ချင်းတိုင်းရင်းသားထဲမှ ပထမဆုံးသော ဆရာတော်မှာ Bishop Nicholas Mang Thang ဖြစ်ပါသည်။ ဆရာတော်ကြီး Nicholas Mang Thang သည် ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့ ရွှေနှလုံးတော်ကယ်သီဒြယ်ဘုရားကျောင်းတွင် Archbishop U Than Aung လက်တော်မှ ဆရာတော်သိက္ခာ ခံယူပြီး ၁၉၉၃ ခုနှစ် မတ်လ (၂၁) ရက်နေ့တွင် ဟားခါးမြို့ စိန်ဂျိုးဇက်ကယ်သီဒြယ်ကျောင်းတော်ကြီးတွင် ဟားခါးသာသနာ ဂိုဏ်းအုပ်ဆရာတော်ကြီးအဖြစ် ပလ္လင်တော် အပ်နှင်းခြင်းခံရပါသည်။ ချင်းတိုင်းရင်းသားထဲမှ ဒုတိယဆရာတော်ဖြစ်လာသူမှာ Bishop Felix Lian Khen Thang ဖြစ်သည်။
ဆရာတော် Felix Lian Khen Thang သည် ၂ဝ၁၆ ခုနှစ် မေလ (၆) ရက်နေ့တွင် ကလေးမြို့ ဟားခါးသာသနာဂိုဏ်းအုပ်ဆရာတော်ကြီး ကျောင်းတိုက် (Hakha Diocesan Pastoral Centre) ၌ Archbishop Alphone U Than Aung လက်တော်မှ ဆရာတော်သိက္ခာခံယူပြီး ၂ဝ၁ဝ ပြည့်နှစ် ဇွန်လ (၂၉) ရက်နေ့ စိန်ပီတာနှင့် စိန်ပေါလ် ပွဲနေ့တွင် ကလေးသာသနာ ဂိုဏ်းအုပ်ဆရာတော်ကြီးအဖြစ် ပလ္လင်တော်အပ်နှင်းခြင်း (Espiscopal Enthronement) ကို ကလေးမြို့ စိန်မေရီဘုရားရှိခိုးကျောင်း၌ ခံယူခဲ့သည်။ ထိုအချိန်မှစ၍ ကလေးမြို့ စိန်မေရီဘုရားရှိခိုးကျောင်းတော်ကြီးသည် ကလေးသာသနာဂိုဏ်းအုပ် ဆရာတော်ကြီး၏ ပလ္လင်တော်တည်ရှိရာ ကယ်သီဒြယ်ကျောင်းတော်ကြီး ဖြစ်လာသည်။ ပုဒ်ရဟန်းမင်းကြီး
Benedict XVI ၏ ၂ဝ၁ဝ ပြည့်နှစ်
မေလ
(၂၂) ရက်စွဲပါ “ပြည်ထောင်စု မြန်မာနိုင်ငံတော်၌
ကလေးဂိုဏ်းအုပ်သာသနာသစ်ကို ထူထောင်ခြင်း” အမိန့် စာချွန်တော်တွင်
အောက်ပါအတိုင်း
ဖော်ပြပါရှိပါသည်။
“ဟားခါးသာသနာ၏
မြောက်ဖက်ခြမ်းဒေသရှိ ကလေး၊ တီးတိန်၊ တွန်းဇံ၊
ကျီခါး၊
ခမ်းပတ်၊
မြို့သစ်၊
မော်လိုက်၊
ဟုမ္မလင်း၊
ဖောင်းပြင်
နှင့်
မင်းကင်းစသော
မြို့နယ်များပါဝင်သည့် နယ်နိမိတ်အပိုင်းအခြားကို ဟားခါးသာသနာ၏ စီရင်အုပ်ချုုပ်မှုအာဏာအောက်မှ သီးခြားခွဲထုတ်လိုက်သည်။
“အဆိုပါ
နယ်နိမိတ်အပိုင်းအခြား၌ တည်ရှိသောနေရာဒေသကို ကလေးဂိုဏ်းအုပ်သာသနာနယ်အဖြစ်
ထူထောင်ဖွဲ့စည်းလိုက်ကြောင်း၊ ယင်းကလေးဂိုဏ်းအုပ်သာသနာသည် မန္တလေးဂိုဏ်းချုပ်သာသနာ၏
အရံ
ဂိုဏ်းအုပ်သာသနာတစ်ခုအဖြစ် ရပ်တည်ရမည်ဖြစ်ကြောင်း၊ ယင်းသည် သာသနာပြန့်ပွားရေးဠာနချုပ်၏ စီမံကွက်ကဲအုပ်ချုပ်မှုအောက်တွင် တည်ရှိရမည်ဖြစ်ကြောင်း၊
သာသနာပိုင်ဆရာတော်သစ်၏ ကယ်သီဒြယ် ဘုရားရှိခိုးကျောင်းသည်
ကလေးမြို့၌
တည်ရှိရမည်ဖြစ်ကြောင်းနှင့် ကလေးမြို့ရှိ စိန်မေရီ ဘုရားရှိခိုးကျောင်းတော်ကို ကာနွန်ဥပဒေ၏ ကျင့်ထုံးနည်းဥပဒေများနှင့်အညီ
စိန်မေရီကယ်သီဒြယ်
ဘုရားကျောင်းတော်ကြီးအဖြစ်သို့ အဆင့်တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ကျွန်ုပ်အမိန့်ထုတ်ပြန်
ကြေညာလိုက်သည်။”