Hello Everyone! My Page is still under construction! Thank You for your visit.

9. Msgr. Fr. John Deng Cin Khup (2022 -

 အဖကျောင်းထိုင်ဘုန်းတော်ကြီး Msgr. John Deng Cin Khup မိဘနှစ်ပါးမှာ Jocob Suan Za Nang နှင့် Catherine Thang Khaw Man တို့ဖြစ်ကြပြီး ၃၁..၁၉၆၂ တွင် တီးတိန်မြို့နယ် လိုင်လွီးကျွေးရွာ၌ မွေးဖွားခဲ့သည်။ ၁၁.၁၁.၁၉၆၂ တွင် Rev. Fr. Augustine U Shoe လက်တော်မှ ဆေးကြောခြင်းခံယူပြီး ၂၄..၁၉၇၂ တွင် Bishop U Ba Khine ၏လက်တော်မှ ခရစ္စမားအားပေးခြင်းခံယူခဲ့သည်။ ၂၉..၁၉၉၂ တွင် မန္တလေးမြို့၌ ဦးပဇင်းသိက္ခာကို Bishop Alphones U Than Aung လက်တော်မှခံယူပြီး ၂၁..၁၉၉၃ တွင် ဟားခါးမြို့၌ ရဟန်းသိက္ခာကို Bishop Nicholas Mang Thang လက်တော်မှခံယူခဲ့သည်။ မွေးချင်းညီအကိုမောင်နှမများမှာ Aloysius Pum En Mang (ကျောင်းဆရာ - ကွယ်လွန်) Theresa Zo Lun Niang (ကျောင်းဆရာမ) Helena Niang Saw Ciin (AGR) Michael Pau Cin Mung (Information Office) Benedicta Zin Za Muang (Midwife) Calistus Vung Sian Thang) တို့ဖြစ်ကြသည်။ Msgr. John Khup သည် မူလတန်းကို ၁၉၆၈ မှ ၁၉၇၂ ထိ လိုင်လွီးရွာတွင်လည်းကောင်း၊ အလယ်တန်းကို ၁၉၇၄ မှ ၁၉၇၆ ထိ တီးတိန်မြို့တွင်လည်းကောင်း ၁၉၇၆ မှ ၁၉၇၈ ထိ ပြင်ဦးလွင်မြို့တွင် လည်းကောင်း၊ အထက်တန်းကို ၁၉၇၉ မှ ၁၉၈ဝ ထိ ပြင်ဦးလွင်မြို့တွင်လည်းကောင်း ပညာဆည်းပူးခဲ့သည်။

တက္ကသိုလ် ပထမနှစ် မှ တတိယနှစ် (၁၉၈၂ - ၁၉၈၃) ကို ရန်ကုန်မြို့တွင်လည်းကောင်း၊ နောက်ဆုံးနှစ်      (၁၉၈၄ - ၁၉၈၅) ကို မန္တလေးမြို့တွင် တက်ရောက်ခဲ့သည်။ Steward Leadership in church of poor; Development Management corse for pastoral worker and Ecclesiastic Dipploma in Family and Life ဘွဲ့ရရှိခဲ့သည်။ Philosophy ပညာရပ်ကို ရန်ကုန် နှင့် ပြင်ဦးလွင်တို့တွင် သင်ယူခဲ့ပြီး၊ Theology ပညာရပ်ကို ပထမနှစ်မှ စတုတ္ထနှစ်ထိ ရန်ကုန်တွင် သင်ယူခဲ့သည်။ Steward Leadership နှင့် Development Management Course တို့ကို ၂ဝဝ၂ တွင် ဖီလစ်ပိုင်၊ မနီလာမြို့တွင် လည်းကောင်း၊ Marriage and Family Life ကို ၂ဝဝ၃ မှ ၂ဝဝ၅ ထိ ဖီလစ်ပိုင်၊ ဘေကိုလဒ်တွင် လေ့လာသင်ယူခဲ့သည်။ Msgr. John Deng Cin Khup သည် ၂ဝ၂၂ ခုနှစ် မေလ (၂ဝ) ရက်နေ့တွင် တီးတိန်မြို့ Assumption စီရင်စုမှ ကလေးမြို့ St. Mary's Cathedral သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။

ကျောင်းထိုင်ဘုန်းတော်ကြီး Msgr. Fr. John Khup ရောက်ရှိလာပြီးနောက် ပြုလုပ်ဆောင်ရွက်ခဲ့သော အရာများ

() မီးဖိုချောင်သုံး Gas နှင့် လျှပ်စစ်မီးဖြင့် ချက်ပြုတ်နိုင်ရန် ပြုလုပ်ပေးခြင်း

() မီးဖိုချောင်သုံး သန့်စင်ခန်း၊ အိမ်သာ ဆောက်လုပ်ပေးခြင်း

() ဘုရားကျောင်းရှေ့ အုတ်တံတိုင်း အလှူရှင် ဦးညွန့်သောင်းဖိတ်ခေါ်ပြီး အသစ်မွမ်းမံဆောက်လုပ်ပေးခြင်း

