Hello Everyone! My Page is still under construction! Thank You for your visit.

တမန်တော်လည်းဖြစ်ပြီး၊ ဧ၀ံဂေလိကျမ်းရေးပုဂ္ဂိုလ်ဖြစ်သော စိန့်မာခ်

ဧပြီ (၂၅) ရက်နေ့
ယနေ့အမိသာသနာတော်ကြီးကအမှတ်ရကျင်းပသော ပွဲနေ့ရှင်
တမန်တော်လည်းဖြစ်ပြီး၊ ဧ၀ံဂေလိကျမ်းရေးပုဂ္ဂိုလ်ဖြစ်သော စိန့်မာခ် 
မွေး - ၁၂ အေဒီ၊ ပျံလွန် - ဧပြီ (၂၅)၊
ပွဲနေ့ရှင်၏အတ္ထုပ္ပတ္တိအကျဉ်း
 ယနေ့ပွဲနေ့ရှင်သည် ယေဇူးသခင်၏တပည့်တော်ကြီး (၁၂) မဟုတ်ခဲ့သော်လည်း ယေဇူးသခင်နှင့်ရင်းနှီးစွာထိတွေ့ခဲ့ရသော တပည့်တော်ကြီးများနှင့်အကျွမ်းတ၀င်ရှိခဲ့သည်။ ယေဇူးသခင်တပည့် တော်ကြီးများအားဖြင့် သူသည်ခရစ်ယာန်ဖြစ်လာခဲ့သည်။
 သူ့အား အေဒီ (၁၂) တွင် လစ်ဗျားနိုင်ငံ၊ ဆိုင်ရင်းမြို့၌မွေးဖွားခဲ့သည်။ ပျံလွန်ချိန်၌သူ၏သက် တော်မှာ (၅၆) နှစ်ရှိပြီး၊ ဧပြီ (၂၅၊ အေဒီ ၆၈) အီဂျစ်နိုင်ငံ၊ အလက်ဇန်းဒရီးယားမြို့၌ပျံလွန်ခဲ့သည်။ သူ့အား အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော် Abbasiya ရှိစိန့်မာခ်ကယ်သီဒရယ်၌မြှုပ်နှံထားသည်။ 
 သူ့အားဂုဏ်ပြု၍တည်ဆောက်ထားသော ဘာစီးလီကာဘုရားကျောင်းကြီးများကို အီတလီနိုင်ငံ၊ ဗင်းနစ်မြို့၌တစ်ကျောင်း၊ အီဂျစ်နိုင်ငံ၊ အလက်ဇန်းဒရီယားမြို့၌ ကော့တပ်စ်ဩသိုဒေါ့စ်ကယ်သီဒရယ်ကျောင်းတစ်ကျောင်းဟူ၍ဆောက်လုပ်ထားသည်။ စိန့်မတ်ခ်သည် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့အားမှိုင်းမသောရဟန္တာအဖြစ်ဂုဏ်ပြုအပ်နှံထားသည်။ 

သမ္မာကျမ်းစာ၌တွေ့ရှိရသော စိန့်မာခ်အကြောင်း၊
 စိန့်မာခ်သည် ဧ၀ံဂေလိကျမ်း (၄) စောင်ရှိသည့်အနက် ဒုတိယတစ်စောင်ဖြစ်သည့် သူ၏အ မည်ဖြင့်ရေးသားထားသော ဧ၀ံဂေလိကျမ်းရေးသူလည်းဖြစ်သည်။ ထို့အတူ စိန့်မတ်ခ်သည် လက်ဦးခရစ် ယာန်များထံသို့ ဧ၀ံဂေလိတရားဒေသနာဟောကြားရာ၌ လူမျိုးခြားတို့၏တမန်တော်ဖြစ်သော ပေါလုနှင့်သူ ၏လုပ်ဖော်ဆောင်ဖက် ဘားနားဘာစ်တို့နှင့်အတူ သာသနာပြုခရီးစဉ်များ၌တက်ကြွစွာပါ၀င်ခဲ့ကြောင်း တမန်တော်၀တ္ထုကျမ်း၌ဖော်ပြထားသည်။ သူသည် တမန်တော်၀တ္ထုကျမ်း၌ ‘ဂျွန်မတ်ခ်’ ဟုလည်းဖော်ပြထားသူဖြစ်သည်။ (တမန်တော်၀တ္ထုကျမ်း ၁၃း၅) 

