၁။ နိဒါန်း
စိန်မေရီကယ်သီဒြယ်မူကြိုကျောင်း၏
၂၀၂၃ - ၂၀၂၄ ခုနှစ်အတွင်းလုပ်ငန်းဆောင် ရွက်ချက်များသိရှိနိုင်ပါရန်
ဤအစီရင်ခံစာကို တင်ပြရခြင်းဖြစ်ပါသည်။
၂။ တည်နေရာ
စိန်မေရီကယ်သီဒြယ်မူကြိုကျောင်းသည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ
(၄)၊ အိမ်အမှတ် (၅၃) မာကု ရပ်ကွက်တွင်တည်ရှိ
ပါသည်။
၃။ ရည်ရွယ်ချက်
(က) စိန်မေရီကယ်သီဒြယ်မူကြိုကျောင်းသည်
ကလေးသူငယ်များ၏ အသက်အရွယ်လိုက် ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု
ရရှိစေရန်။
(ခ) လူအများနှင့် ပေါင်းသင်းဆက်ဆံတတ်ပြီး
ယဉ်ကျေးလိမ္မာ၍ စာရိတ္တကောင်းမွန် သောသူများဖြစ်လာစေရန်။
(ဂ) စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပျော်ရွှင်စွာသင်ယူ တတ်မြောက်ချင်သော
စိတ်ဓါတ်ပိုင်ဆိုင်သူများ ဖြစ်လာစေရန်။
(ဃ) မိမိကိုယ်ကို အားကိုးတတ်သူဖြစ်လာပြီး
တာဝန်ကျေပွန်စွာ သင်ယူတတ်မြောက်ချင် သော စိတ်ဓါတ်ပိုင်ဆိုင်သူများ ဖြစ်လာစေရန်။
(င) နိုင်ငံတော်အတွက်
အနာဂတ်ကြယ်ပွင့်လေးများဖြစ်သည့် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးမှု အခြေခံကောင်းများရရှိလာစေရန်
ရည်ရွယ်ပါသည်။
၄။ မူကြိုကျောင်း၏ ကော်မတီဝင်များနှင့် န. ဃ
အဖွဲ့ဝင်များ
စိန်မေရီမူကြိုကျောင်း
ကြီးကြပ်ရေးကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းထား ပါသည်။ ကော်မတီဝင်များ -
(၁) ဥက္ကဌ - မာကုထဲအိုးဇကပ်
(၂) ဒု-ဥက္ကဌ - ပေါလ်နန်ခေါ်ဒါးလ်
(၃) အတွင်းရေးမှူး - ပေါလ်ထန်လျန်းပေါင်
(၄) တွဲဘက်/အတွင်းရေးမှူး - ဂျိုးဇက်ထန်လျန်းဟန်
(၅) ဘဏ္ဍာရေးမှူး - မာရီယားဝုန်လတ်ဒိမ်
(၆) တွဲဘက်/ဘဏ္ဍာရေးမှူး - ဒေနဲလ်တွာလ်ဆွင်းလန့်တို့ဖြစ်ကြပါသည်။
(၇) E.C အဖွဲ့ဝင်များ -
- ပီတာခန်ဒိုကိမ်း
- ဂျွန်နားညာန်းဇမ်းကျိန်
- ရိုစ်မန်းလျန်ကျိန်
- အာနားအေးနီခိုင်
- နီကောလတ် လာလ်ရှန်းစန်တို့ဖြစ်ကြပါသည်။