Hello Everyone! My Page is still under construction! Thank You for your visit.

သခင်ယေဇူးခရစ္ဆတူး ဒုက္ခစရိယာ ကျင့်ခံတော်မူသောလမ်းတည်း

ရှိခိုးကိုးကွယ်ခြင်းကို ခံထိုက်တော်မူထသော၊-

အို.. ယေဇူးသခင်၊ ကိုယ်တော်၏ခြေရင်း၌ ညွှတ်ပျပ်ဝပ်တွား လျက်ရှိ၍၊ အသနားတော်မြတ်ကို ခံလိုသော အကျွန်ပ်တို့အား လည်းကောင်း၊ သေလွန်ကုန်သော ခရစ္ဆတီအန်တို့အားလည်းကောင်း၊ ကယ်မသနားတော်မူပါ။ ယခုဆဲဆဲ အောင့်မေ့ဆင်ခြင် ရှေးရှုပါအံ့သော ကိုယ်တော်၏ ဒုက္ခစရိယာမှ မဟာကုသိုလ်တော် အကျိုးဆက်ကို၊ အကျွန်ပ်တို့က ခံစားကြပါစေသောဝ်၊ နောက်တော်သို့လိုက်၍၊ ဒုက္ခစရိယာကို မျက်မှောက်ပြုကြရာ၊ ကြီးစွာသော သံဝေဂစွဲ၍၊ ဤအသက်အတွင်း အချွတ်တွေ့ကြုံရသော ဒုက္ခဆင်းရဲနှင့်၊ နှိမ့်ချ ရှုတ်ချရာကို အသင့်ရိုသေသောသဘောဖြင့် သည်းခံနိုင်ပါမည် အကြောင်းအား တန်ခိုးပေးသနားတော်မူပါ။

  ------------------------------------------------------------------------------------

အို … ခရစ္စတူး၊ အကျွနု်ပ်တို့သည် ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။

အကြောင်းမူကား၊ ကိုယ်တော်သည် ကရူစူး အာနုဘော်အားဖြင့် လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။

ပထမအရပ်

သေစေဟူ၍ သခင်ယေဇူးသည် စီရင်ဆုံးဖြတ်ခြင်းကို ခံတော်မူရာ အရပ်

မဟာယေဇူးသည် ကာဣဖါ အမည်ရှိသော ရဟန်းပရောဟိတ် ကျောင်းတွင် လည်းကောင်း၊  ဟေရုဒ်အမည်ရှိသော မင်းအိမ်တွင် လည်းကောင်း ကဲ့ရဲ့ခနဲ့မထီလေးစားပြုခြင်းခံရာမှ၊ ဆင်းလာတော်မူလျှင် ပီလာတူးမင်းရုံးတော်သို့ ဆွဲငင် တွန်းထိုးပို့ယူကြကုန်၏။ အသားအရေ စုတ်ပဲ့ အောင် ရိုက်နက်ကုန်၏။ ဆူးခွေဖြင့်ပြီးသော ဦးဗောင်းကို ကိုယ်တော်မြတ် ခေါင်းတော်ပေါ်မှာ၊ စွပ်နက်ကြကုန် ၏။ ကမ္ဘာကုန်လျှင် မလွဲသက်ရှိသက်မဲ့ လူအပေါင်း တို့ကို၊ စီရင် စစ်ကြောတော်မူအံ့သော ပုဂ္ဂ္ဂိုလ်မြတ် သည် သေစေဟူ၍ အသရေ မဲ့သူကဲ့သို့ စီရင်ချက်ကိုခံချေသည်တကား...

မေတ္တာ

မွန်မြတ်လှသော ယေဇူးသခင် အကျွန်ုပ်တို့ ကိုယ်စားဝင်၍ ဒုက္ခစရိယာ ကို ခံတော်မူသည် မှန်ပေ၏။ အကျွနု်ပ်တို့ကို ကယ်ချွတ်ခြင်းငှာ၊ သေစေ ဟူ၍ စီရင်ဆုံးဖြတ်ခြင်းကိုလည်း ခံတော်မူသည် မှန်ပေ၏။

အို... ချစ်ဖွယ်လှသော သခင်၊ အကျွန်ုပ်တို့ ပြုမိသမျှအပြစ်ကို စိတ်ကုန်၊ ဉာဏ်ကုန်၊ အားနှင့်အမျှ စက်ဆုပ်ရွံရှာကြသည် ဖြစ်၍ အသနားတော် မြတ်ကိုခံသဖြင့် ခွင့်လွှတ်ခြင်းချမ်းသာကို ရပါမည့် အကြောင်း၊ တောင်း လျှောက် ကြပါ၏။

(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွနု်ပ်တို့အား ကယ်မ သနားတော်မူပါသခင်။

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။

သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက် ချမ်းသာစွာရှိစေသော်။ အာမင်။

မဟာသားတော် တွဲလွဲနေစဉ်

စိတ်ဒုက္ခ နှင့် ပြည့်စုံမယ်တော်

ကရူစူးရင်း၌ မတ်တတ်နေ။

 ------------------------------------------------------------------------------------

အို … ခရစ္စတူး၊ အကျွနု်ပ်တို့သည် ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။

အကြောင်းမူကား၊ ကိုယ်တော်သည် ကရူစူး အာနုဘော်အားဖြင့် လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။

