Hello Everyone! My Page is still under construction! Thank You for your visit.

ကျန်းမာခြင်း၏မယ် တော်အကြောင်းသိကောင်းစရာ

Novena to Our Lady of Good Health

            ဤကနေ့၌ ကျန်းမာခြင်းမယ် တျောအားသဒ်ဓါကွညျညိုကွမညျ့ကကျသလစျဘာသာတူမြားသညျ (၉) ရက်တာကိုးသောနိုဗေးနာစတင်ကိုးကြတော့မည်ဖြစ်ပါသည်။ 
           နိုဗေးနာ ၏ဆိုလိုရင်ကား ကိုး ဟုဖြစ်သည်။ သမ္မာကျမ်းစာမှအခြေခံလာသည့်ကြည်ညိုမှုတစ်ခုဖြစ်သည်။ ယေဇူးသခင်သည် သေခြင်းမှရှင်ပြန်ထမြောက်ပြီးနောက် ရက်ပေါင်း (၄၀) တိုင် တပည့်တော်ကြီးတို့အားထင်ရှားပြ၍ ဘုရားသခင်နိုင်ငံတော်အကြောင်းကိုဟောပြောသွန်သင်တော်မူခဲ့၏။ ထို့နောက် ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းကိုခံတော်မူခဲ့သည်။ (တမန်တော်၀တ္ထု ၁း၃-၅၊ ၉) ထို့နောက်သူတို့သည် သံလွင်တောင်မှဂျေရုဆလင်မြို့သို့ပြန်သွား၍မိမိတို့တည်းခိုရာအိမ်၏အထက်ခန်းသို့တက်သွားကြ၍ ယေဇူး ၏မယ်တော်မာရိယာအပါအ၀င် အမျိုးသမီးများ၊ ကိုယ်တော်၏ညီအစ်ကိုများနှင့်အတူတညီတညွှတ်တည်းအဆက်မပြတ်ဆုတောင်းပတ္ထနာပြုလျက်နေကြ၏။ (တမန်တော်၀တ္ထု ၁း၁၂၊ ၁၄) 


