🌀ဝါတွင်းကာလမှာ
အထူးတလည်နှိုးဆော်ဖြစ်တဲ့အရာတွေထဲက
တစ်ခုဖြစ်တဲ့ အာပတ်ဖြေခြင်းစက္ကရမင်တူးကို
ဘာဖြစ်လို့ချည်းကပ်ကြရတာလဲ။
အကြောင်းရင်း ၄ ခုကို ဖော်ပြပေးပါမယ်။
✅၁)တာဝန်ခံမှုရှိခြင်း
အခြားသူတွေအပေါ်
အပြစ်ပုံချဖို့က အမြဲလွယ်ကူနေတတ်တဲ့အချိန်မှာ
မိမိကိုယ်ကို ကိုယ့်ရဲ့လုပ်ရပ်၊အပြစ်တွေအတွက်
တာဝန်ယူရပါတယ်။
အာပတ်ဖြေနားထောင်သူရဟန်းတော်ဘက်က
စောင့်စည်းစောင့်ထိန်းရတဲ့ကျင့်ဝတ်ကတိသစ္စာကြောင့်
မိမိရဲ့အပြစ်တွေကို ဖွင့်ဆိုထုတ်ပြောဖို့
လုံခြုံစိတ်ချရပါတယ်။
အာပတ်မဖြေခင် စိတ်နှလုံးကိုစစ်ဆေးခြင်းက
မိမိရဲ့အရှိတရားကို ဖော်ထုတ်နိုင်စေပြီး
ဘုရားတရားပိုရှိလာအောင် ကူညီပေးပါတယ်။
✅၂)ခွင့်လွှတ်မှုရရှိခြင်း
ဘုရားသခင်ရဲ့ကရုဏာတော်က
မိမိတို့ရဲ့အပြစ်တွေကို ဆေးကြောပေးသလို
အပြစ်ရဲ့ဝန်ထုပ်ဝန်ပိုးကနေလဲ ပြေလျော့စေပါတယ်။
ရှင်းသန့်တဲ့အတွေးနဲ့ ပြန်လည်ရှင်သန်ဖို့
အခွင့်အရေးပြန်ရစေတယ်။
St.Faustina ဆီမှာ သခင်ယေဇူးကိုယ်တိုင်
သူ့ရဲ့ကရုဏာတော်အကြောင်း ပြောပြခဲ့တယ်။
"ငါ့ရဲ့ဖန်ဆင်းခံလူသားတွေဆီက
ယုံကြည်မှုကို ငါလိုလားတယ်။
ငါ့ရဲ့မဟာကရုဏာတော်အပေါ်
ကြီးမားတဲ့ယုံကြည်မှုထားဖို့နှိုးဆော်ပေးပါ။
အားနည်းသူနဲ့အပြစ်သည်တွေ ငါ့ဆီချည်းကပ်ဖို့
ဝန်မလေးကြပါစေနဲ့။
သူတို့ရဲ့အပြစ်တွေက
သဲပွင့်လေးတွေထက်များနေရင်တောင်
ငါ့ရဲ့မဟာကရုဏာတော်နဲ့
ဖုံးလွှမ်းနစ်မြုပ်ပေးလိုက်မှာပါ"
-St.Faustina's Diary 1059
✅၃)မစ္ဆားတရားမှာအပြည့်အဝပါဝင်နိုင်ခြင်း
ကိုယ်တော်မြတ်စက္ကရမင်တူးက
လောကမှာ အမြင့်မြတ်ဆုံးသော
ဆုလာဘ်တော်ဖြစ်တဲ့အတွက်
ဘုရားသခင်နဲ့အပြည့်အဝပေါင်းစပ်နိုင်ဖို့က
မိမိဘက်က လိုအပ်တာမှန်သမျှ
ပြင်ပြင်ဆင်ဆင်လုပ်ဆောင်ထားရပါမယ်။
✅၄)ဝိညာဥ်ရေးရာလမ်းညွှန်မှုခံယူရရှိခြင်း
ဘုရားသခင်က ငါတို့ကို
အပြစ်နွံထဲမှာပဲ နစ်မွန်းမနေစေချင်သလို
လျစ်လျူရှုပစ်ပယ်မထားပါဘူး။
ငါတို့ရဲ့ဝိညာဥ်ရေးလမ်းစဥ်အတွက်
ရဟန်းတော်တွေကို ခန့်အပ်ထားပေးတယ်။
မိမိဘက်က နောင်တတရားနဲ့အာပတ်ဖြေပြီဆိုရင်
အတွင်းစိတ်နဲ့ပြင်ပအပြုအမူတွေပြောင်းလဲဖို့
ဆုံးဖြတ်ချက်ချပြီးပြီဆိုတဲ့အကြောင်း
ဘုရားသခင်ကို အသိပေးတာပဲဖြစ်တယ်။
ရဟန်းတွေက ဒဏ်ဆပ်ဖြေဖို့အပြင်
အခြားဝိညာဥ်ရေးရာလမ်းညွှန်မှုတွေကိုလဲပေးပါတယ်။
#သည်းနယူး
#အာပတ်ဖြေရသည့်အကြောင်းများ
#၆မတ်၂၀၂၄