ဒုတိယအရပ်

သခင်ယေဇူးသည် ကရူစူးကို ထမ်းယူတော်မူသည့် အရပ်

လွတ်လပ်ရာမရှိ တစ်ကိုယ်လုံးဒဏ်ရာနှုင့် ပြည့်ငြား သော်လည်း ကိုယ်တော်၏ ပုခုံးပေါ်မှာ အလွန်လေးသော ကရူစူးကိုတင်ကြ၏။ ကိုယ်တော်မြတ်မူကား  နှုးညံ့ သိမ်မွေ့သော စိတ်နှင့် ထိုကြီးမားသော ကရူစူးကို ခံယူတော်မူသည် သာမက ထိုကရူစူး၌ သတ်ထားခြင်းကို ခံယူတော်မူခြင်းအားဖြင့်၊ လူအပေါင်းတို့ကို ကယ်ချွတ် တော်မူမည် အလိုတော်ရင်းရှိသောကြောင့် အားရ လှသောစိတ်နှင့် ထိုကရူစူးကို ခံယူတော်မူသတည်း။

မေတ္တာ

အကျွနု်ပ်တို့ အသနားတော်မြတ်ခံပါသည် အသက်မကွာ ကြုံမြဲ ဒုက္ခ ဆင်းရဲကို သိမ်မွေ့နှိမ့်ချရိုသေစွာ သည်းခံ၍ နောက်တော်ကို အားမလျော့ ရဲရဲလိုက်လိုသော စေတနာစိတ်ကို ဒုက္ခစရိယာ မဟာ ကုသိုလ်တော်ကို ထောက်တော်မူ၍ ပေးသွင်း တော် မူပါ၊ ယေဇူး အကျွန်ုပ်တို့သခင် ။

(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွနု်ပ်တို့အား ကယ်မ သနားတော်မူပါသခင်။

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။

သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။

ပူဆွေးညည်းတွား၊ ရှိုက်ငင်နေသော

မြတ်မယ်တော်၏ နှလုံးတော်ကို

သန်လျက်ထိုး၍၊ ဖောက်လေ၏။

 ------------------------------------------------------------------------------------

အို … ခရစ္စတူး၊ အကျွနု်ပ်တို့သည် ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။

အကြောင်းမူကား၊ ကိုယ်တော်သည် ကရူစူး အာနုဘော်အားဖြင့် လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။

တတိယအရပ်

သခင်ယေဇူးသည် ကရူစူးကို ထမ်းရာတွင် ပထမတစ်ကြိမ် လဲတော်မူသည့် အရပ်

ကိုယ်တော်သည် အလွန်လေးသော ကရူစူးအောက်မှာ ကုန်း၍ ဟိုက်လျက်ရှိတော်မူသည် တကား။ ကာလ’ာဝါရီ  တောင်ထက်သို့ ရွှေစက်တော် ပြောင်းစပြု၍ ယုတ်မာသောသူတို့၏ အပြုအမူ နှုတ်ကျူး လက်ကျူးမှု များကို သည်းခံတော်မူသည်။ သံလွင်ဥယျာဉ်တွင် ခံတော်မူခဲ့သော ဝေဒနာကြောင့် မောပန်းခြင်း အားကြီး လှ၍ ဒဏ်ရာဒဏ်ချက် အပြည့်ရှိတော်မူသည်။ ခွန်အား နည်းပါး၍ ကရူစူး အောက် မြေပေါ်မှာလဲ တော်မူသည်။

မေတ္တာ

အကျွနု်ပ်တို့ အပြစ်များကြောင့် အလွန်လေးသော ကရူစူးကို ထမ်းယူ တော်မူစဉ်တွင် ထိုကရူစူးအောက်၌ လဲတော်မူသော အို.. ယေဇူးသခင်၊ ကိုယ်တော်ကျင့်ခံတော်မူသော ဒုက္ခစရိယာကို ဆင်ခြင်အောက်မေ့သဖြင့် သမ္မာသတ္တိ သမ္မာဝီရိယနှင့် ကိုယ်စိတ်နှလုံးတို့ကို စောင့်စည်း ချုပ်တည်း ၍ မကောင်းရှိသမျှကို ကြည်ရှောင်နိုင်ပါမည့်အကြောင်း အားတန်ခိုး ပေးသွင်းတော် မူပါ။

(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွနု်ပ်တို့အား ကယ်မ သနားတော်မူပါသခင်။

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။

သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။

မွန်မြတ်လှသော မယ်တော်ရှင်၏

စိတ်နှလုံး ကြေကွဲညှိုးငယ်ခြင်း

မည်မျှလောက် ကြီးပြင်းသနည်း။

 ------------------------------------------------------------------------------------ 

အို … ခရစ္စတူး၊ အကျွနု်ပ်တို့သည် ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။

အကြောင်းမူကား၊ ကိုယ်တော်သည် ကရူစူး အာနုဘော်အားဖြင့် လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။

