈ ခုနှစ်အတွင်း လုပ်ဆောင်ချက်များ
၁။ မိခင်အဖွဲ့၏ ချက်ပြုတ်ဆောင်ကို တိုးချဲ့ဆောက်လုပ်၍ တမံသလင်းခင်းပေးခဲ့သည်။
၂။ ရဟန်းဘုန်းတော်ကြီးများ၏ ဝတ်ပြုရန်ပြင်ဆင်ခန်းကို မျက်နှာကျက် အသစ်ရိုက်ပြီး ကြမ်းပြင်ကို ကြွေပြားခင်း၍ နံရံကို ဆေးသုတ်မွမ်းမံခဲ့ပါသည်။
၃။ ဦးသက်ဇော်ဦးမိသားစုမှ ဆောက်လုပ်လှူဒါန်းခဲ့သော အန်ဂျေလူးခေါင်းလောင်းစင်ကို ဆောက်လုပ်ပြီးစီး၍ ကောင်းကြီးပေးခဲ့သည်။
၄။ ဘုန်းတော်ကြီးနေအိမ်နှင့် နှစ်ထပ်နံကပ်တိုက် (ဆိုင်ခန်း) ကြားတွင် ကားဂိုဒေါင် ဆောက်လုပ်ပြီးစီးခဲ့သည်။
၅။ ဘုရားကျောင်းဝန်းအရှေ့ဘက်နှင့် အနောက်ဘက် အုတ်တံတိုင်းပေါ်တွင် လုံခြုံရေး သံဆူးကြိုးများဖြင့် ကာရံခဲ့ပါသည်။
၆။ ဦးစန်းနိုင်တို့မိသားစု၏ အလှူဒါနဖြင့် ကိုယ်တော်မြတ်ဗိမာန်တော် ဆောက်လုပ်ရန်အတွက် အုတ်မြတ်ချ စတင်ခဲ့ပါသည်။
၇။ စိန်မေရီဘုရားကျောင်း ဓမ္မာရုံတံခါးနှင့် ပြတင်းပေါက်များတွင် ခြင်လုံသံဇကာများ တပ်ဆင်ပြုပြင် မွမ်းမံခြင်း၊ စားပွဲနှင့် ထိုင်ခုံရှည် အသစ်တိုးချဲ့ခြင်း များကို ပြုလုပ်ခဲ့ပါသည်။
(၃) ၂ဝ၁၉ ခုနှစ်အတွင်း လုပ်ဆောင်ချက်များ
၁။ စိန်မေရီကယ်သီဒြယ် ဘုရားကျောင်းရင်ပြင်၌ အုတ်ခဲခင်းရန် ကျန်ရှိနေသောနေရာများ၌ အုတ်ခဲအပြည့် ခင်းခြင်း
၂။ ဦးစန်းနိုင် + ဒေါ်တင်တင်မိုး မိသားစုမှ လှူဒါန်းဆောက်တည်ခဲ့သော ကိုယ်တော်မြတ်ဗိမာန်တော်အား ပြီးစီး၍ ၁ဝ.၉.၂ဝ၁၉ ရက်နေ့တွင် ကလေးသာသနာပိုင် ဆရာတော်ကြီး Felix Lian Khen Thang မှ ကောင်းကြီးပေးဖွင့်လှစ်ခဲ့သည်။
၃။ စိန်မေရီ ဘော်ဒါကျောင်းသားများ အသုံးပြုနေသော ရေချိုးကန်အဟောင်းကိုဖျက်၍ အသစ် ဆောက်လုပ်ခြင်း
၄။ စိန်မေရီဘော်ဒါကျောင်းသားများ၏ ထမင်းစားဆောင်အား တိုးချဲ့ဆောက်လုပ်ခြင်း
၅။ စိန်မေရီဘုရားကျောင်း၏ ဂျုဗလီခန်းမဆောင်အပေါ်ထပ်အား မျက်နှာကြတ်ပြုလုပ်၍ ဆေးသုတ်ခြင်း
၆။ Albert ဦးလျံဘွိုင်း + Elizabeth ဒေါ်ဒိတ်လွန်း၊ John Kam Sian Khai (Zo Sunni) မိသားစုမှ လှူဒါန်းသော စိန်မေရီကယ်သီဒြယ်ဘုရားကျောင်း မုခ်ဦး (အကျယ် ၁၄ ပေ၊ အမြင့် ၁၆ ပေ) အား ဆောက်လုပ်နိုင်ခဲ့သည်။
