🌀စာတန်နတ်ဆိုးကို
အနိုင်ယူလို့ရတဲ့ တစ်ခုတည်းသော
ပြိုင်ဆိုင်မှုက 'နှိမ့်ချခြင်း'။
🌀နှိမ့်ချခြင်းကလွဲပြီး
ကျန်တဲ့အရည်အချင်းတွေမှာ
စာတန်နတ်ဆိုးက
ခရစ်ယာန်တွေအားလုံးထက်
အစစအရာရာသာလွန်နေတာပါ။
🌀ခရစ်ယာန်တွေက ဘုရားကိုယုံကြည်တယ်။
စာတန်နတ်ဆိုးက ဘုရားကိုမြင်ဖူးတယ်။
🌀ခရစ်ယာန်တွေက ကျမ်းစာဖတ်တယ်။
စာတန်နတ်ဆိုးက ကျမ်းစာတစ်အုပ်လုံးအလွတ်ရတယ်။
🌀ခရစ်ယာန်တွေက အစာရှောင်တယ်။
စာတန်နတ်ဆိုးက ဘယ်တော့မှအစာမစားဘူး။
🌀ခရစ်ယာန်တွေက အဖိတ်နေ့ညတွေစောင့်ထိန်းတယ်။
စာတန်နတ်ဆိုးက ဘယ်တော့မှမအိပ်ပါဘူး။
🌀ဆုတောင်းတာပဲဖြစ်ဖြစ်၊
ကောင်းမှုပြုတာပဲဖြစ်ဖြစ်
စာတန်နတ်ဆိုးက
အရာရာတိုင်းမှာ လိုက်လုပ်ပြီး
တုပလို့ရပေမယ့်
'နှိမ့်ချခြင်း' ပါရမီ၊
'နှိမ့်ချခြင်း' လှေကားထစ်ကိုတော့
ဘယ်တော့မှ လိုက်ပြီးမတက်နိုင်၊
မတုပနိုင်ပါဘူး။
*St.John of the Ladder ၏စာစုကို
ဘာသာပြန်ဝေမျှပါသည်။
#သည်းနယူး
#မတုပနိုင်သော
#၂၄ဧပြီ၂၀၂၄