စတုတ္ထအရပ်

သခင်ယေဇူးသည် မယ်တော်နှင့်လမ်းတွင် တွေ့ကြုံတော်မူသည့် အရပ်

သခင်ယေဇူးသည် ကရူစူးကို ထမ်းတော်မူလျက် လဲသောကြောင့် ဒဏ်ရာ ဒဏ်ချက် အနာအဆာထ၍  ဝဒနာကြီးပြင်လှ၏။ ရှေ့တိုး၍ ရွှေစက်တော် ပြောင်း တာ်မူျှင် မယ်တော်နှင့်လမ်းတွင် တွေ့ကြုံ တော်မူ၏။ ဤတွေ့ကြုံခြင်းကား၊ အဘယ်သို့သော တွေ့ကြုံ ခင်းနည်း။ သန်လျက်နှင့်တူ၍ မယ်တော်၏ နှလုံးတော် ို ထိုးဖောက်သော နာကျင်ခြင်းဝေဒနာကို မည်သို့အား ဖင့် ဆင်ခြင်၍ ပြပါမည်နည်း။ သားတော်လည်း မိမိ၏ မယ်တော်၏ ပူဆွေး နာကျင်ခြင်းကို မြင်တော်မူလျှင် ရွှေနှလုံးတော်၌ ဖြစ်ရာကို မည်သူ အောက်မေ့ ဆင်ခြင်နိုင် ပါမည်နည်း။

မေတ္တာ

အို.. ယေဇူးသခင် ကိုယ်တော်၏မယ်တော်၌ သက်တော်မူသည် ကြင်နာသနားခြင်းကို ထောက်တော်မူ၍ အကျွနု်ပ်တို့အား သနားတော် မူပါ။ ပူဆွေးနာကျင်လှသော အိုမယ်တော် မာရီယား၊ သားတော်သည် ကျင့်ခံတော်မူသော ဒုက္ခစရိယာကိုထောက်၍ အကျွနု်ပ်တို့အဖို့ငှာ ထပ်ဆင့် ဆုတောင်းတော်မူသဖြင့်၊ အဆုံးစွန်သောနေ့၌ အမျက်တော် နှင့် ကင်းလွတ်ကြနိုင်မည့်အကြောင်း မစတော်မူပါ။

(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွနု်ပ်တို့အား ကယ်မ သနားတော်မူပါသခင်။

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။

သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။

သားတော်ခံရာ ဒုက္ခများကို

ကြင်နာမယ်တော် ကြည့်မြင်သောအခါ၊

ညည်းတွားရှိုက်ငင်နေလေ၏။

 ------------------------------------------------------------------------------------

အို … ခရစ္စတူး၊ အကျွနု်ပ်တို့သည် ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။

အကြောင်းမူကား၊ ကိုယ်တော်သည် ကရူစူး အာနုဘော်အားဖြင့် လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။

ပဉ္စမအရပ်

အာဏာသားတို့သည် ဆီမုန် ဆီရေနေဦးကို သခင်ယေဇူးကိုယ်စား ကရူစူးကို ဝင်၍ထမ်းစေသည့်အရပ်

ကိုယ်တော်၌ ခွန်အားကုန်၍ရှေ့သို့ ရွှေစက်ကို ပြောင်း တော်မူနိုင်သောကြောင့် အာဏာသား သူယုတ်တို့  သည် ဆီမုန် ဆီရေနေဦး မည်သော သူကိုအနိုင်အထက်ပြု၍ သခင်ယေဇူး ကိုယ်စား ကရူစူးကို ထမ်းစေကုန်၏။ ဆီမုန်ဆီရေနေဦးသော်ကား ကရူစူး အာနုဘော်ကြောင့် စိတ်ထားရင်းလည်း ပြောင်း၍ တပုံတခြားဖြစ်လာလျှင် ရှေ့လက်ဦး မနှစ်သက် မခံလိုသောအရာကို နောက်ကို စိတ်ပါ ကိုယ်ရောက် ဝမ်းသာစွာ ထမ်းယူလေ၏။

မေတ္တာ

အို.. ယေဇူးသခင် ကျေးဇူးပြုတော်မူ၍ အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ ကရူစူးထမ်းရပါ မည့်အကြောင်း ကရူစူးထမ်းခြင်း၌ သာလျှင် အကျွန်ုပ်တို့ ဂုဏ်ဖော်ကြပါမည့်အကြောင်း ကရုစူး အာနုဘော် တော်အားဖြင့် လောကီသားတို့ နှစ်သက်ရာကိုမလိုက် စွန့်ပစ်နိုင်မည့် အကြောင်း သခင်၏ နာမတော် မြတ်ကြောင့် ဒုက္ခဆင်းရဲရောက်တိုင်း ကျေးဇူးတော်ထင်မှတ်၍ မတွန့်မတိုဘဲ ဝမ်းသာ ဝမ်းမြောက်ခြင်းနှင့် သည်းခံနိုင်ပါမည်အကြောင်း အားတန်ခိုး ပေးသွင်းတော်မူပါ၊ သခင်။

(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွနု်ပ်တို့အား ကယ်မ သနားတော်မူပါသခင်။

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။

သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။

ပြင်းထန်လှစွာ ခံတော်မူသော။

မြတ်မယ်တော်ကို မည်သူမြင်လျှင်၊

မငိုပဲ နေနိုင်မည်လော။

 ------------------------------------------------------------------------------------

အို … ခရစ္စတူး၊ အကျွနု်ပ်တို့သည် ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။

