မတ်လ၌စိန့်ဂျိုးဇက်ပွဲနေ့ကိုခမ်းနားစွာကျင်းပကြသည်ကိုသိထားကြသော် သူ့အားအထူးသဒ္ဓါကြည်ညိုရသောလအဖြစ်ကိုမူ သိသူနည်းပါးကြသည်။
မတ်လထက် အောက်တိုဘာလအားစိန့်ဂျိုးဇက် ၏လအဖြစ်ပို၍ ကက်သလစ်ဘာသာတူများသိထားကြသည်။ အဘယ်ကြောင့်ဆိုသော် ဆုတောင်းမေတ္တာ စာအုပ်များ၌ အောက်တိုဘာလတွင်စိန့်ဂျိုးဇက်ထံပြုအပ်သောဆုတောင်းမေတ္တာဖော်ပြပေးထားသော ကြောင့်လည်းဖြစ်ပါသည်။ အမှန်မှာ အောက်တိုဘာလသည် စိတ်ပုတီးလဖြစ်သည်။
အမိကက်သလစ်သာသနာတော်ကြီး၏တစ်နှစ်တာ၀တ်ပြုခြင်း၌ (၁၂) လရှိသည့်အနက် တစ်လစီအား တစ်မျိုးမျိုးကိုကြည်ညိုရန်အားပေးတိုက်တွန်းထားသည်။ သို့သော် ရဟန်းမင်းကြီး၏ ၀တ်ပြုခြင်းဆိုင်ရာရုံးတော်မှတရား၀င်ညွှန်ကြားထားခြင်းမျိုးမဟုတ်ဘဲ အစဉ်အလာရရှေးယခင်ကစ၍ဤသို့ကြည် ညိုလာခဲ့၍ ထိုအစဉ်အလာကိုဆက်လက်ထိန်းသိမ်းလျှက်ရှိသည်။
စိန့်ဂျိုးဇက်အား အမိမယ်တော်မာရိယာ၏ခင်ပွန်းတော်ဟူ၍လည်းကောင်း၊ ယေဇူးသခင်၏ အထိန်းတော်ဟူ၍လည်းကောင်းဂုဏ်ပြုသုံးနှုန်းကြသည်။ မတ်လသည်နှစ်စဉ် အမိကက်သလစ်သာသနာတော်ကြီး၏၀ါတွင်းကာလ၌ကျရောက်လေ့ရှိသည်။ သို့သော် ဤပွဲကိုမူ၀တ်ပြုခြင်းအစီအစဉ်အရရက်ကြီးအခါကြီး (Solemnity) အဖြစ် ခမ်းနားစွာကျင်းပပါသည်။
အမိကက်သလစ်သာသနာတော်ကြီး၏ တစ်နှစ်တာ၀တ်ပြုခြင်းအစီအစဉ်၌ စိန့်ဂျိုးဇက်ကိုအမှတ်ရဂုဏ်ပြု၍ကျင်းပသောပွဲနေ့ (၂) ပွဲရှိပါသည်။(၁) မတ်လ (၁၉) ရက်နေ့ဖြစ်ပြီး ပွဲတော်အမျိုးအစားမှာ ရက်ကြီးအခါကြီးနေ့ဖြစ်သည်။ (၂) မေလ (၁) ရက်နေ့၌ အလုပ်သမားများကိုစောင့်ရှောက်မှိုင်းမသော စိန့်ဂျိုးဇက်ဖြစ်သည်။ အမှန်မှာ ‘သန့်ရှင်းသောအိမ်ထောင်စု’ ပွဲနေ့သည်လည်း စိန့်ဂျိုးဇက်ပါ၀င်ပါသည်။ သို့ သော် တစ်ပါးတည်းမဟုတ်ဘဲ ‘ယေဇူး၊ မာရိယာ၊ ဂျိုးဇက်’ ဟုစုပေါင်းကျင်းပသောကြောင့်မတွက်ပေ။
အဘယ်ကြောင့် မတ်လ (၁၉) ရက်နေ့ကို စိန့်ဂျိုးဇက်ပွဲနေ့ဟုသတ်မှတ်ကျင်းပခဲ့ကြသနည်း။
အဘယ်ကြောင့်မတ်လ (၁၉) ရက်နေ့ကိုစိန့်ဂျိုးဇက်ပွဲနေ့ဟုသတ်မှတ်ကျင်းပရသည်ကိုစဉ်း စားမိခဲ့ကြပါသလော။ သာသနာတော်ကြီးကသတ်မှတ်ကျင်းပသောကြောင့် ထိုနေ့သည်စိန့်ဂျိုးဇက်ပွဲနေ့ဟုသာအလွယ်မှတ်ထားကြမည့်သူများပေမည်။
လွန်ခဲ့သောဆောင်းပါးတစ်ခု၌ စာရေးသူရေးခဲ့ဖူးပါသည်။ အမိကက်သလစ်သာသနာမှရဟ န္တာအဖြစ်တင်မြောက်ခံရသူတို့၏ပွဲနေ့ကိုသတ်မှတ်ရာ၌ ၄င်းတို့ပျံလွန်သောနေ့ကိုသတ်မှတ်ကျင်းပသည်။ အ ဘယ်ကြောင့်ဆိုသော် ၄င်းတို့၏လောကအသက်တာကုန်ဆုံးခြင်းသည် ထာ၀ရအသက်တာ၏ဘုန်းတော်၌ ၀င်စားမွေးဖွားခြင်းဟုဆိုလိုသည်။ ထို့ကြောင့် မတ်လ (၁၉) ရက်နေ့သည် စိန့်ဂျိုးဇက်ပျံလွန်ခဲ့သောနေ့ဖြစ်၍ နှစ်စဉ် မတ်လ (၁၉) ရက်နေ့ကို စိန့်ဂျိုးဇက်၏ပွဲနေ့အဖြစ်သတ်မှတ်ကျင်းပလာခဲ့ခြင်းဖြစ်သည်။
#ICJM