အိမ်အလုပ်လုပ်ကိုင်နေရတဲ့သူလေးတွေရေ----
စိန့်ဇီတာပြောခဲ့တဲ့ ဒီစကားကို
အမြဲတမ်းမှတ်သားထားကြပါစို့။
အစေခံတစ်ယောက်ဟာ အလုပ်မများဘူးဆိုရင်
သူဟာသန့်ရှင်းသူတစ်ယောက်မဟုတ်ဘူး။
ပျင်းရိတဲ့သူရဲ့သန့်ရှင်းခြင်းဟာ
အတုအယောင်တွေပဲ။ ဆိုပြီး
ရဟန္တာမလေးဇီတာက မိန့်ဆိုခဲ့တယ်။
#သူမကိုအိမ်အလုပ် လုပ်ကိုင်နေရသူတွေ အားကိုးအားထားရာရဟန္တာတစ်ပါးဖြစ်ပါတယ်။
သက္ကရာဇ် (2000) ပြည့်နှစ်အစောပိုင်းမှာ
မွေးဖွားလာတဲ့ဇီတာဟာ
မိသားစုက ဆင်းရဲမွဲတေလွန်းလှပါတယ်။
ဆင်းရဲပေမယ့်လည်း မိခင်ဖြစ်သူက
ဘယ်အခြေအနေရောက်ရောက်
ဘုရားသခင်ရဲ့အလိုတော်ကိုရှာဖွေပြီး
နေထိုင်ဖို့ ငယ်ရွယ်စဉ်ကတည်းက
သင်ကြားပေးခဲ့တယ်။
ဇီတာ အသက် (12) နှစ်အရွယ်မှာ
( Lucca)မှာရှိတဲ့ (Fatinelli )မိသားစုအိမ်မှာ
အိမ်ဖော်လုပ်ဖို့ အပို့ခံရတဲ့အချိန်မှာတော့
သူမရဲ့ဘဝကို ဆုတောင်းခြင်းနဲ့
တည်ဆောက်ထားပြီးသားဖြစ်တယ်။
ဇီတာရဲ့ အိမ်ရှင်တွေက
ဘုရားကျောင်းရဲ့ အနီးအနားမှာ
နေထိုင်ကြတဲ့အတွက်ကြောင့်မို့
နေ့တိုင်းမစ္ဆားတရားတက်ခွင့်ရခဲ့တယ်။
သူမဟာ ပင်ပန်းနွမ်းနယ်နေပါစေ၊
သူမလုပ်ဆောင်တဲ့အလုပ်ပေါ်မှာ
လုပ်သမျှအရာအားလုံး ဘုရားအတွက်အစေခံပြီး လုပ်ဆောင်တယ်ဆိုတဲ့စိတ်နဲ့ လုပ်ပြီး
နာရီပေါင်းများစွာစိတ်နှစ်ပြီး အလုပ်လုပ်ခဲ့တယ်။
ဒါပေမယ့် အိမ်ရှင်တွေက
သူ့ကိုနွေးထွေးမှုမရှိတဲ့အပြင်
နှစ်ပေါင်းများစွာ ကြမ်းကြမ်းတမ်းတမ်းပဲ
ဆက်ဆံခဲ့တယ်။
ဇီတာလေးဟာ အိမ်ရှင်တွေဆီကနေ
အရိုက်ခံလိုက်ရ၊ အနိုင်ကျင့်ခံရနဲ့
အမြဲတမ်းရန်ရှာခံခဲ့ရတယ်။
သူမဟာ ဒီလိုမျိုးတွေကြုံကြိုက်နေရပေမယ့် စိတ်ရှည်သည်းခံပြီး
ဘုရားရှင်ထံခွန်အားတွေတောင်းခံကာ
ရင်ဆိုင်ခဲ့တယ်။
ကြာလာတော့ အိမ်ရှင်တွေက
ဇီတာရဲ့ သည်းခံမှုတွေ၊ စေတနာတွေကို
နားလည်သဘောပေါက်လာကာ
ဇီတာရဲ့ အကျင့်သီလတွေကို
လေးစားတန်ဖိုးထားလာကြတယ်။
အိမ်ရှင်တွေရဲ့ တန်ဖိုးထားမှုတွေပိုရှိလာပြီး
ချီးကျူးပြောဆိုခံရပေမယ့်
ဇီတာဟာ ဘဝင်မမြင့်ဘဲ
နှိမ့်ချခြင်းနဲ့သာနေထိုင်ခဲ့တယ်။
အရင်က သူ့ကိုနှိပ်စက်ညှင်းပန်းခဲ့သမျှကိုလည်း
အညိုးအတေး အာဃာတမထားပဲ
ခွင့်လွတ်ပေးခဲ့တယ်။
သူမရဲ့ အိမ်အလုပ်တာဝန်တွေကို
ဘုရားသခင်ကိုအစေခံနေတယ်ဆိုတဲ့စိတ်နဲ့
သဘောထားပြီးတော့ ဆုတောင်းခြင်း၊
အစာရှောင်ခြင်းနဲ့ကိုယ်တော်ရှင်ရဲ့
မျက်မှောက်တော်ကို ရှာဖွေဖို့
ဆက်လက်လုပ်ဆောင်ခဲ့တယ်။
သခင်ခရစ်တော်ရဲ့ မှာကြားချက်အတိုင်း အထက်လူကြီးတစ်ယောက်ဟာ
