Hello Everyone! My Page is still under construction! Thank You for your visit.

#စိပ်ပုတီးစိပ်တဲ့အခါ



"မျှော်လင့်ချက်မဲ့တဲ့တွင်းထဲမကျဖို့
နှလုံးသားထဲ စစ်မှန်တဲ့ပျော်ရွှင်မှုမျိုးပေးနိုင်တဲ့
အလှတရားတွေ ကမ္ဘာကြီးမှာ လိုအပ်တယ်"

🌀ဂုဏ်ကျေးဇူးတော်မေတ္တာထဲက
"မြတ်စွာဘုရား၏မယ်တော်၊
သန့်ရှင်းသောမာရီယား၊
ယခုမှစ၍ သေခါနီးတွင် 
အပြစ်ရှိသူကျွန်ုပ်တို့အဖို့ငှာ
ဆုတောင်းတော်မူပါ"...ဆိုတဲ့အပိုဒ်
ဆိုပြီးသွားတဲ့အခါ မယ်တော်မာရီယားက
သင့်နံဘေးနားရောက်လာပြီး 
သင်နဲ့အတူ ဆုတောင်းပါတယ်။

🌀ဒါပေမဲ့ မယ်တော်မာရီယားက
တစ်ဦးတည်း မလာပါဘူး။
သိကြားတမန်တွေပါ ခေါ်လာပါတယ်။
သိကြားတမန်က တစ်ပါး၊ နှစ်ပါးပဲ မဟုတ်၊
သိကြားတမန်အားလုံးရဲ့ဘုရင်မ ဖြစ်တဲ့အလျောက်
သိကြားတမန်ပေါင်းများစွာက 
ဘုရင်မနဲ့အတူ လိုက်လာပါတယ်။

🌀ပြီးတော့ သူမနဲ့ခွဲခါလို့မရတဲ့
နှလုံးသားချင်းဆက်နေတဲ့
သားတော်ယေဇူးလဲ လိုက်လာတယ်။

🌀သားတော်ယေဇူးကလဲ
ပုဂ္ဂိလ်သုံးပါးနဲ့ခွဲခါလို့မရတာကြောင့်
သူနဲ့အတူ ခမည်းတော်ဘုရားနဲ့
သန့်ရှင်းသောဝိညာဥ်တော်ဘုရားပါ
ပါလာကြတော့တယ်။

🌀ဒီတော့ 
စိပ်ပုတီးစိပ်တဲ့အခါတိုင်း
ဖန်ဆင်းခြင်းအားလုံးရဲ့အရှင်
ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူနဲ့အတူ
စိတ်ကူးမယဥ်နိုင်တဲ့
အလှတရား၊ အလင်းတန်းတွေက
သင့်ကို ပတ်ဝန်းရံထားတယ်ဆိုတာ
အောက်မေ့သတိရပါ။

*What happens when you pray the rosary 
စာစုကို ဘာသာပြန်ဝေမျှပါသည်။

#သည်းနယူး
#စိပ်ပုတီးစိပ်တဲ့အခါ
#၈မတ်၂၀၂၄