မွေး - (၁၃၄၇)၊ ပျံလွန် - (၁၃၇၇)
စီအယ်နာမြို့သည်၊ အီတလီနိုင်ငံတွင်တည်ရှိပြီး၊ ယနေ့ ပွဲနေ့ရှင်ဖြစ်သောရှင်ကက်သရင်း၏မွေးရပ်ဌာ နီဇာတိမြေဖြစ်သည်။ ရှင်ကက်သရင်းမိသားစုသည်အလွန်ထူးခြားသောမိသားစုဖြစ်သည်။ မိသားစု၏ထူးခြားသောပ ထမအချက်မှာ၊ သူ၏မိဘနှစ်ပါးသည်၊ သား သမီး (၂၃) ဦးထွန်းကားခဲ့ခြင်းပင်။ အထူးသဖြင့်ယနေ့ခေတ်ကာလ၏ မိဘ များကြားလျင်၊ ရူးများနေသလားဟုဆိုမည်မှာဧကန်မုချမလွဲ။
ကျန်ထူးခြားချက်တစ်ချက်မှာ၊ ထိုမျှများပြားသောသားသမီး များရှိစေကာမူ၊ မိဘနှစ်ပါးသည်၊ မိမိတို့၏မိဘတာ၀န်ကိုမပျက်မကွက် ထမ်းဆောင်နိုင်ခဲ့ခြင်းပင်။ အဘယ်ကြောင့်ဆိုသော်၊ ယနေ့ခေတ်မိဘ များသည်၊ မိမိတို့၏ သား (သို့) သမီးတစ်ယောက်၊ နှစ်ယောက်ကို ထိန်းသိမ်းရသည်မှာ၊ ကမ္ဘာကြီးကိုကျောပိုးထားရဘိသကဲ့သို့၊ ချဲ့ကား ဆိုတတ်ကြသည်။ သားသမီးများကြောင့်၊ ဘုရားကျောင်းကန်တက်ရော က်ရန်ပျက်ကွက်ခြင်း၊ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြတတ်ကြသည်။ သို့သော်၄င်းတို့သွားရောက်လိုသောနေရာ၊ ပွဲ၊ အခမ်းအနားများဆီ
သို့မူ၊ မိမိတို့၏ကလေး များကိုချန်လှပ်ထားကာသွားတတ်ကြသည်။ ရှင် ကက်သရင်း၏မိဘနှစ်ပါးကား၊ အိမ်မူကိစ္စမည်မျှပင်များပြားစေကာမူ၊ သားသမီးတို့၏စား၀တ်နေရေး၊ လူမူရေး၊ ဝိညာဉ်ရေးအမူများကိုမ လွှတ်အောင်ထိန်းကျောင်းလမ်းပြပေးနိုင်ခဲ့သော ကြောင့်၊ ၄င်းတို့၏ ရင်သွေးများထဲမှရဟန္တာတစ်ပါးပေါ်ထွန်းလာခဲ့ခြင်းသည်၊ ထင်ရှား လှသောသက်သေတစ်ခုဖြစ် သည်။
ကျန်အချက်တစ်ချက်မှာ၊ မိဘများသည်ပညာတတ်အလွှာ၊ ချမ်းသာကုံလုံသောအလွှာထဲမှမဟုတ်။ သို့သော်အလွန်အလုပ်ကျိုး စားသောမိဘနှစ်ပါးဖြစ်သည်။ ယခင်ခေတ်အခါ၌၊ ချမ်းသာသူများ သာပညာရေးကိုအဓိက သင်ကြားနိုင်ခဲ့သော်လည်း၊ ရှင်ကက်သရင်း၏ မိဘနှစ်ပါးသည်၊ ၄င်းတို့၏ရင်သွေးကိုပညာပေးနိုင်ခဲ့သောမိဘဖြစ် သည်။ ပေးလိုက်သောပညာသည်၊ မစို့မပို့မျှလည်းမဟုတ်။ ရေးတတ်၊ ဖတ်တတ်ရုံလည်းမဟုတ်။ ကောင်းမွန်သော ပညာရေးကိုပေးနိုင် ခဲ့သောကြောင့်ပင်၊ ရှင်ကက်သရင်း၏ဝိညာဉ်ရေးစာပေ များသည်အ လွန်နက်နဲလှသောတွေးခေါ်ယူ ဆချက်များပါ၀င်ခဲ့ခြင်းဖြစ်သည်။