ပင်တေကော့စတေပွဲနေ့ ကျရောက်သောအခါ သူတို့အားလုံးသည် တစ်နေရာတည်း၌အတူစုဝေးလကျြရှိနကွေစဉျ သူတို့ရှေ့တွင်လျှာပုံသဣာန်ရှိသောမီးလျှံငယ်များထွက်ပေါ်လာ၍သူတို့အသီးသီး၏အပေါ်၌တည်နေလေ၏။ (တမန်တော်  ၀တ်ထု ၁း၁-၄) ပင်တေကော့စတေ ၏အနက်ကား (၅၀) ဟုအနက်ရသည်။ ဤပွဲကိုပါစကားပွဲပြီးနောက် ရက်ပေါင်း (၅၀) အကြာတွင်ကျင်းပလေ့ရှိသည်။ ထို့ကြောင့် ယေဇူးသခင်ကောင်းကင်ဘုံသို့တက်ကြွသွားပြီး (၁၀) ရကျမွောကျသညျ့နေ့၌သနျ့ရှငျးသောဝိညာဉျတျောဘုရားဆငျးကွှလာခဲ့သညျ။ ထို (၁၀) ကာလ၌၄င်းတို့ သညျဆုတောငျး၍ဝိညာဉျတျောကိုစောငျ့နခေဲ့သညျကိုအစှဲပွု၍ နိုဗေးနာ ကြည်ညိုဆုတောင်းခြင်းအစဉ်အ လာမွေးဖွားလာခဲ့ခြင်းဖြစ်သည်။
  အမိကက်သလစ်သာသနာတော်ကြီးသည် အမိမယ်တော်အားစိတ်ပုတီးစိပ်ခြင်းဖြင့်လည်းကောင်း၊ လိတာနီ ဟုခေါ်သော အမိမယ်တော်၏ဂုဏ်တော်ဖွဲ့ဘွဲ့နာမများကိုဆုတောင်းမေတ္တာကဲ့သို့လည်းကောင်း ရွတ်ဖတ်၍ဂုဏ်ပြုကြသည်။ ဤမယ်တော်၏လိတာနီကိုသမိုင်းမှတ်တမ်းများ၌ အစောဆုံးရွတ်ဆိုပူဇော်ဆု တောင်းလာခဲ့သည်မှာ (၁၅၅၈) ခုနှစ်မှဖြစ်သည်။ ရဟန်းမင်းကြီး Sixtus V ၏လက်ထက်သို့ရောက်လာ သောအခါမယ်တော်၏လိတာနီကို ကမ်ဘာတစျဝှမျးလုံးရှိကကျသလစျသာသနာမြား၌ရှတျဆိုပူဇျောရနျ (၁၅၈၇) တွင်တရား၀င်ကြေညာခဲ့သည်။ ထိုလိတာနီ၌ မယ်တော်၏ဘွဲ့တော် (၄၉) ဘွဲ့ပါရှိပါသည်။ သို့သော် (ဇွန် ၂၀၊ ၂၀၂၀) ၌ရဟန်းမင်းကြီးဖရန်စစ်က မယ်တော်အားချီးမွမ်းသောဘွဲ့တော်အသစ် (၃) ခုကိုဖြည့်စွက်ခဲ့သည်။ ထိုအသစ်ဖြည့်စွက်ခဲ့သောဘွဲ့တော်များမှာ (၁) သနားတတ်သောမယ်၊ (၂) မျှော်လင့်ခြင်း၏မယ်တော် (၃) ရွေ့ပြောင်းဒုက္ခသည်တို့၏နှစ်သိမ့်ရာတို့ဖြစ်ကြသည်။     
        မယ်တော်၏ဘွဲ့တော်များ၌ ကျန်းမာခြင်း၏မယ်တော် ဟုလည်းပါသည်။ ဤဘွဲ့တော်ကိုအဘယ် ကြောင့်ပေးခဲ့၊ အဘယ်ကြောင့်ရလာခဲ့သနည်း။ အမိမယ်တော်အား ကျန်းမာခြင်း၏မယ်တော် ဟုဂုဏ်ပြုနိုင်သည့် သမိုင်း၀င်အဖြစ်အပျက်တစ်ခုရှိခဲ့ပါသည်။ ထိုအဖြစ်အပျက်သည် ပြင်သစ်နိုင်ငံ၊ Pyrenees တောင်ခြေ၊ Gave de Pau မြစ်၌မှေးတင်၍တည်ထားသော လုဒ်မြို့၌ (၁၈၅၈) ခုနှစ်တွင်ဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်ကိုကြုံတွေ့ခံစားခဲ့ရသူမှာ Marie-Bernarde ခေါ် Bernadette ဖြစ်ပါသည်။ သူသည်မယ်တော့်ကို (၁၇) ကြိမ်တိုင်တိုင်ဖူးခဲ့ရသူဖြစ်သည်။ ထို (၁၇) အကြိမ်အနက် (ဖဖျောဝါရီ ၂၅) ရက်နေ့၌ ထူးဆန်းစွာဖြင့် မယ်တော်သည်သူ့အားကျောက်ကြားမှစိမ့်ထွက်လာသောရေကိုသောက်ရန်ပြောခဲ့သည်။ သူလည်းလက်ယှက်တွင်းငယ်လေးလုပ်၍ရေအိုင်လာသောအခါ ရေကိုခတ်သောက်လိုက်ပြီး ခြေလက်များကိုလည်းဆေးကြောလိုက်သည်။ ထိုခဏခငျြး၌ပငျဆိုးဝါးစှာသူခံစားနခေဲ့ရသော ပန်းနာရင်ကြပ်ရောဂါသည်တမဟုတ်ချင်းယူပစ်သကဲ့သို့ပျောက်ကင်းသွားခဲ့သည်။ ထိုစဉ်ကသူသည် အသက် (၁၄) နှစ်သာရှိသေးသည်။ 