အကြောင်းမူကား၊ ကိုယ်တော်သည် ကရူစူး အာနုဘော်အားဖြင့် လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။

ဆဋ္ဌမအရပ်

ဝေရောနိကာအမည်ရှိသော မိန်းမတစ်ယောက်သည် သခင်ယေဇူး၏ မျက်နှာတော်ကို ပဝါနှင့်သုတ်သည့်အရပ်

 ရွှေမျက်နှာတော်၌ ချွေးစီးယို၍ ကိုယ်တော်သည် ရှေ့သို့ကြွ လျှောက်တော်မူလျှင် မိန်းမတစ်ယောက် သည် ကြင်နာသနားခြင်း စိတ်စွဲ၍ ငယ်သားအစုထဲသို့ ဝင်သဖြင့် ရွှေမျက်နှာကိုပဝါဖြင့်သုတ်လေ၏ ထိုမိန်းမပြု မိသော ကျေးဇူးကောင်းမှုကို သိတော်မူ၍ဆပ်တော်မူ ချင်သော ရွှေစိတ်တော် ရှိတော်မူသောကြောင့် ကိုယ်တော်သည် ရွှေမျက်နှာတော်ပုံကို ပဝါပေါ်၌ ကပ်စွဲစေ တော်မူသတည်း။

မေတ္တာ

အို ယေဇူးသခင် ကိုယ်တော်၏ဒုက္ခစရိယာကို ရှေ့ရှုထောက်မျှော် ဆင်ခြင်သဖြင့် အလွန်ရိုသေကြင်နာတတ်သော စိတ် ကျူးလွန်မိသော အပြစ်များကြောင့် ပြင်းထန်သော နာကျင်ခြင်းစိတ် ဆပွား တိုးတတ်သော သဒ္ဒါ မြတ်နိုးခြင်းစိတ် ဤစိတ်သုံးပါးကို အကျွန်ုပ်တို့၌ အမြဲစွဲအောင် ကယ်မတော်မူပါ။ အကျွန်ုပ်တို့သည် အရှင်သခင်နှင့် တူပါအံ့သည် တိုင်အောင်သခင်၏ အသွင် ရွှေပုံတော်ကို အကျွန်ုပ်တို့၏ နာမ်ဝိညာဉ်၌ ကပ်ရိုက် စွဲစေတော်မူပါ။

(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွနု်ပ်တို့အား ကယ်မ သနားတော်မူပါသခင်။

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။

သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။

ခရစ္စထူးမယ်တော်၊ သားတော်မြတ်နှင့်၊

ဒုက္ခခံစဉ်မြင်သောသူကား၊

မညည်းတွားပဲ ရှိမည်လော။

 ------------------------------------------------------------------------------------

အို … ခရစ္စတူး၊ အကျွနု်ပ်တို့သည် ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။

အကြောင်းမူကား၊ ကိုယ်တော်သည် ကရူစူး အာနုဘော်အားဖြင့် လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။

သတ္တမအရပ်

သခင်ယေဇူးသည် နှစ်ကြိမ်မြောက်မြေပေါ်မှာ လဲတော်မူသည့်အရပ်

ကိုယ်တော်သည် အရိုက်အနက် ဆင်းရဲအမျိုးစုံခံခြင်း ကြာင့် တစ်ချက်၊ သွေးယိုစီးခြင်းကြောင့် တစ်သွယ်၊  ခွန်အားနည်းပါး၍ မြေပေါ်မှာ နှစ်ကြိမ်မြောက် လဲတော်မူ၏။

မေတ္တာ

အို ယေဇူးသခင် ကိုယ်တော်ခံတော်မူသည့် ဒုက္ခ အာက်မှာ လည်းကောင်း အကျွန်ုပ်တို့ ပြစ်ဒုစရိုက် အလွန်လေးသော ဝန်အောက်မှာ လည်းကောင်း လဲတော်မူသည်။ တရားတော်ကို ပြစ်မှားကျူးလွန်သဖြင့် အထပ်ထပ် ကြိမ်ကြိမ် ရွှေနှလုံးတော်ကို နာကျင်အောင် ပြုမိပါပြီ။

အို.. သခင်၊ ကျွန်ုပ်သည်ထပ်၍ အပြစ်မကောင်းမှုကို ပြုရအံ့လျှင် ယခုပင်မချွတ် အသက်အသေခံပါစေသောဝ်

(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွနု်ပ်တို့အား ကယ်မ သနားတော်မူပါသခင်။

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။

သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။

မိမိချစ်မျိုး အပြစ်များကြောင့်၊

ဒုက္ခကျင့်စဉ် ခံတော်မူသော၊

ယေဇူးကို မြင်တော်မူ၏။

 ------------------------------------------------------------------------------------

အို … ခရစ္စတူး၊ အကျွနု်ပ်တို့သည် ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။

အကြောင်းမူကား၊ ကိုယ်တော်သည် ကရူစူး အာနုဘော်အားဖြင့် လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။

အဋ္ဌမအရပ်

ယေရုဇလင်မြို့ မိန်းမတို့သည် နောက်တော်သို့လိုက်၍ သခင်ယေဇူးအတွက်ကြောင့် ငိုကြွေးကြသည့်အရပ်