၇။ စိန်မေရီဘုရားကျောင်းတော်ကြီး တမံသလင်းကို ကြွေပြားကပ်ခင်းကျင်းရန် စီမံဆောင်ရွက်ခြင်း
(၄) ၂ဝ၂ဝ ခုနှစ်အတွင်း လုပ်ဆောင်ချက်များ
၁။ ဘုရားကျောင်းအတွင်း ကြွေပြားခင်းခြင်း
၂။ ဂျူဗီလီခန်းမဆောင် ကြွေပြားခင်းခြင်း၊ နံရံကြွေပြားကပ်ခြင်း နှင့် မီးလှိုင်းပြင်ဆင်ခြင်း
၃။ ဓမ္မာရုံစာသင်ခန်းများအား မိုးပက်ခြင်းမှ ကာကွယ်ရန် သွပ်မိုး၍ ပယပ်ထိုးဆောက်လုပ်ခြင်း
၄။ ဟောင်းနွမ်းပျက်စီးနေသော ဘုရားကျောင်းထိုင်ခုံများနှင့် ဒူးထောက်ခုံများကို မွမ်းမံပြုလုပ်ခြင်း
၅။ ဘုရားကျောင်းအဝင်ပေါက် မြောင်းတံတားနှင့် အဝင်ပေါက်လမ်း ကျောက်သွေးလောင်းခြင်း
၆။ ဆိုင်ခန်းများကို အမိုးသွပ်ပြားအသစ်လဲခြင်း၊ အတွင်းအပြင် ဆေးသုတ်ခြင်း၊ အပေါ်ထပ်ကြမ်းခင်း ၃’’ x ၁’’ လျှာထိုးအသစ်လဲခြင်း၊ ဆိုင်ခန်းဝရံတာပယပ် အသစ်လဲခြင်း
၇။ Thomas Kam Khan Khup (Khan no Yangon) မိသားစုမှ လှူဒါန်းသော သောက်ရေသန့်စက် ဆောက်လုပ်ခြင်း
(၅) ၂ဝ၂၁ ခုနှစ်အတွင်း လုပ်ဆောင်ချက်များ
၁။ သာသနာပိုင်ဆရာတော်ဘုရား၏ လက်တော်မှ Deacon ခြောက်ပါးအား ရဟန်းသိက္ခာတင်ပွဲ ကျင်းပခြင်း
1. Fr. Augustine Ha Khui Om
2. Fr. Augustine Thang Lian Pau
3. Fr. Francis Assisi Khai Kho Lun
4. Fr. Francis Assisi Thang Za Sing
5. Fr. Joseph Lal Vum Thawng
6. Fr. Mark Khai Khan Dal
၂။ ဘုရားစကားသင်ကြားခြင်း
၃။ Mathew Nang Za Kap မိသားစုမှ ငွေကျပ်သိန်းတစ်ရာလှူဒါန်း၍ ပါစကားပွဲတော်ကြီးကျင်းပခြင်း
၄။ စခန်းကြီး Parish သစ်ဖွင့်ပွဲကျင်းပခြင်း
၅။ လူမှုရေးယာဉ် Toyata Hiac Mini Bus ဝယ်ယူခြင်း
၆။ ဘုရားကျောင်းအတွင်း ထိုင်ခုံအသစ်ပြုလုပ်ခြင်း
၇။ ကျောင်းထိုင်ဘုန်းတော်ကြီး၏နေအိမ် ဆေးသုတ်ခြင်း
၈။ စိန်မေရီဘုရားကျောင်းအတွက် Toyota Hilux တစ်စီးဝယ်ယူခြင်း
စသည်တို့ဖြစ်ပါသည်။