Hello Everyone! My Page is still under construction! Thank You for your visit.

သန့်ရှင်းသောရက်သတ္တပတ်၏နေ့များကိုဆင်ခြင်ခြင်း

(၁) မေတ္တာပန်းပွဲတနဂ်နွေနေ့ ... ယေဇူးသခင်ဂျေရုဆလင်မြို့ထဲသို့ ဘုရင်တစ်ပါးကဲ့သို့ကြွ၀င်ခဲ့သည်။ ဘုရားသခင်သည် ယေဇူးသခင်၏ပူဇော်ခြင်းကိုပြင်ဆင်ထားသည်။ 


(၂) တနလ်ာနေ့ ... ယေဇူးသခင်ဗိမာန်တော်ကိုရှင်းလင်းခြင်းနှင့်သဖန်းပင်ကိုကျိန်ခြင်း၊ ဘုရားသခင်သည် ယေဇူးသခင်၏ပူဇော်ခြင်းကိုလက်ခံမည့်သူများကိုပြင်ခြင်ထားသည်။ 

(၃) အဂ်ါနေ့ ... ယေဇူးသခင် ဂျေရုဆလင်ဗိမာန်တော်ထဲ၌နောက်ဆုံးအကြိမ်သွန်သင်တော်မူခြင်း၊ ဘုရားသခင်သည် ယေဇူးသခင်၏ပူဇော်ခြင်းကိုလာရောက်ပါ၀င်ရန်ဖိတ်ခေါ်သည်။

(၄) ဗုဒ္ဓဟူးနေ့ ... ယုဒယေဇူးသခင်အားသစ္စာဖောက်ခြင်း၊ မာရိယာကနာဒုဆီမွှေးဖြင့်ယေဇူးသခင်အားလိမ့်းကျံပေးခြင်း၊ ဘုရားသခင်သည် သူ၏ဖိတ်ခေါ်ချက်ကိုတုန့်ပြန်မည့်သူများကိုစောင့်စားနေသည်။ 

(၅) ကြာသပတေးနေ့ကြီး ... ယေဇူးသခင်သည် သူ၏ခန္ဓာတော်မြတ်နှင့်သွေးတော်အားနောက်ဆုံးညစာစားပွဲတည်ခင်းပူဇော်ခြင်း၊ ဘုရားသခင်သည် သူ၏ပူဇော်ခြင်းကိုစီရင်ကျင်းပသည်။ 

(၆) သောကြာနေ့ကြီး ... ယေဇူးသခင်လက်၀ါးကပ်တိုင်ပေါ်၌သက်တော်ကုန်ဆုံးခြင်း၊ ဘုရားသခင်သည် သူ၏ပူဇော်ခြင်းကိုအမွှေးနံ့သာကဲ့သို့လက်ခံ တော်မူသည်။ 


(၇) စနေနေ့ကြီး ... ယေဇူးသခင်သည် အောက်နိမ့်ရာအရပ်၌ရှိနေကြသော ဓမ္မဟောင်းကာလမှရဟန္တာသူတော်သူမြတ်တို့အားကောင်းကင်ဘုံစံအိမ်သို့ခေါ်ဆောင်သွားခြင်း၊ ဘုရားသခင်သည်သူ၏ရဟန္တာသူတော်သူမြတ်တို့အားသူ၏ အိမ်တော်၌လက်ခံသည်။ 

ရှင်ပြန်ထမြောက်သောတနဂ်နွေနေ့ ... ယေဇူးသခင်ရှင်ပြန်ထမြောက်ခြင်း၊ ဘုရားသခင်သည် ယေဇူးသခင်အားဖြင့်ကျွန်ုပ်တို့အားထာ၀ရအသက်ကိုပေးသည်။ ဤထာ၀ရအသက်သည် ထာ၀ရရတနာအမှန်စင်စစ်
ဖြစ်သည်။

#ICJM