ယေရုဇလင်မြို့သူမြို့သားတို့တွင် အချို့သော မိန်းမ တို့သည် အရိုက် အနှက် အပူအပန်းခံသော ယေဇူကို ဖူးမြင်ရလျှင် ကြင်နာခြင်းစိတ် အထူးသဖြင့်သက်၍ ငိုကြွေးညည်းတွားကြ၏။ မြို့တော်ကြီး အပေါ်မှာ  မကြာဆဲဆဲရောက်ရအံ့သော ဘေးဒဏ်ကို မြော်မြင် တော်မူလျှင် ထိုမွန်မြတ်သော မိန်းမများဘက်သို့ ရွှေမျက်နှာတော် လှည့်တော်မူ၍ သမီးများတို့ ငါ့ အတွက်ကြောင့် မငိုကြွေးကြနှင့် သင်တို့အဖို့ သင်တို့၏ သားသမီးတို့အဖို့ ငိုကြွေးကြလော့ဟု ဗျာဒိတ်တော် ရှိ၏။

မေတ္တာ

အကျွနု်ပ်တို့သည် အပြစ်ရှိသောသူဖြစ်ပါသည် ကိုယ်တော် ခံတော်မူ သော မဟာဒုက္ခ အကြောင်းရင်းကား အကျွန်ုပ်တို့ပင် ဖြစ်သည်ကို ဆင်ခြင်အောက်မေ့လျှင် သြော် – အရှင်သခင်၊ နာကျင်လှ၍ ငိုကြွေး ကြပါ၏။

ဤ ယခုမျက်မှောက်ဘ၀ ကိုယ်တော်ကို ပစ်ပယ်သော သူတို့ခံရအံ့ သောဒဏ်မှ အကျွန်ုပ်တို့ ကင်းလွတ်၍နောင်ဘ၀ အခွင့်ချမ်းသာကို ခံထိုက်ရအောင် ငိုကြွေးခြင်း သံဝေဂစိတ်ကို အကျွန်ုပ်တို့အား ကယ်မ၍ ပေးသွင်းတော်မူပါ။

(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွနု်ပ်တို့အား ကယ်မ သနားတော်မူပါသခင်။

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။

သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။

နှလုံးကြေကွဲ သက်တော်စွန့်လျက်

သိမ်မွေ့လှသော သားတော်မြတ်ကို။

မယ်တော်မျက်စိ မြင်ရ၏။

 ------------------------------------------------------------------------------------

အို … ခရစ္စတူး၊ အကျွနု်ပ်တို့သည် ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။

အကြောင်းမူကား၊ ကိုယ်တော်သည် ကရူစူး အာနုဘော်အားဖြင့် လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။

နဝမအရပ်

သုံးကြိမ်မြောက် မြေပေါ်မှာ လဲတော်မူသည့်အရပ်

ကိုယ်တော်မြတ်သည် ကာလလဝါရီတောင်ပေါ်သို့ ရောက်လှပြီ။ ကရုစူး တံကျင်၌ သတ်ထားခြင်းကို  ခံတော်မူအံသော အရပ်သို့ ရောက်တော်မမူမီ အားကုန်သောကြောင့် သုံးကြိမ်မြောက်လဲတော် မူလေ၏။ ဤသို့လဲတော်မူ သော်လည်း အာဏာသား သူယုတ် တို့သည် အသနားမဲ့ ရက်စက်သောစိတ်ဖြင့် ကိုယ်တော်မြတ်ကို တွန်းထိုး ဆွဲငင်အပူတပြင်း ရိုက် သေးသတည်း။

မေတ္တာ

အို.. ယေဇူး၊ အကျွနု်ပ်တို့သခင် နာကျင်လှသော သုံးကြိမ်မြောက် အောင်လဲတော်မူသည် အခြင်းအရာမဟာ ကုသိုလ်တော်ကို ထောက်၍ အကျွန်ုပ်တို့ ကျူးလွန်ပြစ်မှားမိသမျှကို လည်းကောင်း အကျွန်ုပ်တို့ အမိုက်မှားရာ၌ ကြာမြင့်စွာနေမိသည်ကို လည်းကောင်း ခွင့်လွှတ်တော် မူပါ။ ထိုမှတစ်ပါး ကိုယ်တော်ခံ တော်မူသည့် အံ့ဖွယ်သောဒုက္ခကို အောက်မေ့သဖြင့် အကျွန်ုပ်တို့ ကျူးလွန် မိသမျှကိုတိုး၍ တစ်နေ့တခြား ရွံရှာမုန်းနိုင်အောင် ကျေးဇူးတော်ကို ပေးသနား တော်မူပါ။

(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွနု်ပ်တို့အား ကယ်မ သနားတော်မူပါသခင်။

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။

သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။

ချစ်ဖွယ်လှသော အိုမယ်တော်ရှင်၊

ခံတော်မူသော ပူဆွေးခြင်းကို

ငါသည်းခံအောင် ပြုပါလော့။

 ------------------------------------------------------------------------------------

အို … ခရစ္စတူး၊ အကျွနု်ပ်တို့သည် ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။

အကြောင်းမူကား၊ ကိုယ်တော်သည် ကရူစူး အာနုဘော်အားဖြင့် လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။

