Hello Everyone! My Page is still under construction! Thank You for your visit.

လွယ်လွယ်သုံးနေကြသော RIP စကားစု၏သမိုင်း

ယနေ့သည်တနလ်ာနေ့ဖြစ်ပါသည်။ အမိသာသနာအနေ ဖြင့် တနလ်ာနေ့၌ ကွယ်လွန်သွားကြသူများအဖို့ဆု တောင်းပေးရန်အ စဉ်တိုက်တွန်းနိုးဆော်သည်။ ထို့သို့ဆုတောင်းရာ၌ RIP ဟုအတိုကောက်ရေး သားကြပြီး၊ အရှည်ကောက်မှာ Rest in Peace ဟုဆု တောင်းကြသည်။ 

ထိုသို့ဆုတောင်းနေကြသော်လည်း ဤစကားစု၏သမိုင်းကို သိကြသူရှိသကဲ့သို့မသိကြသူများလည်းရှိကြပေမည်။

        သမိုင်းဟူသည် အနေမှန်သူ၊ အမှန်တရားကိုမြတ်နိူးသူတို့အတွက် ဖုံးဖိစရာမဟုတ်ပေ။ သမိုင်းဟုဆိုရာ၌အကောင်းကြီးပဲလည်းမရှိ နိုင်ရာ။ အ မှား၊ ချွတ်ချော်မှုများလည်းရှိနေမည်မှာသေချာပါသည်။ အကောင်းကို ပို ကောင်းအောင်၊ အမှားကိုမှန်အောင်၊ ချွတ်ချော်မှုကိုတည့် မတ်အောင်ပြုပြင် ယူရမည်ဟုစာရေးသူခံယူပါသည်။ အချို့ကားသမိုင်းကိုပြည်ဖုံး ကားချထား ချင်သည်။ ရပါသလား မရ။ သမိုင်းသည် အမှန်ကိုလည်း ကောင်း၊ အမှားကို လည်း ကောင်း မှတ်တမ်းတင်သူဖြစ်သည်။ သမိုင်းကိုလက်မခံ၊ သမိုင်းလိမ်ရန်၊ သ မိုင်းကိုပြင်ရန်ကြိုးစားလေ အမှားဆင့်ကဲ လာလေဖြစ်သည်။ သမိုင်း လိမ်ချင် သူ၊ သမိုင်းကိုဖျောက်ချင်သူ၊ အဖွဲ့အစည်းများသည် မရိုးသား၍၊ အမှားကို လက်မခံဝံ့သောကြောင့်သာဖြစ်ပါ သည်။

 လူသာသမိုင်းရှိသည်မဟုတ်။ သတ္တဝါများ၊ အပင်များ၌လည်း သမိုင်း ကိုယ်စီရှိကြပါသည်။ ထို့အတူလူတို့၏လက်သုံးစကားများ၌ လည်း ဘယ် သူကစတင်ထွင်ခဲ့၊ မည်သည့်ခေတ်ကာလ၌စတင်သုံးစွဲခဲ့ သည့်သမိုင်း များရှိ ပါသည်။ 

RIP စကားစုကိုကျမ်းစာ၌ပါပါသလော။

 ထိုစကားလုံးကား ‘RIP’ ဖြစ်ပါသည်။ အရှည်ကောက်မှာ Rest in Peace ဖြစ်ပါသည်။ အရာရာကိုကျမ်းစာထဲဖော်မပြထားဟု အ တတ် ကျူးကြသော်လည်း ၄င်းတို့ကိုယ်တိုင်လည်းသုံးနှုန်းနေကြသောသူတို့၏ရန်ကိုကာကွယ်ရန် ကျမ်းစာထဲတွင် စကားစုအပြည့်ဖော်ပြ ထားခြင်း ကိုမတွေ့ရ။ Rest ဆိုသော်စကားလုံး၊ Peace ဆိုသော်စကားလုံးကို အခြားသောအကြောင်းအရာများ၌ သီးခြားစီသုံးနှုန်းထားသည် များကို သာတွေ့ပါသည်။ ထို့ကြောင့် ဤအဓိပ္ပါယ်မျိုးဖြင့် တိုက်ရိုက်သုံးနှုန်း ထား သည်ကို ကျမ်းစာ၌မတွေ့ရပါ။ သေသူတို့၏အေးချမ်းသာ ယာသောသုခ ကိုစံစားရန်မှာမူ ယေဇူသခင်၏တရားတော်လာအနှစ်ချုပ်ဖြစ်၍ သွယ်ဝိုက် ၍သာပါပါသည်။ 

RIP ၏သမိုင်း

 ဤဝေါဟာရ၏ မူလအရင်းအမြစ်ကား လာတင်း ဘာသာစကား မှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ မူရင်းလာတင်းဘာသာစကားကား ‘Requiescant in Pace’ ဟုဖြစ်ပါသည်။ ဆိုလိုရင်းအဓိပါယ်မှာ Rest in Peace သာဖြစ်ပါသည်။ (၁၈) ရာစုမှစ၍ ကွယ်လွန်သွားသောသူများ အ တွက် ဆုတောင်းပေးသည့် ဆုတောင်းမေတ္တာတိုလေးအဖြစ် သွင်သွင် ကျယ်ကျယ်သုံးနှုန်းစွဲလာခဲ့ကြသည်။ နှုတ်ဖြင့်ရွတ် ဆိုသောအစဉ်အ လာ သည် (၁၈) ရာစုမှသာအသုံးများလာခဲ့သော်လည်း၊ ကွယ်လွန်သွား သူများ ၏အုတ်ဂူများပေါ်တွင် ရေးထိုး ဆုတောင်းပေးသည့်အလေ့အထ ကိုမူ (၅) ရာစုမှစ၍မြင်တွေ့နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုးများလည်း သုံးနှုန်းခဲ့သည့်အထောက်အထားများလည်းတွေ့ရပါ သည်။ 