() ဘုရားကျောင်းသုံး ရဟန်းဘုန်းတော်များ ထိုင်ခုံ အသစ်လေးလုံး အလှူရယူပေးခြင်း

() ခရစ္စမတ်ကာလအတွင်း အသုံးပြုရမည့် နွားတင်းကုတ်တွင် အသုံးပြုသော သူငယ်တော်ယေဇူး ဆင်းတု

အစုံ အလှူရယူပေးခြင်း

() မစ္ဆားအတွင်း သီချင်းဦးဆောင်ရန် လူငယ်များကို ဖွဲ့စည်းပေးခြင်း နှင့် Nau Tuang အား စက်ထိန်းအဖြစ်

ခန့်အပ်ခြင်း

() မိခင်အဖွဲ့၏ အိုးခွက်ပန်းကန်အသုံးဆောင်ပစ္စည်းများ လုံခြုံစွာ သိမ်းဆည်းနိုင်ရန်

ဗီရိုများပြုပြင်ပေးခြင်း

() ဘုရားကျောင်းရှေ့ အလှပန်းပင်များ စိုက်ပျိုးခြင်း

() လူငယ်များအား Solfa, Keyboard, Music ဆရာအား ခေါ်ယူ၍ သင်တန်းပေးခြင်း

(၁ဝ) ရေချိုးခန်းအိမ်သာသုံး၊ ရေလှောင်ကန်သုံးရေ ဖြည့်ဆည်းနိုင်ရန် ရေမော်တာ အသစ်တပ်ဆင်ပေးခြင်း

(၁၁) VIP များအတွက် ဆွမ်းစားဆောင်၌ လိုအပ်သော စားပွဲနှင့် မီးတပ်ဆင်ပေးခြင်း

(၁၂) ရေသန့်စက်ခန်း ပတ်ဝန်းကျင်အား တမံတလင်းခင်းပေးခြင်း

(၁၃) Keyboard ဆရာအဖြစ် Francis Khual Mung နှင့် Timothy Khaul အား ခန့်အပ်တာဝန်ပေးခြင်း

(၁၄) မီးဖိုချောင်သုံး ဆိုင်ကယ်အသစ်တစ်စီး ဝယ်ယူပေးခြင်း

(၁၅) စိန်မေရီကယ်သီဒြယ် ကျောင်းပိုင် မော်တော်ကားလိုင်စင်များအား မွမ်းမံပေးခြင်း

(၁၆) Table Tennis စားပွဲတစ်လုံးအား လူငယ်များအတွက် ဝယ်ယူပေးခြင်း

(၁၇) ဘုန်းတော်ကြီးများ၏ ဆွမ်းစားခန်း ရေမလုံ၊မိုးမလုံသောနေရာကို ပြုပြင်မွမ်းမံပေးခြင်း

 

တာဝန်ထမ်းဆောင်ခဲ့သောနေရာများ

            Msgr. John Deng Cin Khup သည် ၁၉၉၃ မှ ၁၉၉၈ ထိ M’kuiimnu St. Anthony’s Church တွင် လည်းကောင်း၊ ၁၉၉၈ မှ ၂ဝဝ၂ ထိ Lukse Immaculate Conception’s Church တွင် လည်းကောင်း၊ ၂ဝဝ၅ မှ ၂ဝဝ၆ ထိ စမ်းမြို့ Devine Mercy Chapel တွင် လည်းကောင်း၊ ၂ဝ၁၁ မှ ၂ဝ၁၂ ထိ ကလေးမြို့ လှိုင်သာယာ Sacred Heart’s Chapel တွင် လည်းကောင်း၊ ၂ဝ၁၁ မှ ၂ဝ၁၇ ထိ တာဟန်း St. Theresa’s Church တွင်လည်းကောင်း၊ ၂ဝ၁၇ မှ ၂ဝ၂၂ ထိ တီးတိန် Assumption’s Church တွင် လည်းကောင်း၊ ၂ဝ၂၂ မှ ယနေ့ထိ ကလေးမြို့ St. Mary’s Cathedral Church တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ထမ်းဆောင်ခဲ့သောရာထူးများ

            ၂ဝ၁၁ မှ ၂ဝ၁၆ အထိ ကလေးတက္ကသိုလ် ကက်သလစ်ကျောင်းသား/သူများအဖွဲ့၏ ဝိညာဉ်တာဝန်ခံ အဖြစ် ထမ်းဆောင်ခဲ့သည်။ ..၂ဝဝ၇ ခုနှစ်တွင် ဟားခါးသာသနာပိုင်ဆရာတော် Nicholas Mang Thang မှ ဟားခါး သာသနာ ဘဏ်ဏ္ဍာမှူးအဖြစ် ခန့်အပ်ခဲ့သည်။ ကလေးသာသနာပိုင်ဆရာတော် Felix Lian Khen Thang မှ ကလေးဇုံတာဝန်ခံ (Vicar Forane) အဖြစ် ခန့်အပ်ခဲ့သည်။ ၁၇..၂ဝ၁၇ တွင် ကလေးသာသနာပိုင်ဆရာတော် Felix Lian Khen Thang မှ တီးတိန်ဇုံနယ်တာဝန်ခံ ဘုန်းတော်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ .၁ဝ.၂ဝ၂၁ တွင် ကလေးသာသနာပိုင်ဆရာတော် Felix Lian Khen Thang မှ Vicar General ရာထူးကို ချီးမြှင့်ပေးခဲ့သည်။