ဒသမအရပ်

သခင်ယေဇူး၏ ဝတ်လုံတော်ကို ချွတ်ခွာကြသည့်အရပ်

အသက်တော်စွန့်၍ ပူဇော်တော်မူအံ့သော အရပ်သို့ ရောက်တော်မူလျှင် အာဏာသားတို့သည် သခင် ယေဇူးကို တံကျင်၌ ရိုက်ထားကြအံ့ဟူ၍ အစပြုကြ ကုန်၏။ ဒဏ်ရာဒဏ်ချက်မှ၊ ယိုစီးသော အသွေးအား ဖြင့် အသားအရေကို  ကပ်လျက်နေသော အဝတ်စုကို ဆွဲငင်ချွတ်ခွာကြသည် ဖြစ်၍ အလွန် စင်ကြယ် တော်မူသော ကိုယ်တော်သည် မတ်တက်ကြည့် နေသော သူအပေါင်း တို့၏ ရှုတ်ချ ကဲ့ရဲ့ ပြုခြင်းတို့ကို ခံတော်မူ၏။

မေတ္တာ

အို... သိမ်မွေ့နူးညံလှသောသခင် ကျွနု်ပ်တို့မကောင်းသော အပြုအမူ များကြောင့် အလွန်ရှက်ဖွယ်သော အခြင်းအရာကို ကျင့်ခံ တော်မူပေ သည် လောကီသားတို့၏ မျက်နှာကို ထောက်စာ တတ်သောစိတ်၊ ထောင်လွှားတတ်သောစိတ် မာန်မာနစိတ်များကို အကျွနု်ပ်တို့မှ ပယ်ရှား တော်မူပါ။ နောင်ဘဝမှာ ကြောက်မက်ဖွယ်သော ဘေးဒဏ်မှ ကင်းလွတ် နိုင်မည့်အကြောင်း ယခုဘဝမှာ ကိုယ်စိတ်နှစ်ပါးကို နှိမ့်ချ ချုပ်တည်း နိုင်အောင် အကျွနု်ပ်တို့အား အားတန်ခိုး ပေးသနားတော်မူပါ။

(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွနု်ပ်တို့အား ကယ်မ သနားတော်မူပါသခင်။

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။

သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။

ရွှေမျက်နှာကို ရထိုက်ခြင်းငှာ၊

ခရစ္စတူးအား သဒ္ဒါကြည်ညိုခြင်းတရား၊

ငါ့စိတ်၌ တိုးပွားစေလော့။

 ------------------------------------------------------------------------------------

အို … ခရစ္စတူး၊ အကျွနု်ပ်တို့သည် ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။

အကြောင်းမူကား၊ ကိုယ်တော်သည် ကရူစူး အာနုဘော်အားဖြင့် လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။

ဧကဒသမအရပ်

သံမယ်နနှင့် ကရူစူးတံကျင်ပေါ်မှာ လက်ဖဝါး ခြေဖဝါးတော်တို့ကို ရိုက်ထားကြသည့်အရပ်

သည်အရပ်မှာ အာဏာသားတို့သည် ကရုစူးတံကျင်ကို မြေ၌ ချထား၍ ချည်နှောင်ကြ၏။ ထိုသောအခါ ကိုယ်တော်မြတ်သည် လူအပေါင်းတို့ အတွက်ကြောင့် ဒဏ်ရာနှင့်ပြည့်သော မိမိ ကိုယ်တော်ကို ဘုရားသခင်အား  ပူဇော်တော်မူ၏။ ပူဇော်တော်မူပြီးလျှင် အသက်တော် အသေခံ တော်မူမည့်အကြောင်း သူသတ်တို့လည်း လက်ဖဝါး ခြေဖဝါးတော်တို့၌ ကြီးသော သံမှိုကို ရိုက်နှက်ကြ သတည်း။ အသွေးတော် အလိမ့်လိမ့် ယိုစီးလေသည် တကား။

မေတ္တာ

တံကျင်ပေါ်မှာ တွဲလွဲနေတော်မူသော အိုယေဇူးသခင် ကိုယ်တော်၏ ကရူစူးခြေရင်း၌ မကွာစိတ်နှလုံးဖြင့် အမြဲမကွာ တွယ်ကပ်အောင် ကယ်မ တော်မူပါ။ ကိုယ်တော်နှင့် အသက်ထက်ဆုံး ပေါင်းယှက် လျက်နေပြီးမှ အကျွနု်ပ်တို့ နာမ်ဝိညာဉ်ကို ရွှေလက်တော်၌ အပ်နှံရပါမည့် ကျေးဇူးတော်ကို ကယ်မသနားတော်မူပါ။

(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွနု်ပ်တို့အား ကယ်မ သနားတော်မူပါသခင်။

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။

သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။

မွန်မြတ်မယ်တော်၊ ခရစ္စတူးဒဏ်ရာ

ငါ့နှလုံး၌ သံမှိုကဲ့သို့

ကြပ်တည်းစွာ သွင်းစွဲပေးလော့။

 ------------------------------------------------------------------------------------

အို … ခရစ္စတူး၊ အကျွနု်ပ်တို့သည် ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။

အကြောင်းမူကား၊ ကိုယ်တော်သည် ကရူစူး အာနုဘော်အားဖြင့် လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။

