Hello Everyone! My Page is still under construction! Thank You for your visit.

“အလှူရှင်များမှတ်တမ်း”

Pius ဦးသက်ဇော်ဦး + Theresa ဒေါ်ကျိန်ဒိတ်လွန်း၊ သား Francis မောင်ဇော်ကိုလတ် တို့မိသားစုမှ မိခင်ကြီး မာရီယားမာဒလေနား ဒေါ်မြခင်အား ရည်စူး၍ ခေါင်းလောင်းစင်အား လှူဒါန်းခြင်းဖြစ်သည်။ ၁၈..၂ဝ၁၇ တွင် ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. Dominic Thang Suan Lang မှ အုတ်မြတ်ချပနှုက်ရိုက် ကောင်းကြီးပေးခဲ့ပြီး .၁၁.၂ဝ၁၈ တွင် ကလေးကက်သလစ်ဂိုဏ်းအုပ် ဆရာတော်ကြီး Felix Lian Khen Thang မှ ဖွင့်လှစ်ပေးခဲ့သည်။ အင်ဂျင်နီယာ ကိုညီညီမင်း နှင့် ပန်းရံဆရာကြီး ကိုကုလား () ဇော်ထွန်းတို့မှ ဆောက်လုပ်ရေးအပိုင်းတွင် ဝန်းဝိုင်းကူညီပေးကြပါသည်။

 

   

                                     

                            

 

           ဂျော်ကင်း ဦးစန်းနိုင် + အာနား ဒေါ်တင်တင်မိုး၊ သား ပါစကား ပြည့်စုံမိုး၊ သမီး စီစီလျား ထက်ထက်စန်းနိုင် တို့မိသားစုမှ လက်ထပ်မင်္ဂလာ (၂၅) နှစ်ပြည့် ငွေရတုဂျူဗလီအထိမ်းအမှတ်အဖြစ် ကိုယ်တော်မြတ်ဗိမာန်အား လှူဒါန်းခြင်းဖြစ်သည်။ ၂၈.၁၁.၂ဝ၁၈ တွင် Andrew Yeom Soo Jung (Archbishop of South Korea) ကလေးသာသနာပိုင် ဆရာတော် Felix Lian Khen Thang နှင့် စိန်မေရီကယ်သီဒြယ် ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. Dominic Thang Suan Lang တို့မှ ပနူက်ရိုက် အုတ်မြတ်ချကောင်းကြီးပေးခဲ့ပြီး ၁ဝ..၂ဝ၁၉ တွင် ကလေးသာသနာပိုင် ဆရာတော် Felix Lian Khen Thang နှင့် စိန်မေရီကယ်သီဒြယ် ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. Dominic Thang Suan Lang တို့မှ ကောင်းကြီးပေး ဖွင့်လှစ်ခဲ့သည်။

                                                                                    


 

 

           ၂ဝ၂ဝ တွင် Albert U En Suan Liamm + Elizabeth Nu Zam Dieh Lun, သား John Tg. Kam Sian Khai (ဇိုစွန်နီ) တို့ မိသားစုမှ ပျံလွန်တော်မူပြီးသော ကျေးဇူးရှင် ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် နှစ်ဖက်မိဘများအား ရည်စူး၍ ဘုရားရှိခိုးကျောင်း၏ မုခ်ဦးကြီးကို လှူဒါန်းခြင်းဖြစ်သည်။


 

 

 

 

 

           မုခ်ဦးကြီး၏အရှေ့ဘက် အုတ်တံတိုင်းကို ၂ဝ၂၂ ခုနှစ်တွင် Pius ဦးသက်ဇော်ဦး + Theresa ဒေါ်ကျိန်ဒိတ်လွန်းတို့ မိသားစုမှ လှူဒါန်းခြင်းဖြစ်သည်။

 

          

 

     

 

   မုခ်ဦးကြီး၏ အနောက်ဘက် အုတ်တံတိုင်းကို ၂ဝ၂၂ ခုနှစ်တွင် Anthony ခင်ဇော်ထွန်းတို့ မိသားစုမှ လှူဒါန်းသည်။ 

 

           ၂ဝ၂၂ ခုနှစ်တွင် Thomas Khan No တို့မိသားစုမှ သောက်ရေသန့်စက်အား လှူဒါန်းခြင်းဖြစ်သည်။ သောက်ရေသန့်စင်အား Stella Nuam Za Man မိသားစု Gabriel Thang Khawm Lal နှင့် Odila Niang Suan Dim တို့၏ မင်္ဂလာနှစ်ပတ်လည် အမှတ်တရနှင့် ကွယ်လွန်သူ ဖခင်နှင့် အဘိုးအဘွားများအား ရည်စူး၍ လှူဒါန်းခြင်းဖြစ်သည်။

 


 

 

၂ဝ၁၄ ခုနှစ်တွင် ဦးငင်လမ်းကျင့်တို့ မိသားစုမှ လှူဒါန်းခြင်းဖြစ်သည်။