ကျမ်းစာထဲဖော်ပြမထားသော သိမှတ်ဖွယ်ရာ စိန့်မာခ်အကြောင်း (၁၀) ချက်၊
၁။ သူသည် ရှေ့ဦးခရစ်ယာန်လည်းဖြစ်ခဲ့သကဲ့သို့ ဧ၀ံဂေလိတရားဟောကြားရာ၌ လွန်စွာတက်ကြွခဲ့သော တမန်တော် ဘားနားဘာစ်၏၀မ်းကွဲတော်စပ်သူဖြစ်သည်။ (ကော်လိုဆေး ၄း၁၀)  
၂။ သူ၏အိမ်ကိုဆုတောင်းရန်အိမ်အဖြစ်ပြောင်းလဲအသုံးပြုခဲ့သည်။ (တမန်တော်၀တ္ထု ၁၂း၁၂)
၃။ တပည့်တော်ကြီး‌ပေတရု၏လက်စွဲတော်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စိန့်မတ်ခ်သည်စာတတ်ပေ တတ်သော ထိုခေတ်အခါ၏ခေတ်လူငယ်ဖြစ်သည်။
၄။ သူ၏ဧ၀ံဂေလိကျမ်းစာသည် ဧ၀ံဂေလိကျမ်း (၄) စောင်အနက် အတိုဆုံးဖြစ်သည်။ အခန်းကြီး (၁၆) ခန်းသာရှိသည်။ ဤဧ၀ံဂေလိကျမ်းစာကို အေဒီ (၆၅-၇၀) ၀န်းကျင်ခန့်၌ရေးသားခဲ့သည်ဟုခန့်မှန်းကြသည်။  
၅။ ဧ၀ံဂေလိကျမ်းစာများအနက် ပထမဦးဆုံးပေထက်အက္ခရာတင်ခဲ့သောဧ၀ံဂေလိကျမ်းဖြစ်သည်။ ထို့ ကြောင့်ကျမ်းစာသည်သာအဓိက၊ ရှေးထုံးသက်သေများကိုဂရုမစိုက်ကြသောသူများအနေဖြင့် သာသနာ၏ သမိုင်းကြောင်းကိုပြန်လည်လေ့လာ၍ စိန့်မာခ်၏ဧ၀ံဂေလိကျမ်းစာအုပ်ပင် ယေဇူးသခင်ကောင်းကင်ဘုံတက်ကြွသွားပြီးနောက် နှစ်ပေါင်းမည်မျှကြာမှရေးသားခဲ့သည်။ ထိုကြားကာလ၌အဘယ်သို့သာသနာ၏အ သက်ကိုဆက်ခဲ့သည်ကိုသိရှိနားလည်သင့်လှပေသည်။ 
၆။ စိန့်မာခ်အား သူ၏ဧ၀ံဂေလိကျမ်းစာနိဒါန်း၌ပျိုးထားသောအကြောင်အရာ (သံမာကု ၁း၁-၄) ပေါ်မူတည် ၍ ‘ခြသ်ေ့’ သက်ေတဖြင့်ဖော်ဆောင်ထားသည်။ အဘယ်ကြောင့်ဆိုသော် ‘တောကန္တာရ’ ၌တောရိုင်းတိရိစ္ဆာန်များရှိနေခြင်းကိုညွှန်းဆိုခြင်းဖြစ်သည်။ 
၇။ အီဂျစ်နိုင်ငံ၌ခရစ်ယာန်များတိုးပွားလာအောင် စွမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ သူသည် အီဂျစ်နိုင်ငံ၌ တရားတော်အတွက် ကွပ်မျက်ခံခဲ့ရပြီး၊ အီဂျစ်နိုင်ငံ၌ပင်မြှုပ်နှံသဂြိုလ်ခဲ့သည်။ 
၈။ သူ၏ဓာတ်တော်မွေတော်ကို အီတလီနိုင်ငံ၊ ဗင်းနစ်မြို့၌ဖူးတွေ့နိုင်သည်။  
၉။ အီတလီနိုင်ငံ၊ ဗင်းနစ်မြို့အားမှိုင်မသော ရဟန္တာဖြစ်သည်။ ဗင်းနစ်မြို့အားကိုယ်စားပြုသောသက်ေတ၌ ‘တောင်ပံပါသောခြသ်ေ့’ ကိုထည့်သွင်းထားသည်။ 
၁၀။ စိန့်မတ်ခ်သည် သက်တမ်းအလွန်နုနယ်လွန်းသော ရှေ့ဦးခရစ်ယာန်တို့အားအထောက်အကူများစွာဖြစ်စေခဲ့သည်။ မတ်ခ်နှင့်ပတ်သက်၍ ပေါလ်နှင့်ဘားနားဘာစ်တို့ကြားအထင်မြင်လွှဲမှားမှုများ၊ သဘောထားကွဲလွှဲမှုများရှိခဲ့သည့်အကြောင်းကို (တမန်တော်၀တ္ထု ၁၅း၃၆-၄၁) တွင်ဖတ်ရူနိုင်ပါသည်။ သို့သော် နောက်ပိုင်း ၌ ပေါလ်သည် မတ်ခ်၏အသုံးတည့်မှု၊ ကြိုးစားအားထုတ်မှုကိုသိလာပြီး၊ လက္ခံခဲ့သည်။ (ဒု တီမောသေ ၄း၁၁) 