ဒွါဒသမအရပ်

သခင်ယေဇူးသည် ကရူစူးပေါ်မှာ အသက်တော်ကိုစွန့်တော်မူရာ အရပ်

သခင်ယေဇူးသည် သံစွဲရာလက်နှစ်ဘက်တို့ဖြင့် ၃ နာရီတိုင်အောင် ကရူစူး၌ တွဲလွဲနေတော်မူခဲ့ပြီ  အသွေးတော်သည် ပန်း၍ ယိုစီးသဖြင့် တစ်ကိုယ်လုံး၌ သွေးချောင်း အပြည့်ရှိ၍ မြေကြီးပေါ်မှာလည်း အနှံအပြားရှိ၏။ အတိုင်း မသိသော ဒုက္ခကို ခံတော်မူရာတွင် သူသတ်တို့ အပေါ်မှာ ဆုတောင်းတော်မူခဲ့ပြီ စိတ်ကောင်းသွင်းမိ၍ အတူခံရသော သူခိုးတစ်ယောက်ကို အသက်ရှင်ခြင်း ချမ်းသာကို ကတိထားတော်မူလျက် မယ်တော်ကို ချစ်သော တပည့်တော်အား အပ်လိုက်တော်မူ၍ယခု ခပ်သိမ်းသောအရာ အချက်ပြည့်စုံပါပြီဟု မြွက်တော်မူပြီးမှ ဦးညွှတ်တော်မူ၍ အသက်တော်စွန့်လိုက်တော်မူ၏။

မေတ္တာ

အသက်တော်ကို မငဲ့ကွက်ဘဲ ကရူစူးအပေါ်မှာ သေသည်တိုင်အောင် အကျွန်ုပ်တို့ကို နှစ်သက် နှမြောတော်မူပေသော အိုချစ်ဖွယ်သော ယေဇူးသခင် ထိုကရုစူးကို ရိုသေစွာ အကျွန်ုပ်တို့ ပွေ့ပိုက်ကြပါ၏။ ထိုသေခြင်းအကျိုးကို အကျွနု်ပ်တို့ ထင်စား ခိုလှုံအမှီပြုကြပါ၏။ ရှင်သော်လည်းကောင်း သေသော်လည်းကောင်း အကျွန်ုပ်တို့သည် ကိုယ်တော်၌ တည်နေလိုကြပါသည် ဖြစ်စေ သောဝ်။

(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွနု်ပ်တို့အား ကယ်မ သနားတော်မူပါသခင်။

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။

သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။

ကျွနု်ပ်အတွက်ကြောင့်၊ ခံတော်မူသော

သားတော်မြတ်၏ ဒုက္ခများကို

ငါနှင့်ခွဲဝေပေးပါလော့။

 ------------------------------------------------------------------------------------

အို … ခရစ္စတူး၊ အကျွနု်ပ်တို့သည် ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။

အကြောင်းမူကား၊ ကိုယ်တော်သည် ကရူစူး အာနုဘော်အားဖြင့် လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။

တေရသအရပ်

အလောင်းတော်ကို ကရူစူးပေါ်ကချ၍ မယ်တော့်ရင်ခွင်ပေါ်မှာတင်ထားကြသည့်အရပ်

ငယ်သားအစုသည် ကလ’ဝါရီတောင်ပေါ်က ဆင်းကြ ကုန်ပြီ ညှိုးငယ်ပူးဆွေး နာကျင်လှသော မယ်တော်၏ စိတ်ကို  နှစ်သိမ့် စေခြင်ငှာ အထူးချစ်တော်မူသော တပည့်တော်လည်း ယေရုဇလင်မြို့ သမီးသူတော်မများ နှင့်သာ ကျန်ရစ်ကြ ကုန်၏။ အာရိမာတေယုမြို့သား ဇူဇယ်နှင့် နိုကော်ဒေမူး နှစ်ယောက်တို့သည် လာ၍ ကရုစူးပေါ်က ချပြီးလျှင် အလောင်းတော်ကို မယ်တော် သခင်မ အားအပ်၍ ရင်ခွင်ပေါ်မှာ တင်ထားကြ၏။

မေတ္တာ

အထူး အလွန်ပူပန်ပူဆွေး ညှိုးငယ်သော သြော်မွန်မြတ်သော မယ်တော် သခင်မ ခံရသောပူပန်ခြင်း ဒုက္ခကုသိုလ်အကျိုးဆက်ကို အပြစ်ရှိသောသူ အကျွန်ုပ်တို့အား အမျှဝေတော်မူပါ။ အကျွန်ုပ်တို့ စိတ်နှလုံး ဆင်းရဲ နွမ်းရိခြင်းအဖြစ်ကို ထောက်တော်မမူပါနှင့် တပည့်တော်ကြီး ဇွင်နှင့်မခြား အကျွန်ုပ်တို့ကို သခင်မသားကဲ့သို့ မှတ်တော်မူပါ အကျွန်ုပ်တို့၌ မယ်တော်ပြုတော်မူပါ။ သခင်မသားတော်ယေဇူး ဘုရားသည် အကျွန်ုပ် တို့ ဆုတောင်းသံကို ရွှေနားတော် ယူတော်မူပါသည် ဖြစ်စေသောဝ်။

