၁။ ခရူးစူးကားတိုင်တော်သည် ယေဇူးသခင် လူသားများအားလုံး၏ကယ်တင်ခြင်းအတွက် သွေး၊ ချွေးမကျန်အောင်သွန်းလောင်း ရင်း၊ နောက်ဆုံးအ ချိန်ထိလျှောက်လှမ်းခဲ့သော ကယ်တင်ခြင်းခရီး (ကားတိုင်တော်ခရီး) ကိုပြန် လည်အမှတ်ရစေ သည်။ ထို့ကြောင့်
ခရူးစူးကားတိုင်တော်လမ်းကိုလျှောက်လှမ်း၊ ထောက်ရှုဆင်ခြင်ပါ။
၂။ အမိုက်မှားမရှိသောလူသားများဖြစ်သောကြောင့် မိမိ၏အမိုက်မှား အတွက်ပြန်လည်ကျေအေးခြင်းကိုရယူရန် အပတ်ဖြေခြင်းစက္ကရာမင်းတူကိုခံယူပါ။ ဖြူစင်ရှင်းသန့်သည့်ကျေး ဇူးတော်အခြေအနေကို ဘုရားသခင်၏ ကျေးဇူးတော်အကူ အညီဖြင့် အတတ်နိုင်ဆုံးဖန်တီးရယူရင်း နေ့စဉ်မစ္ဆားတ ရားကိုပါ၀င်ပူဇော်ပါ။
၃။ မိမိ၏ဝါသနာ၊ စိတ်၀င်စားမှု၊ လုပ်ချင်၊ ကိုင်ချင်၊ ဖြစ်ချင်၊ လိုချင် စသောချင်ခြင်းများကိုအ တတ်နိုင်ဆုံးထိန်း ချုပ်ခြင်းဖြင့် ကိုယ် တော်ရှင်၏ လေးလံသောကားတိုင်တော်ကိုထမ်းရန်အသင့်ပြင်ထားပါ။
၄။ သင်နှင့်အမြဲပါသောအိတ်၊ အ င်္ကျီအိတ်ကပ်၊ ကိုယ်နှင့်ကပ်လျှက်ခရူးစူးကိုဆောင်ထားပါ။
#ICJM