Hello Everyone! My Page is still under construction! Thank You for your visit.

စိန်မာကုရပ်ကွက်ရှိ စိန်မေရီကယ်သီဒြယ်မူကြိုကျောင်း၏ ကျောင်းသား/သူများ အခြေအနေ

 

            ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စိန်မေရီကယ်သီဒြယ်မူကြိုကျောင်း၌ ကလေးသူငယ် (၇၁)ဦးကို (၁၅.၅.၂၀၂၃)နေ့မှစလက်ခံပြီး (၆.၆.၂၀၂၃)နေ့မှစ၍ လက်ခံသင်ကြားပေးပါသည်။ ဇွန်၊ ဇူလိုင်၊ သြဂုတ်လအတွင်းတွင် ကျောင်းသား/ကျောင်းသူ (၄)ဦးထပ်မံလက်ခံခဲ့ပါသည်။ သို့သော် နိုင်ငံရေးအခြေအနေများကြောင့် စစ်ဘေးရှောင်တစ်ချို့ရှိသဖြင့် ကျောင်းသား/ကျောင်းသူ (၅၄)ဦးသာ ကျန်ရှိပါသည်။

 

            -           ကျောင်းဝင်ကြေးများကို ကလေးတစ်ဦးလျှင်                  (၁၀၀၀ဝိ/-)ကျပ်

            -           တစ်နှစ်ပတ်လုံးစာရေးကိရိယာနှင့် ရေသန့်ဖိုး                (၁၅၀၀ဝိ/-)ကျပ်

            -           ကျောင်းဝတ်စုံ (၁)စုံလျှင် (၁၅၀၀ဝိ/-)ကျပ် စုစုပေါင်း (၄၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် သတ်မှတ် ခဲ့ပါသည်။ လစဉ်ကြေးများကို ကျောင်းသား/ကျောင်းသူတစ်ဦးလျှင် တစ်လ (၇၀၀ဝိ/-)ကျပ် ကောက်ခံ ခဲ့ပါသည်။ အခက်အခဲရှိသော ကျောင်းသား/ကျောင်းသူ (၂)ဦးကိုလည်း အခမဲ့တက်ရောက် ပညာသင်ခွင့် ပေးထားပါသည်။ ကျောင်းသား/ကျောင်းသူများ၏ မနက်စာကို ဆန်ပြုတ်ကျွေးမွေး၍ နေ့ခင်းပိုင်းတွင် မုန့်ပဲသွားရေဆာကျွေးပါသည်။ ကလေးများဆန်ပြုတ်အတွက် စိန်မေရီမိခင်အဖွဲ့မှ တစ်လ လျှင် ဆန်(၈)ပြည် အခမဲ့ပေးပြီး (၁၀)ပြည်ကို ကျောင်းဝင်ငွေမှ ထပ်မံဝယ်ယူပါသည်။ စိန်မေရီမူကြိုကျောင်းတွင် မူကြိုဆရာမ (၃)ဦးနှင့် ညစောင့် (၁)ဦး စုစုပေါင်း (၄)ဦးကို စိန်မေရီဘတ်ဂျက်မှ လစဉ် (၁)ဦးလျှင် (၇၅၀၀ဝိ/-)ကျပ် ဖြင့်ထောက်ပံ့ပေးခဲ့ပါသည်။ ဆန်ပြုတ်ချက်အကူ (၁)ဦးကို ကျောင်းဝင်ငွေမှ (၁)လလျှင် (၃၀၀၀ဝိ/-)ကျပ်ဖြင့် ငှားရမ်းထားပါသည်။

            စိန်မေရီကယ်သီဒြယ်မူကြိုကျောင်း၏ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ကျောင်းဆင်းပွဲနှင့်ဘွဲ့နှင်းကို (၂၇.၂.၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်၍ ဘွဲ့ယူသည့် ကျောင်းသား/ကျောင်းသူ (၃၄)ဦးရှိပါသည်။ အဆိုပါ ကျောင်းဆင်း ပွဲတွင် စိန်မေရီကယ်သီဒြယ်ဘုရားကျောင်းရှိ လက်ထောက်ဘုန်းကြီး Fr. Mark Khai Khan Dal နှင့် စစ္စတာရ် ထရေဇား၊ မူကြိုကြီးကြပ်ရေးကော်မတီဝင်များ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ၏ မိဘဆွေမျိုး များ/လူငယ် E.C များတက်ရောက်ကြပါသည်။

 

မှတ်ချက်         

            နှစ်ချုပ်ငွေစာရင်း ရငွေ/သုံးငွေ ပူးတွဲတင်ပြအပ်ပါသည်။

 

            စိန်မေရီမူကြိုကျောင်းတာဝန်ခံ

            (ဝုန်လတ်ဒိမ်)

 

ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်