🌀ဘုန်းတော်ကြီ Silvanus Razzi ပြောပြတဲ့
မယ်တော့်အပေါ်အထူးသဒ္ဓါကြည်ညိုမှုရှိတဲ့
လူငယ်လေးတစ်ယောက်အကြောင်း။
သူက မယ်တော့်ရဲ့တန်ခိုးလက္ခဏာ၊
အိပ်မက်ရူပါရုံနဲ့
ထင်ရှားပြတဲ့အကြောင်းတွေ
မကြာခဏ ကြားရဖတ်ရဖန်များတော့
မယ်တော့်ကို တွေ့ချင်ဇောကြီးနေခဲ့တယ်။
🌀ဒီလိုနဲ့
စိပ်ပုတီးစိပ်တိုင်း မယ်တော့်ကို
ဖူးမြင်ခွင့်ရဖို့ စတင်တောင်းလျှောက်တော့တယ်။
မယ်တော်သခင်မက သိကြားတမန်ကို
စေလွှတ်ပြီး အမေ့ကိုဖူးမြင်ခွင့်ရပြီးပြီဆိုရင်
မျက်စိနှစ်ဖက်လုံးကွယ်သွားမှာဖြစ်ကြောင်း
ပြောပြခိုင်းတယ်။
ဘာပဲဖြစ်ဖြစ် တွေ့ပါ့မယ်လို့ သူဆုံးဖြတ်တယ်။
မယ်တော်ချိန်းချက်ထားတဲ့နေ့မှာ
ထင်ရှားပြပြီး လူငယ်လေးကို
မြင်တွေ့ဖူးမျှော်စေခဲ့တယ်။
လူငယ်လေးက မျက်စိတစ်ဖက်အုပ်ပြီး
မယ်တော့်ရဲ့ကြည်ညိုစရာ၊
လှပလွန်းတဲ့ရုပ်အဆင်းသဏ္ဍာန်ကို
ငေးမောကြည့်ရှူပြီး စိတ်ကြည်နူးချမ်းမြေ့သွားရတယ်။
🌀သူ့ရဲ့မျက်စိတစ်ဖက်ကွယ်သွားခဲ့ရပေမယ့်
ကျေနပ်အားရမှုအပြည့်နဲ့
နောက်တစ်ခါထပ်တွေ့ဖို့ကိုတောင်
စိတ်အလိုဆန္ဒပြင်းပြနေခဲ့သေးတယ်။
ကျန်မျက်စိတစ်ဖက်ပါ ကွယ်သွားမယ်မှန်းသိပေမယ့်
မယ်တော့်ကို နောက်ထပ်တစ်ကြိမ်
ဖူးမျှော်ခွင့်ရဖို့ ပြန်တောင်းဆိုတယ်။
မယ်တော့်ကိုချစ်တဲ့စိတ်က
သူ့ရဲ့စက္ခုအာရုံအမြင်တွေကိုတောင်
ဆုံးရှုံးသွားရပါစေ...
ကျေနပ်အားရဝမ်းမြောက်ပြီး
ဂုဏ်ယူဝင့်ကြွားနေဦးမှာပါပဲ။
🌀သူ့ရဲ့ပြင်းပြတဲ့ဆန္ဒ၊
မယ်တော့်အပေါ်အထူးသဒ္ဓါကြည်ညိုမှုရှိခြင်းတွေကြောင့်
ဒုတိယအကြိမ် မယ်တော်ထင်ရှားပြတဲ့ချိန်မှာတော့
သူ့ရဲ့ကွယ်နေတဲ့မျက်စိတစ်လုံးပါ
ပြန်မြင်ခွင့်ရခဲ့ပါတော့တယ်။
ကြင်နာသနားတတ်တဲ့မယ်တော်က
ဘယ်တော့မှ မရက်စက်တတ်ဘူးဆိုတာ
သူ့ဘဝနဲ့ သက်သေခံကြွေးကြော်နိုင်ခဲ့ပါတယ်။
*St.Aphonsus Liguori ရေးသားသော
"The Glories of Mary" စာအုပ်မှ
ထုတ်နုတ်ဘာသာပြန်ထားပါသည်။
#သည်းနယူး
#ဖူးမျှော်ခွင့်ပေးပါ
#၁၂ဇန်နဝါရီ၂၀၂၄