(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွနု်ပ်တို့အား ကယ်မ သနားတော်မူပါသခင်။

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။

သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။

သက်လျာပတ်လုံး ကျွနု်ပ်ငိုရန်

သားတော်မြတ်၌ ကြင်နာရအောင်

ကျေးဇူးကို ပေးတော်မူပါ။

 ------------------------------------------------------------------------------------

 အို … ခရစ္စတူး၊ အကျွနု်ပ်တို့သည် ကိုယ်တော်ကို ရှိခိုးကိုးကွယ်၍ ချီးမွမ်းထောပနာ ပြုကြပါသည်။

အကြောင်းမူကား၊ ကိုယ်တော်သည် ကရူစူး အာနုဘော်အားဖြင့် လူအပေါင်း တို့ကိုကယ်ချွတ်တော်မူခဲ့ပေပြီ။

စုဒသမအရပ်

အလောင်းတော်ကို မြှုပ်ထားကြသည့်အရပ်

တပည့်တော်တို့နှင့် မိတ်ဆွေတော်တို့သည် သခင် ယေဇူး၏ အလောင်းတော်ကို အသစ်ဖြစ်သော  ကျောက်ခေါင်းတစ်ခု၌ ချထားပြီးလျှင် သင်္ချိုင်းအဝကို အလုံးကြီးလှသော ကျောက်တစ်ခုနှင့် ဖုံးပိတ်ကြကုန်၏။ အလောင်းတော်သည် မိမိတန်ခိုးတော်အားဖြင့် ရှင်ပြန် တော်မူမည့်တိုင်အောင် အသက်မဲ့သော အဖြစ်၌ နေတော်မူ၏။

မေတ္တာ

အို... မြတ်စွာဘုရားသခင်၊ ကိုယ်တော်ချိန်းချက်တော်မူသော အချိန်နှင့် အရပ်မှာ အကျွန်ုပ်တို့သည်လည်း မလွဲသေရလိမ့်မည်။ သို့ဖြစ်သော် လည်း အလိုတော်ရှိရာ ပြည့်စုံပါစေ အပြစ်ရှိ၍ ယုတ်မာသော အကျွန်ုပ်တို့၏ ကိုယ်ခန္ဓာမှာ အမိရင်းမြေသို့ ပြန်ဝင်ပါလေစေ ကရုဏာ သနားခြင်းနှင့် ပြည့်စုံတော်မူလှသော အို.. မြတ်စွာသခင် မသေနိုင်သော အကျွန်ုပ်တို့ နာမ်ဝိညာဉ်ကို လက်ခံတော်မူ၍ ကမ္ဘာကုန်လျှင်လည်း အကျွန်ုပ်တို့ ကိုယ်ခန္ဓာ ရှင်ပြန်သောကာလ ကိုယ်တော်အား အဆက်ဆက် ထောပနာပြုနိုင်မည်အကြောင်း သုခရွှေနိုင်ငံတော်မှာ အကျွန်ုပ်တို့ကို သိမ်းယူ တော်မူပါဖြစ်စေသောဝ်။

(ကောင်ကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်နှင့်၊ ခမည်းတော်... )

အကျွနု်ပ်တို့အား ကယ်မ သနားတော်မူပါသခင်။

အကျွန်ုပ်တို့အား ကယ်မ သနားတော်မူပါ။

သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ချမ်းသာစွာရှိစေသော်။ အာမင်။

ကရူစူး ခြေရင်း၌ ရပ်နေ၍

မယ်တော်နှင့်တကွ ငိုကြွေးခြင်းငှာ၊

ငါစိတ်အလိုရှိပါ၏။

 ------------------------------------------------------------------------------------

ခေါင်းဆောင်။     ခရစ္ဆတူးသခင်သည် အကျွနု်ပ်တို့အတွက်ကြောင့် သာမညသော သေခြင်းဖြင့် သေတော်မူသည်မဟုတ် 

ပရိသတ်။     ကရူစူးတံကျင်၌ အသေခံ တော်မူ သည်တိုင်သခင် အလိုတော်လိုက်တော်မူ၏။

ဆုတောင်းကြစို့

သြော် ဘုရားမြတ်စွာသခင် ငဲ့ကွက်ခြင်းမရှိဘဲလျက် သခင်ယေဇူးသည် မိမိကိုယ်တော် သူဆိုး သူယုတ်တို့လက်တွင် အပ်နှံခြင်းကို ခံတော်မူကြောင်း ဤကရူစူးပေါ်မှာ ပြင်းထန်စွာသောသတ်ခြင်းကို ခံတော်မူကြောင်းကိုလည်း ထောက်တော်မူ၍ ဤကိုယ်တော်တပည့်စုကို ကြည့်ရှု့စောင့်မတော်မူပါဟု အသနား တော်မြတ်ခံကြပါသည်။

ပုပ်ရဟန်းမင်းကြီးအတွက် ဆုတောင်းခြင်း

  • ကောင်းကင်ဘုံမေတ္တာ
  • ဂုဏ်ကျေးဇူးတော်မေတ္တာ
  • ခမည်းတော်အား၊ သားတော်အား၊ သန့်ရှင်းသော၀ိညာဥ် ..
  •  

(Parce Domini, Parce Populo tuo, ne in e ternam                            irascaris nobis.)3