#ICJM


St. Mark, Evangelist 
#စိန့်မာကု (ဧဝံဂေလိကျမ်းရေးသူ) 
    +++++++++++++++++
            ဧဝံဂေလိ ကျမ်းရေးဆရာ စိန့်မာကုရဲ့ နာမည်အရင်းကတော့ John Mark -ဂျွန်မာကု ပါ။ စိန့်မာကုဟာ တပည့်တော်ကြီး (၁၂)ပါးထဲမှာ မပါပေမယ့် သခင်ယေဇူးရဲ့ နောက်လိုက် (၇၀)ဦး ရွေးချယ်တဲ့ အထဲမှာ ပါဝင်ခဲ့သူ ဖြစ်တယ်။ စိန့်ပီတာ (ရှင်ပေထရု)နဲ့ စိန့်ပေါလ် (ရှင်ပေါလု) တို့ရဲ့ Cyprus ဒေသအထိ သာသနာပြု ခရီးမှာ နောက်လိုက် အဖော် တပည့်တော် တစ်ပါး ဖြစ်ပြီး ရှင်မာကု ဧဝံဂေလိ ကျမ်းစာကို ရေးသား ခဲ့ပါတယ်။ 

           ပုံမှန်အားဖြင့် စိန့်မာကု (ရှင်​မာကု) ဧဝံဂေလိကျမ်းကို ခြင်္သေ့ ပုံဖော်ပြလေ့ရှိပြီး ရှင်မာကု ခရစ်ဝင် ကျမ်းက ရှင်ယောဟန် ဗတ္တိစတားရဲ့ တရားဟောပုံနဲ့ အစပြု ရေးသား ထားပါတယ်။ ရှင်ယောဟန်က တောကန္တာရမှာ ခြ​င်္သေ့ လိုမျိုး ဟိန်းဟောက်ပြီး ဧဝံဂေလိ တရား ဟောကြားသူ အဖြစ် လူသိ များပါတယ်။ ပြီးတော့ ခြ​င်္သေ့ရဲ့ အတောင်ပံကတော့ ပရောဖက် ယေဇကျေလ (၁း၅-၆) ရဲ့ ရူပါရုံ Ezekiel’s vision အရ လူပုံစံနဲ့ ရောနေတဲ့ သတ္တဝါ လေးပါးရဲ့ အတောင်ပံဟာ  ဧဝံဂေလိကျမ်း (၄)စောင်ကို ပုံဖော်ခြင်း ဖြစ်တယ်။ သူဟာ Alexandria ဒေသမှာ သတင်းကောင်း တရားဟောကြားရင်း အဲဒီဒေသရဲ့ ပထမဆုံး ဆရာတော် ဖြစ်လာခဲ့တယ်။ 

           စိန့်မာကုဟာ သူ့ရဲ့ မိခင် မာရီးယားနဲ့အတူ သခင်ယေဇူးကို ယုံကြည်ခြင်းနဲ့ ပြောင်းလဲလာပြီးနောက် တခြားတပည့်တော်ကြီးတွေလည်း သူ့တို့အိမ်မှာ စုရုံးဆုတောင်း ခဲ့ကြတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် သခင်ယေဇူး ရှင်ပြထမြှောက်ပြီး တပည့်တော်ကြီးတွေဆီကို ထင်းရှားပြခဲ့တဲ့ အိမ် Upper Room က မာကုရဲ့ အိမ် ဖြစ်နိုင် ပါတယ်။ ရှင်ပေထရုဟာ ကောင်းတမန်တော် ရူပါရုံနဲ့ ဟေရုဒ်ဘုရင်ရဲ့ ဘေးရန် အပေါင်း ဖြတ်ကျော် အောင် ကူညီ ပေးခဲ့ပြီး သတိပြန်လည် လာချိန် မာကုအိမ်ကို သွားခဲ့ပါတယ်။ တမန်တော်ဝ တ္ထု (၁၂း၁၂)မှာ “ သူသည် ဤအကြောင်းကို သိမြင်သောအခါ မာကုဟု အမည်တွင်သော ယောဟန်(ဂျွန်)၏ မိခင် မာရိယာ၏ အိမ်သို့ သွားလေ၏။ ထိုအိမ်၌ လူများစွာ စုဝေး၍ ဆုတောင်းလျက် ရှိကြ၏။” ကျွန်ုပ်တို့လည်း ယုံကြည်ခြင်း ရရှိပြီး နောက်ပိုင်း ခရစ်ယာန် ပီသစွာ တခြားသူတွေ၊ အငယ်ဆုံးသောသူတွေကို ကြိုဆို ဧည့်ခံကာ ခရစ်ယာန်ရဲ့ ချစ်ခြင်း ကရုဏာပြသဖို့ သင်ယူနိုင်ပါတယ်။   