အားလုံးရဲ့အစေခံဖြစ်ရမယ်ဆိုတဲ့
ကျင့်ကြံမှုအတိုင်း အိမ်အလုပ်
အခန်းကဏ္ဍတွေမှာ သစ္စာရှိရှိလုပ်ဆောင်ခဲ့တယ်။
သူမရဲ့ လမ်းညွန်မှုအောက်မှာရှိနေတဲ့
တခြားအလုပ်သမားတွေကိုလည်း
ကြင်ကြင်နာနာဆက်ဆံပြီးတော့
ချွေးနှဲစာလေးနဲ့မကြာခဏ ဆင်းရဲသားတွေကို
လှူဒါန်းပေးကမ်းခဲ့ကြတယ်။
ဇီတာရဲ့ ဘဝတစ်လျှောက်လုံးမှာ
ကိုယ်တော်မြတ်ပင့်ယူခြင်းနဲ့
မစ္ဆားတရားတော်မြတ်ဟာ
သူမအတွက် ခွန်အားနဲ့ နှစ်သိမ့်မှု
အရင်းအမြစ်ဖြစ်ပြီး
အဲ့ဒီအရာတွေက သူမကို
မျက်ရည်ကျစေလေ့ရှိတယ်။
အလုပ်တာဝန်တွေများစွာရှိပေမယ့်
ဘုရားရှင်အတွက် အချိန်ပေးပြီး
စကားပြောဆုတောင်း သတိရဖို့
ကိုယ်ပိုင်အချိန်တွေ ဖယ်ထားလေ့ရှိတယ်။
တစ်ခါက သူမ စားမယ့်အစားအစာနဲ့
သူမအိမ်ရှင်စားမယ့်အစားအစာကို
ဆင်းရဲသားတွေကို ပေးကမ်းပြီး
ကျွေးလိုက်သေးတယ်။
နံနက်ခင်းချိန် တစ်ရက်မှာတော့
မုန့်ဖုတ်နေရင်းနဲ့ ဇီတာဟာ
ဆင်းရဲသားတွေကို ကျွေးဖို့ဆိုပြီး
သူမုန့်ဖုတ်နေရာကနေ ထွက်လာခဲ့တယ်။
အဲ့ဒီအခါမှာ သိကြားတမန်လေးတွေက
မီးဖိုချောင်း နေရာမှာ ဇီတာအစား
မုန့်လာဖုတ်ကြတယ်ဆိုပြီး
အဲ့ဒီအိမ်မှာအလုပ်လုပ်နေတဲ့
တခြားအစေခံတွေကမြင်တွေ့ခဲ့တယ်။
ဇီတာဟာ သူမသေဆုံးရမယ့်အချိန်ကို
ကြိုသိမြင်ခဲ့တာကြောင့်
ဝိညာဉ်ရေးတွေ ပြင်ဆင်ခဲ့ပြီး
ဧပြီလ (27) ၊ (1251) ခုနှစ်မှာ
သေဆုံးသွားခဲ့တယ်။
မြို့ခံကလူတွေက သူမကို
သူတော်စင်တစ်ဦးအဖြစ်သတ်မှတ်ကြပြီးတော့
အံ့ဖွယ်အမှုတွေလည်း များစွာဖြစ်ပွားခဲ့သေးတယ်။
သူမရဲ့ကြားဝင်ဆုတောင်းပေးမှုတွေလည်း
ပြည့်စုံတယ်လို့ဆိုကြတယ်။
တချို့စာရေးဆရာတွေက( Lucca) မြို့ကို
ဆန်တာဇီတာ ( Santa Zita ) လို့တောင်
ရည်ညွန်းပြောဆိုကြတယ်။
တချိန်က ဇီတာကို ဒုက္ခရောက်စေခဲ့တဲ့
( Fatinelli )မိသားစုဟာ ဇီတာကို
ရဟန္တာတင်မြောက်တဲ့အခါမှာ
ကုန်ကျမယ့်အကုန်အကျတွေအားလုံးကို
ကူညီပေးခဲ့တယ်။
(Pope Innocent XII) ကနေပြီးတော့ ဇီတာကို သူတော်သူမြတ်ဖြစ်ဖို့ အတည်ပြုခဲ့ပြီး
ရဟန္တာတင်မြောက်ခဲ့တယ်။
သူမရဲ့ရုပ်အလောင်းကို သူမဘဝတစ်လျောက်
ဘုရားကျောင်းတက်ခဲ့ရာနေရာမှာပဲ
သဂြိုလ်ပေးခဲ့ပါတယ်။
ဒီနေ့ ဧပြီလ (27) ရက်နေ့က
စိန့်ဇီတာရဲ့ ပွဲနေ့ရက်မြတ်ဖြစ်ပါတယ်။
သူများဆီမှာ အိမ်အလုပ် လုပ်ကိုင်နေသူအားလုံး
စိန့်ဇီတာလိုမျိုး သည်းခံခြင်း၊ နှိမ့်ချခြင်း
ပါရမီတွေ ပြည့်ဝကြပါစေ။
မွေးဖွား = Sagrati, Italy
သေဆုံး = 27 April 1272, Lucca, Italy
သျှားလွန်းမယ်