အဘယ်ကြောင့်ဤသို့ဆုတောင်းပေးကြသနည်း။

 အဘယ်ကြောင့်ဤသို့ဆုတောင်းပေးကြရသနည်းဟုမူ တပည်တော် ကြီးသံဃာတော်တို့စီရင်ရေးထားသော ယုံကြည်ခြင်းအချုပ် တွင် ယေဇူး သခင်သည်ကောင်းကင်ဘုံမှဆင်းကြွလာ၍ သေသူ၊ ရှင်သူတို့ကိုစီရင် တော်မူမည့်အကြောင်း၊ သေသူတို့၏ရှင်ပြန်ထမြောက်ခြင်း ကိုယုံကြည် ပါကြောင်းပါပါသည်။ သေသူတို့၏ရှင်ပြန်ထမြောက်ခြင်း၌ ဝိညာဉ်သက် သက်ရှင်ပြန်ထမြောက်ခြင်းဟု အချို့သောခရစ်ယာန်များ မှားယွင်းစွာ သွန် သင်ခြင်းမျိုးမဟုတ်။ ယေဇူးသခင်သည် နာမ်နှင့်ဝိညာဉ်နှစ်ပါးဖြစ်ပြန် ရှင်ခဲ့ သည်။ ယေဇူးသခင်သည် မားသာရ်အားမိန့်တော်မူ သည်မှာ ‘ငါသည် ရှင် ပြန်ထမြောက်ခြင်းဖြစ်။ အသက်လည်းဖြစ်။ ငါ့ကိုယုံကြည်သောသူသည် သေပြီးသော်လည်း အသက်ရှင်လိမ့်မည် (ရှင် ယောဟန် ၁၁း၂၅)’ ရှင်ပေါ လုကလည်း ‘ဘုရားသခင်သည် သခင်ဘုရားကိုရှင်ပြန်ထမြောက်စေခဲ့ပြီး မိမိတန်ခိုးတော်အားဖြင့် ငါတို့ကိုလည်း ရှင်ပြန်ထမြောက်စေတော် မူလိမ့် မည်။ ငါတို့၏ခနွာကိုယ်များသည် ခရစ်တော်၏ခန္ဓာကိုယ်အ စိတ်အပိုင်း များဖြစ်ကြ၏ (ပကော်ရိန်သု ၆း၁၄-၁၅)’ ကျွန်ုပ်တို့တစ်ဦးစီ၏ ရှင်ပြန် ထမြောက်ခြင်းသည်လည်း နာမ်နှင့်ဝိညာဉ်နှစ်ပါးလုံးပါသည်ဟု ကက်သ လစ်သာသနာတော်သည်သွန်သင် ပါသည်။ အဘယ်သို့နည်းဟုမေး လာ လျင် သာသနာတော်ကစီမံသည်မဟုတ်။ ဤအမှုကားဘုရားသခင် စီရင် သောအမှုဖြစ်သည်။ ထို့ကြောင့် ယုံကြည်ရုံမှတပါးအခြားမရှိပေ။ ထို့ ကြောင့်ကွယ်လွန်သွားသူကို ဖန်ဆင်းခြင်းနေ့၏ရည်ရွယ်ချက်ဖြစ်သော ဘုရားသခင်ကိုသိရန်၊ ချစ်ရန်၊ အ စေခံရန်နှင့်သူနှင့်စံစားခွင့် ရရန်ဆု တောင်းမေတ္တာပို့သခြင်း၊ ဘုရားသခင်ရှေ့တော်၌မထိုက်တန်သူဖြစ်က သနားခွင့်လွှတ်ခြင်းဖြင့်လက်ခံပေးရန် အသနားခံပေးခြင်းဖြစ်သည်။ 

ကွယ်လွန်သူများအတွက် ဆုတောင်းပေးသော အလွန်လှပ၊ ထိရောက်သော ကက်သလစ်သာသနာ၏ဆုတောင်းမေတ္တာတို

 Eternal rest grant unto him/her/them O Lord; 
 အိုသခင်၊ ထာ၀ရငြိမ်းချမ်းရာကို သူ (သူတို့) အားပေးသနားတော်မူပါ။
            and Let Perpetual Light shine upon him/her/them; 
 ထာ၀ရအလင်းတော်သည် သူ့(သူတို့) အပေါ်သို့ထွန်းလင်းပါစေ။
May he/she/they rest in Peace. 
သူ (သူတို့) သည်ထာ၀ရငြိမ်းချမ်းပါစေ။
            Amen. အာမင်ပင်ဖြစ်ပါသည်။ 

မှတ်ချက်။ ။RIP ဟုရေးသားဆုတောင်းဖြစ်တိုင်း သမိုင်းကိုလည်းမမေ့ပါနှင့်။ သမိုင်းမရှိဘဲမည်သည့်အရာမျှဖြစ်တည်မလာခဲ့ပါ။ သမိုင်းမရှိ၊ သမိုင်းမဲ့သောအသင်းအဖွဲ့များသာလျင် ၀င်ကစွပ်ကောင်ဖြစ်ရပါသည်။

#ICJM
Crd- Cle Pile