Hello Everyone! My Page is still under construction! Thank You for your visit.

ဒီနေ့မေတ္တာပန်းပွဲ (သို့) ယေဇူးသခင်ဒုက္ခဝေဒနာခံထမ်းခြင်း (သို့) သန့်ရှင်းသောရက်သတ္တပတ် (သို့) ယေဇူးသခင်သည်ဘုရားသခင်ထံမှကြွလာသောမက်ဆီးယာအဖြစ်တရား၀င်ဖော်ပြသောပွဲနေ့ ..


(၁) ပါစကားပွဲအတွက်ပြင်ဆင်ရာသိမှတ်ထားရမည့်အကြောင်းအရာများ ..

ဝါတွင်းကာလ ဆဌမပတ်အားဝိညာဉ်ရေးရှုထောင့်နှင့်ကိုက်ညီအောင်မည်သို့ခေါ်ကြသနည်း။
(၁) မေတ္တာပန်းပွဲ (အုန်းခက်ပွဲ)၊ 
(၂) ယေဇူးသခင်ဒုက္ခ‌ေ၀ဒနာခံထမ်းသောအပတ်၊
(၃) သန့်ရှင်းသော ရက်သတ္တပတ်၊
(၄) ယေဇူးသခင် မက်ဆီးယာအဖြစ်ကိုတရား၀င်ဖော်ပြသောရက်သတ္တပတ် ဟုလည်းခေါ်ဆိုနိုင်ပါသည်။ 

ကျမ်းစာတော်မြတ်၌ အုန်းခက်များသည်မည်သည့်အနက်ကိုဆောင်သနည်း။
 အုန်းခတ်၊ အုန်းလက်များသည် 
(၁) ငြိမ်းချမ်းခြင်း၊ 
(၂) ဖြောင့်မတ်ခြင်း၊ (ဆာလံ ၉၂း၁၂) 
(၃) တိုးပွားခြင်း၊ ကြွယ်၀ခြင်း)  
(၄) အောင်နိုင်ခြင်း (သံမာတေဦး ၂၁း၁-၁၁၊ သံမာကု ၁၁း၁-၁၁၊ သံလုကာ ၁၉း၂၈-၄၄၊ သံယောဟန် ၁၂း၁၂၀၁၅၊ ဒု တီမောသေ ၄း၆-၈၊ ဗျာဒိတ်ကျမ်း ၇း၉)၊
 - အိုလံပစ်ပွဲ၌ အောင်ပွဲရသောအားကစားသမားများကို ‘သရဖူ’ ပေးလေ့ရှိသည်။ 
(၅) ထာ၀ရအသက်ရှင်ခြင်း၊ 
(၆) ပျော်ရွှင်ခြင်း၊ (မာလာခိ ၉း၉၊ ဒု ဓမ္မ ၉း၁၃)

အီဂျစ်လူမျိုးတို့၏ယဉ်ကျေးမှု၌တွေ့ရသော ‘အုန်းခက်’

အီဂျစ်လူမျိုးတို့သည် အုန်းခက်များကိုဘာသာရေးအခမ်းအနားများ၌လည်းအသုံးပြုကြသည်။ အီဂျစ်လူမျိုးတို့၏ယဉ်ကျေးမှု၌ ယနေ့ထိတိုင် ‘အနုပညာလက်ရာ’ များ၌ အုန်းခက်များကိုအသုံးပြုသည်။ အထူးသဖြင့် သင်္ချိုင်းအုတ်ဂူများ၊ ဘာသာရေးအဆောက်အဦးများ၌ရေးဆွဲသောပန်းချီကားများ၌ ထည့်သွင်းရေးဆွဲလေ့ရှိသည်။ ထို့ကြောင့် အီဂျစ်လူမျိုးတို့သည် အုန်းခက်ကို ‘ရှင်ပြန်ထမြောက်ခြင်း’ ၏အ မှတ်သင်္ကေတအဖြစ်လည်းအသုံးပြုသည်။

မက်ဆိုပိုတေးမီးယားဒေသမှလူမျိုးတို့ယဉ်ကျေးမှု

 မက်ဆိုပိုတေးမီးယားသည် နိုင်ငံတစ်ခုမဟုတ်။ သမိုင်းမတင်မှီနှင့်သမိုင်းဦးဘုံမြေခေတ်ကဒေသတစ်ခုကိုခေါ်ဆိုသုံးနှုန်းသောဒေသတစ်ခုဖြစ်သည်။ ထိုဒေသ၌ ယနေ့ခေတ် အီရန်၊ အီရတ်၊ ဆီးရီးယား တို့ပါ၀င်ခဲ့သည်။ သို့သော် မျက်မှောက်ခေတ်၌ ၄င်းတို့သည် မိမိတို့ပိုင်နက်၊ မိမိတို့အစိုးရ၊ မိမိတို့နိုင်ငံ၏ဖွဲ့ စည်းအုပ်ချုပ်ပုံများဖြင့်သီးခြားနိုင်ငံများအဖြစ်တည်ရှိနေသည်။ ဘာဘီလုံလူမျိုးတို့သည် အုန်းခက်ကို ‘ကြွယ်၀ခြင်း၊ အလှအပ’ ၏သင်္ကေတအဖြစ်အသုံးပြုကြသည်။ သန့်ရှင်းသောအပင်ဟုလည်းသတ်မှတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် အုန်းပင်သည် စားသုံး၍လည်းရသည်။ အရိပ်လည်းပေးသည်။ အိမ်ဆောက် လုပ်ရန်လည်းအသုံးပြုနိုင်သည်။ အနုပညာလက်ရာများဖန်တီးရာလည်း အသုံး၀င်သည်။ 

