၁။ ပြန်လာခဲ့ကွယ်
၁။ ကလေးလေးဘ၀အရွယ်က အတူတူဘုရားရှိခိုးအချိန်များရယ်
ပြန်လည်ကာတွေးတောရင်း အတိတ်အချိန်တွေ ပြန်လွမ်းတယ်။
အခုတော့တို့တတွေများ တနယ်စီဝေးသွားလို့နေလည်းလေ
ရေမြေခြားသွားလည်း ဆုတောင်းချိန်မှနီးတော့တယ်။
၂။ ဘုရားကျောင်းထားခဲ့ပြီး ကိုယ်တော်နဲ့ဝေးဝေးသွားနေတဲ့အချိန်
တခါတလေမှာ ဘုရားကျောင်းတော့ အရောက်လာပြန်ခဲ့ကွယ်
လှမ်းခဲ့ပါတော့ အရှင်သခင်ဟာ
သင့်အားအမြဲကြိုလို့နေ
ရင်ခွင်မှာမှေးစက်ဖို့ အရောက်သာပြန်လာကွယ်။
သံပြိုင် တိုင်တော်ထက်က သွေးစက်တွေ မင်းအလာကို မျှော်လင့်နေ
ပလ္လင်ပေါ်ထက်ကသားတော်မြတ် မင်းလေးပင့်ဖို့စောင့်မျှော်နေ
ကိုယ်တိုင် ပြုတဲ့မိုက်ပြစ်တွေ အပြစ်ဖြေဖို့ သူစောင့်နေ
ခံယူထားတဲ့ကတိတော်မြတ် အမြဲတမ်းအောက်မေ့လျက်ဆင်ခြင်
ဘုရားစောင့်နေတယ် ပြန်လာခဲ့ကွယ်။
၃။ ချွေးသိပ်နားခိုဖို့ နေရာတွေအဆက်မပြတ်မင်းရှာလည်းလေ
လုံခြုံကာစိတ်ချတဲ့ နေရာဟာတစ်ခုတည်းလေ
ဘုရားမြတ်ရဲ့ချစ်ခြင်း ယိုစီးကာတဖိတ်ဖိတ်ကျနေတဲ့နေရာမှာ
သမ္မာတရားလမ်းနဲ့ ဘ၀ကိုလျှောက်လှမ်းမယ်။
၄။ နှောင့်ယှက်ခြင်းကြုံလည်း ကိုယ်တော်ရှင်မြတ်ပေးတဲ့ခွန်အားနဲ့
ကြုံဆုံကာတွေ့ရမယ့် ဘ၀အမှောင်တွေဖယ်ရှင်းမယ်။
လှမ်းခဲ့ပါတော့ အမှောင်ကမ္ဘာမှာ
တဝဲဝဲနဲ့မနေနဲ့လေ
ရင်ခွင်ကိုထွေးပိုက်ဖို့ အရောက်သာ ပြန်လာကွယ်။
❤️❤️
.........May........+..God....+....bless...+........you!....
Composer - Fr. Mark Khai Khan Dal
Vocalists - Elizabeth Moe, Anny Lam Vung, Michael Muan, Vincent Mung
Casts - Rita Tawi Cing Symphorosa Lun Veronica Muan, Missionary of Holy Childhood (St.Mary-Kalay)
Music & Mastering - Francis Khual Mung
Guitar - Khun Ta
Studio - Jubal Studio
Director - Joseph Khual
Video - Salai Kimpu
Lyrics ------------+----------+------------+-------------+---------