 ထို့အတူအမိမယ်တော်ကို ကျန်းမာခြင်း၏မယ်တော် ဟုကိုးစားလာစေသောအခြားတန်ခိုးတစ်ခုလည်း အိန္ဒိယနိုင်ငံ၏ Tamil Nadu ပြည်နယ်၊ ဗန်လန်ကနီမြို့၌ (၁၆၊ ၁၇) ရာစုကဖြစ်ပျက်ခဲ့ပြန်သည်။ မယ် တော်သည်နှစ်ကြိမ်တိုင်တိုင်ထင်ရှားပြခဲ့သည်။ ဤတန်ခိုးကို ရဟန်းမင်းကြီးစိန့်ဂျွန် (၂၃) မှ (၁၉၆၂) တွင် မယ်တော်၏ထင်ရှားပြခြင်းသည်အမှန်တကယ်ဖြစ်ကြောင်းကိုတရား၀င်ကြေညာခဲ့သည်။ အဖြစ်အပျက်ကားခြေမသန်သောနို့သည်လူငယ်တစ်ဦးထံသို့ ဦးစွာအမိမယ်တော်ပေါ်လာသည်။ ထိုနောက်သူငယ်တော် ယေဇူးပေါ်လာခဲ့သည်။ နောက်ဆုံး၌အဆိုပါခြေမသန်သောနို့သည်လမ်းပြန်လည်လျှောက်နိုင်လာခဲ့သည်။       
 ကျန်းမာခြင်းမယ်တော်နှင့်စပ်လျင်း၍ ကရုဏာရေးသီလရှင် ဟုလည်းကောင်း၊ သူငယ်တော်မမာရိ ယာ သီလရှင်ဟုလည်းကောင်း၊ ဘာသိုလိုမေးယာနှင့်ဗင်ချင်းဇာ သီလရှင်ဟူ၍လည်းကောင်းလူသိသောသီ လရှင်အသင်း၌လည်းတန်ခိုးအဖြစ်အပျက်ဖြစ်ခဲ့သည်။ သီလရှင်များသည် နှစ်စဉ်သူငယ်တော်မမာရိယာပွဲနေ့၌ သူငယ်တော်မမာရိယာ၏ဆင်းတုတော်ကိုလူများဖူးမြှော်နိုင်ရန်လူအများရှေ့သို့ပင့်ဆောင်လာလေ့ရှိသည်။ စက်တင်ဘာလ (၉) ရက်နေ့၌ မယ်တော့်မွေးနေ့ပွဲပြီးဆုံးသွားပြီဖြစ်၍ သူငယ်တော်မမယ်တော်၏ ဆင်းတုတော်ကိုပြန်လည်မပင့်ဆောင်မီမာသာရ်ကြီးက မကျန်းမမာဖြစ်နေသူများအား အရိုအသေပေးနိုင်ရန်ရည်ရွယ်၍ လက်ထဲ၌ပင့်ဆောင်လျှက် လူနာများ၏ကုတင်ဆီသို့ပင့်ဆောင်နှုတ်ဆက်စေခဲ့သည်။ 
 အဆိုပါလူနာများအနက် စစ်စတာရျတစျပါးသညျခြောလဲရာမှဒဏျရာပွငျးထံစှာရလိုကျသော၍ထို့ဒဏျကိုအတျောဆိုးဝါးစှာခံစားနခေဲ့ရသညျ။ ထိုသို့ခံစားနေရချိန်၌ မာသာရ်ကြီးမှပင့်ဆောင်လာသော သူငယ် တော်မမယ်တော်၏ဆင်းတုတော်ကိုယုံကြည်ခြင်း၊ ကြည်ညိုခြင်းဖြင့်အရိုအသေပေးလိုက်ရာလှုပ်ရှား၍မရဖြစ်နေခဲ့သော လက်နှင့်ခန္ဓာကိုယ်သည် ပြန်လည်လှုပ်ရှားလာနိုင်ခဲ့သည်။ ဆရာ၀န်များ၏ဆေးစစ်ချက်ကိုခံ ယူစေရာ မယုံနိုင်လောက်အောင်ပင်ပကဓိအနေအထားအတိုင်းပြန်လည်ကျန်းမာနေသည်ကိုတွေ့ရှိခဲ့သည်။ ဤအဖြစ်အပျက်ကား (စက်တင်ဘာ ၉၊ ၁၈၈၄) ခုနှစ်က အီတလီနိုင်ငံ၊ မီလန်မြို့ရှိ ချီချဲရီ ဆေးရုံ၌ဖြစ်ပွားခဲ့ သောမယ်တော်၏တန်ခိုးတော်ပင်ဖြစ်ပါသည်။ 
 စာရေးသူ၏အကြောင်းအရာများကိုရှာဖွေတင်ပြရခြင်းမှာ အချို့ဘာသာတူများမှ နိုဗေးနာ နှင့်စပ်လျင်း၍လည်းကောင်း၊ ကျန်းမာခြင်းမယ်တော်နှင့်စပ်လျင်း၍လည်းကောင်းလာမေးကြသည်။ စာရေးသူလည်း အချက်အလက်အတိအကျဖြင့်ပြန်လည်ဖြေကြားရန်မှာ အကုန်လုံးမမှတ်မိ၍ယခုကဲ့သို့ဖြစ်ပျက်ခဲ့သောတန်ခိုးများကိုအကျဉ်းချုံး၍တင်ပြလိုက်ပါသည်။ ဤဆောင်းပါးကိုဖတ်ရူပြီးနောက် ကျန်းမာခြင်းမယ်တော် ဘွဲ့သည် ဗန်လန်ကနီမယ်တော်သာမဟုတ်ဘဲ ပြင်သစ်နိုင်ငံ၊ လုဒ်မြို့၌ထင်ရှားပြခဲ့စဉ်ကလည်း ကောင်း၊ အီတလီနိုင်ငံ၊ မီလန်မြို့ရှိဆေးရုတစ်ရုံ၌မယ်တော်ထင်ရှားပြခြင်းမဟုတ်ခဲ့သော်လည်း သူငယ် တော်မမယ်တော်ဖယောင်းဆင်းတုတော်အားဖြင့်လည်း ကျန်းမာခြင်းကောင်းချီးခံစားခဲ့ရကြောင်းကိုသိရှိသွားပြီဟုယုံကြည်ပါသည်။ ကြည်ညိုရန်မှာမိမိတို့ကြည်ညိုလိုသောကျန်းမာခြင်းမယ်တော်ကိုကြည်ညိုနိုင်ပါသည်။ ထို့အတူ မိမိတို့၏အသိများအားလည်းပြန်လည်ဝေမြှအသိပှားခွငျးဖွငျ့ မယ်တော့်ကိုလည်းကိုး စားတတ်ကြစေပါ။  
 ကျန်းမာခြင်းအထူးလိုအပ်နေကြသူများ ကျန်းမာခြင်းမယ်တော်၏ထပ်ဆင့်ဆုတောင်းပေးခြင်းဖြင့် ဗလ (၅) တန်ကျန်းမာကြပါစေ ..

Crd - Cle Pike