(၂) ခရစ်ယာန်များနှင့် ‘အုန်းခက်’ ကိုအသုံးပြုခြင်း

 ခရစ်ယာန်သမ္မာကျမ်းစာထဲ၌ ‘အုန်းပင်’ နှင့်စပ်လျင်း၍အကြိမ်များစွာဖော်ပြထားသည်။ အနက် အမျိုးမျိုးကိုလည်းဆောင်သည်။ ဥပမာအားဖြင့် ယေဇူးသခင်အားဂျေရုဆလင်မြို့အ၀င်၌ကြိုဆိုစဉ် အုန်း လက်များဖြင့်‌ဝှေ့ယမ်းကြိုဆိုခြင်းသည် ‘အောင်မြင်မှု’ ၏သင်္ကေတဖြစ်သည်။ ၄င်းအပြင် ‘ငြိမ်းချမ်းရေး၊ ဖြောင့်မတ်ခြင်း၊ ကြွယ်၀ခြင်း၊ တိုးပွါးခြင်းကိုလည်း အဓိပ္ပါယ်ဆောင်သည်။ 

အရှေ့အလယ်ပိုင်းဒေသ၌ အုန်းပင်များကိုအသုံးပြုခြင်း

 အီစ္စလာမ်ဘာသာရေးနှင့်ယဉ်ကျေးမှုလည်း အုန်းပင်သည်အလွန်အရေးပါသောအပင်တစ်မျိုးဖြစ်သည်။ စွန်ပလွန်ပင်နှင့်လည်းစပ်လျင်းသည်။ ကိုရမ်ကျမ်း၌ စွန်ပလွန်ပင်နှင့်စပ်လျင်း၍များစွာဖော်ပြထားသည်။ စားကုန်အဖြစ်အသုံးပြုသောစွန်ပလွန်သီးမှ အာဟာရဖြစ်စေသည်။ စွန်ပလွန်ပင်သည် ‘ကောင်း ချီး၊ ဧည့်သည်များအားကျွေးမွေးနိုင်သောကြောင့် ဧည့်၀တ်ပြုဌာခြင်း၊ အာဟာရပေးစွမ်းသောအပင်အဖြစ်အ လေးထားဖော်ပြကြသည်။   

အပူပိုင်းနှင့်ကန္တရဒေသယဉ်ကျေးမှုနှင့်အုန်းပင်များ

 အပူပိုင်းနှင့်ကန္တာရဒေသ၌နေထိုင်ကြသောလူမျိုးစုတို့သည် အုန်းပင်အနွယ်၀င်အပင်များကို အသက်ရှင်နေထိုင်နိုင်ရေးအတွက်မှီခိုအားထားကြရသည်။ အစားအစာလည်းရစေသကဲ့သို့၊ အမိုးအကာ၊ ထ ရံ၊ အနုပညာလက်ရာများဖော်ကျူးရာ၌အသုံးပြုလေ့ရှိသည်။ ဤဒေသရှိလူမျိုးစုတို့သည် အုန်းပင်အနွယ်၀င် များကို ပြန်လည်ရှင်သန်ခြင်း၊ ခံထမ်းနိုင်ခြင်း၊ သဟဇာတဖြစ်အောင်နေထိုင်ခြင်း စသောအနက်ကိုဖော်ဆောင်သည့်အပင်အဖြစ်သတ်မှတ်သည်။  

မျက်မှောက်ခေတ်ကာလ

 မျက်မှောက်ခေတ်၌မူ အုန်းပင်အနွယ်၀င်အပင်များကို အနားယူအပန်းဖြေသောနေရာ၊ စိတ် ဖိစီးမှုများကိုဖြေလျော့သောနေရာ၊ အပူပိုင်းဒေသ၏အမှတ်သင်္ကေတအဖြစ်မြင်တွေ့သတ်မှတ်ကြသည်။ ပင် လယ်ကမ်းစပ်ဒေသအပင်၊ ခရီးသွားလုပ်ငန်းများ၏အမှတ်သက်ေတ၊ ဇိမ်ခံသည့်နေရာဒေသအဖြစ်ဖော်ဆောင်ကြသည်။ 

(၃) အုန်းပင်အနွယ်၀င်အပင်နှင့်ဝိညာဉ်ရေးအနက်အဓိပ္ပါယ်

 ခရစ်ယာန်များအနေဖြင့် အုန်းပင်အနွယ်၀င်အပင်များဟုဆိုလိုက်လျှင် ယေဇူးသခင်ဂျေရုဆ လင်မြို့ထဲသို့ ခမ်းနားစွာ၀င်ရောက်ခြင်းနှင့်တွဲ၍မြင်ကြသည်။ 
 အီစ္စလာမ်ဘာသာ၀င်များအနေဖြင့်လည်း ပရောဖက်မိုဟာမက်ကလည်း ဤအပင်များသည် ‘အာလာရ်’ အရှင်မြတ်ပေးသောလက် ဆောင်၊ ကောင်းချီးဟုဖော်ပြထားသည်။ 
 မည်သို့ပင်ဆိုစေ အုန်းပင်အနွယ်၀င်အပင်များသည် ပြန်လည်ရှင်သန်ခြင်း၊ ကြံ့ကြံ့ခံနိုင်ခြင်းကိုဖော်ဆောင်ပါသည်။

#icjm