          စိန့်မာကုက သူ့ရဲ့ အဟောအပြာ သာမက သူသိထားတဲ့ စာရေးခြင်း အနုပညာနဲ့ သတင်းကောင်း ဖြန့်ဝေ ခဲ့သူ ဖြစ်ပါတယ်။ ရှင်မာကု ကျမ်းစာဟာ အတိုဆုံးနဲ့ ရှေးအကျဆုံး ခရစ်ဝင်ကျမ်း ဖြစ်ပါတယ်။ သူ့ရဲ့ ပွဲနေ့ကို ဧပြီလ (၂၅)ရက်နေ့မှာ ကျင်းပခြင်း အားဖြင့် စိန့်မာကု လိုမျိုး ဧဝံဂေလိ သတင်း ကောင်းကို ခိုင်မာစွာ သက်ဝင် ယုံကြည်ပြီး “Messiah - ကယ်တင်ရှင် မက်ဆီးယား ခရစ်တော် အကြောင်း မသိသေးသူများကို ကယ်တင်ခြင်း သတင်းကောင်း ဖြန့်ဝေဖို့ ကြိုးစား နိုင်ပါတယ်။ ရှင်မာကုကျမ်းက သခင်ယေဇူးဟာ ဘုရားသခင်ရဲ့ သားတော် ဖြစ်တဲ့အပြင် လူသားစင်စစ်ဖြစ်ပြီး ပရောဖက် ဟေရှာရ (၅၃)မှာ ဟောကြားထားသလို The Suffering Servant အဖြစ် ဒုက္ခစရိယာ ခံယူခြင်းအားဖြင့် လူတွေကို ကယ်တင် ခဲ့တယ်။ သခင်ယေဇူးရဲ့ နောက်လိုက် ခရစ်ယာန်တွေလည်း သခင်ယေဇူး နည်းတူ ဒုက္ခကားတိုင် ထမ်းဆောင်ပြီးမှ ကောင်းကင်ဘုံမှာ ဘုရားသခင်နဲ့ ဘုန်းဂုဏ် ဂုဏ်တော် ဝင်စားကြဖို့ ဖြစ်ပါတယ်။ စိန့်မာကု ကိုယ်တိုင်လည်း သူယုံကြည်တဲ့ အမှန်တရား အတွက် ဒုက္ခခံထမ်းပြီး အသတ်ခံခဲ့ရတဲ့ #ဓမ္မအာဇာနည် ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်ုပ်တို့ဟာ ထာဝရ ပျော်ရွှင်ခြင်းကို ရယူတဲ့ လောဘ စိတ်ကြောင့် ကယ်တင်ခြင်း လမ်းစဥ်ရဲ့ လိုအပ်ချက်တွေကို မမြင်နိုင်ကြဘူး။ Only faith can restore us a clear vision of the meaning of our history ယုံကြည်ခြင်းဖြင့် သာလျှင် ကျွန်ုပ်တို့ရဲ့ သမိုင်း အမြင်မှန် ရရှိနိုင်ပါတယ်။ 

         ခရစ်ယာန်တွေရဲ့ သခင်ယေဇူး အကြောင်း မှားယွင်းနေတဲ့အမြင်ကို သတိတရားနဲ့ ပြန်ဆန်းစစ်ပြီး ကားတိုင်မရှိရင် ကောင်းကင်နိုင်ငံ ဘုန်းတော်ဂုဏ်တော် ဆိုတာ မရှိနိုင်ကြောင်း သတိရ စေပါတယ်။ စိန့်မာကုရဲ့ ရည်ရွယ် ရေးသားချက်အတိုင်း သမ္မာကျမ်းစာကို ဖတ်မှတ်ထောက်ရှု ဆုတောင်းကာ ကျွန်ုပ်တို့ နေ့စဥ် အသက်တာမှာ သန့်ရှင်းသော ဝိညာဥ်တော် အားဖြင့် သိထားတဲ့ သိရှိယုံကြည်ထားတဲ့အတိုင်း လက်တွေ့ ကျင့်ကြံ ကြပြီး စာနာ ကရုဏာ တရားနဲ့ တခြားသူတွေကို အစေခံ ပြုစုလျက် ကယ်တင်ခြင်းနဲ့ ကောင်းကင်ဘုံ ခရီးကို အာရုံပြု လျှောက်လှမ်း ကြပါစို့။  

✍ထန်းဟာ, SJ 

#StMark #Evangelist #MarkGospel 
#Feast #martyrdom