Hello Everyone! My Page is still under construction! Thank You for your visit.

#နိုဗီနာ



🌀နိုဗီနာဆုတောင်းမေတ္တာဆိုတာ
အထူးရည်ရွယ်ချက်တစ်ခုခုအတွက်
ရဟန္တာတစ်ပါးပါးဆီ
(၉)ရက်တာ ဆုတောင်းခြင်း။

🌀နိုဗီနာဆုတောင်းခြင်းဓလေ့က
တမန်တော်ဝတ္ထု ၁း၁၄ ကနေ
မြစ်ဖျားခံဆင်းသက်လာတယ်လို့ဆိုတယ်။
မယ်တော်သခင်မနဲ့တမန်တော်ကြီးတွေက
သခင်ယေဇူးကောင်းကင်ဘုံတက်ပြီး
သန့်ရှင်းသောဝိညာဥ်တော်ဘုရားမဆင်းသက်မီ
အချိန်ကာလ (၉) ရက်တာအချိန်မှာ
တညီတညွတ်တည်း အဆက်မပြတ်
ဆုတောင်းပတ္ထနာပြုကြတယ်။

🌀ဘာဖြစ်လို့ 
နိုဗီနာပြုလုပ်ကြတာလဲဆိုရင်
ဘုရားသခင်ရဲ့လမ်းညွှန်မှုနဲ့
ကောင်းချီးတော်တွေ လက်ခံယူဖို့ဖြစ်သလို
နိုဗီနာမတ်ေတာက
ဇွဲလုံံ့လရှိခြင်း၊ နာခံတတ်ခြင်းနဲ့
ဘုရားရှင်အပေါ်အားထားတတ်ခြင်းတို့ကို
ကြီးထွားရင့်သန်လာစေပါတယ်။

🌀နိုဗီနာဆုတောင်းခြင်းပြုလုပ်မယ်ဆိုရင်
*တိကျတဲ့ရည်ရွယ်ချက်ထားပါ။
*တိကျတဲ့အချိန်နာရီသတ်မှတ်ပါ။
*နိုဗီနာမေတ္တာမှာပါတဲ့ညွှန်ကြားချက်တွေ လိုက်နာပါ။
*၉ ရက်တိုင်တိုင် မပျက်မကွက်ဆိုပါ။

🌀မေလ (၆) ရက်နေ့မှာကျရောက်တဲ့
ရဟန္တာဒေါမိနစ်ကိုဆာဗီယိုရဲ့
နိုဗီနာမေတ္တာလေးကို 
ဖော်ပြပေးလိုက်ပါတယ်။

#သည်းနယူး
#နိုဗီနာ
#၂၅ဧပြီ၂၀၂၄