Hello Everyone! My Page is still under construction! Thank You for your visit.

#ဝိညာဥ်ရေးရင့်ကျက်ခြင်း



🌀လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပေါ့။
တောအုပ်အစပ်နားလေးမှာ
အင်မတန်အပြောအဟောကောင်းတဲ့
ရသေ့ကြီးတစ်ပါးသီတင်းသုံးရာ
ရသေ့ကျောင်းတော်ကြီး ရှိတယ်။

🌀ဧကရာဇ်မင်းကြီးတစ်ပါးက
ရသေ့ကြီးရဲ့တရားတွေနာဖို့ဆိုပြီး
အဲဒီရသေ့ကျောင်းဆီ မကြာမကြာသွားလေ့ရှိတယ်။
လက်ဆောင်ပဏ္ဏာတွေလဲ အမြဲဆက်သတယ်။

🌀တစ်ခါမှာတော့
ဧကရာဇ်မင်းကြီးက 
ရသေ့ကြီးဆီချည်းကပ်ပြီးပြောပါတယ်။
"ရသေ့ကြီးရဲ့တရား‌ဟောတွေ၊ သွန်သင်ချက်တွေ
တပည့်တော် ချစ်မြတ်နိုးရပါတယ်။
ရသေ့ကြီးအနေနဲ့ လိုအပ်တာပဲဖြစ်ဖြစ်၊ လိုချင်တာပဲဖြစ်ဖြစ်
ကျေးဇူးပြုပြီး ပြောပြပေးပါလား။
တပည့်တော် ပေးလှူပါ့မယ်"

🌀ရသေ့ကြီးက မျက်လုံးစုံမှိတ်လို့
သက်ပြင်းရှည်တစ်ချက်ချပြီး ပြောလိုက်တယ်။
"တောင်းခံစရာတစ်ခုတော့ရှိတယ် ဧကရာဇ်မင်း၊
ကျေးဇူးပြုပြီး ဒီကို နောက်ခါမလာပါနဲ့တော့"

"ဘာများဖြစ်လို့ပါသလဲ ရသေ့ကြီး၊
တပည့်တော် စကားအပြောအဆိုမှားသွားရင်
ခွင့်လွှတ်ပေးဖို့တောင်းဆိုပါရစေ"
အံ့အားသင့်သွားတဲ့ ဧကရာဇ်မင်းကြီးက
ပျာပျာသလဲ တောင်းပန်စကားဆိုတယ်။

🌀ဒီတော့မှ ရသေ့ကြီးက
ရှင်းပြလိုက်ပါတော့တယ်။
"တကယ်တော့ 
ဧကရာဇ်မင်းကြီးနဲ့က ပြဿနာမဟုတ်ရပါဘူး။
ရသေ့လေးတွေက ဧကရာဇ်မင်းကြီး
ဒီကို တရားနာဖို့မလာခင်တုန်းကဆိုရင်
ဘုရားသခင်ဆီ ဆုတောင်းပြီး
သီချင်းဆိုချီးမွမ်းကြတာ
အင်တိုက်အားတိုက်ပဲ။
ဘုရားသခင်ရဲ့ကောင်းချီးတော်ကိုပဲ 
သူတို့တောင်းခံရှာဖွေကြတာ။
အခုဆိုရင် သူတို့ရဲ့ခေါင်းထဲ၊ စိတ်ထဲမှာ
ဧကရာဇ်မင်းကြီးကို 
ဘယ်လိုဧည့်ဝတ်ပြုကြမလဲဆိုတာနဲ့
ဧကရာဇ်မင်းကြီးက 
ဘာလက်ဆောင်ပဏ္ဏာများယူလာမလဲ
ဆိုတာတွေနဲ့ပဲ ပြည့်နှက်နေကြတော့တာ။
ဒါကြောင့်မို့ ဧကရာဇ်မင်းကြီးအနေနဲ့
ဒီလို မလာတော့ဖို့ ‌တောင်းဆိုချင်တာပါ။
ရသေ့လေးတွေက ဝိညာဥ်ရေးရာမှာ 
မရင့်ကျက်ကြသေးပါဘူး" 

#သည်းနယူး
#ဝိညာဥ်ရေးရင့်ကျက်ခြင်း
#၂၂ဧပြီ၂၀၂၄