ရှင်ကက်သရင်းအား (၁၃၄၇) တွင်မွေးဖွားသန့်စင်ခဲ့သည်။ ရှင်ကက်သရင်းသည်လည်းထူးခြားသော ကလေးတစ်ဦးဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်၊ ငယ်ရွယ်စဉ်မှစ၍၊ သူ၏ဘာသာရေး၌စိတ်၀င် စားမူ၊ စိတ်အား ထက်သန်မူကို၊ အတိုင်းသားမြင်တွေ့ခဲ့ရပါသည်။ ထို့ကြောင့်သူတော်စင်တစ်ပါးဖြစ်နိုင်သော၊ အသက်အရွယ်သို့ရောက် လာသောအခါ၊ ဒိုမေနီကင်အသင်း၀င်သီလရှင်တစ်ပါးအဖြစ်ခံယူခဲ့ သည်။ ငယ်ရွယ်စဉ်ကရှိခဲ့သောသူ၏ပေါ်လွင်ထင်ရှားသည်ဘာသာရေး ခံယူချက်များသည်၊ သီလရှင်ဖြစ်လာပြီးနောက်ပိုင်း၌လည်း၊ မှေးမှိန်မ သွားခဲ့။ ပို၍ပင်မှန် ကန်အားကောင်းလာခဲ့သည်။ အတွေးအခေါ်စူးရှ နက်ရှိုင်းလှသော၊ ဝိညာဉ်ရေးစာပေများကိုရေးသားနိုင်ခဲ့ခြင်းသည်၊ ဝိညာဉ်ရေးအသက်တာ၏လေးနက်မူပြယုဂ်ဖြစ်ခဲ့ပါသည်။
စိန့်ကက်သရင်း၏ထူးခြားချက်နောက်တစ်ခုမှာ၊ သူသည်သီ လရှင်ဖြစ်သောကြောင့်၊ ဆုတောင်းခြင်း၊ ခြိုးခြံခြင်း၊ မိမိ၏အသင်းအဖွဲ့ ကျစ်လစ်ရုံမျှလုပ်ဆောင်နေခဲ့ခြင်းမဟုတ်ဘဲ၊ လိုအပ်လျှင်ကက်သလစ် သာသနာတော် ကြီး၏အရေး၌လည်း၊ ၀င်ရောက်ပါ၀င်ခဲ့သည်။ သို့သော်စွပ်ဖက်ခြင်းမဟုတ်။ မှန်ကန်သောရပ်တည်ချက်များဖြင့် ထောက်ပြသင့်သည်များကိုထောင်ပြခဲ့သည်။ သာသနာတော်၏ အရေးနှင့်စပ်လျင်း၍သူ၏ရပ်တည်ချက်ပြတ်သားပုံကို (၁၃၇၇) ခုနှစ်၊ ပြင်သစ်နိုင်ငံသား၊ ရဟန်းမင်းကြီးသည်၊ သာသနာ၏ဥ သျှောင်နှစ်ပါးဖြစ်သောရှင်ပေတရူးနှင့်ရှင်ပေါလု တို့သွေးမြေကျခဲ့သော၊ ရောမမြို့ ၌သီတင်းမသုံးဘဲ၊ ပြင်သစ်နိုင်ငံ၊ အာဗီညှော်(န်) သို့ပြန်ကြွသီတင်း သုံးခြင်းကို၊ ရဲရင့် ပြတ်သားစွာ၊ အချက်အလက်များဖြင့်၀င်ရောက်လျှော က်ထားခဲ့သူဖြစ်သည်။ သံကက်သရင်းသည် (၁၃၇၇) ခုနှစ်၊ တွင်ပျံလွန်တော်မူ သွားခဲ့ပြီ၊ (၁၉၇၀) တွင်သာသနာတော်၏ရှား ပါးသော၊ သီလရှင်ပါရ ဂူအဖြစ်ကြောငြာဂုဏ်ပြုခြင်းကိုခံခဲ့ရသူဖြစ်သည်။
#စိန့်ကက်သရင်း #(စီအဲနာမြို့သူ့)
St. Catherine of Siena (1347 -1380)
++++++++++++++++++++++
ငယ်စဉ်ကလေး ဘဝကတည်းက ဘုရားတရား ကြည်ညို ကိုင်းရှိုင်းပြီး အသက် (၆) အရွယ်မှာ မိမိရဲ့ ဘဝနဲ အလှတွေ အားလုံးကို သခင်ယေဇူး ပူဇော်အပ်နှံပြီး အသက် (၁၂) အရွယ်မှာ သူမရဲ့ ဆံရှည်တွေကို ဖြတ်ပစ်ကာ လက်မထပ်ဘဲ အခက်အခဲ အမျိုးမျိုးကို ဖြူစင်ခြင်းနဲ့ တခြား ပါရမီ တရားတွေနဲ့ ဖြတ်ကျော်ရင်း ရဟန္တာ ဖြစ်လာသူကတော့ ဧပြီလ (၂၉)ရက်နေ့ ပွဲနေ့ရှင် စီအဲနာမြို့သူ စိန့်ကက်သရင်း ဖြစ်ပါတယ်။ Catherine means pure of clean- ကက်သရင်းရဲ့ အဓိပ္ပာယ်ကတော့ သန့်ရှင်းသူ (စင်ကြယ်သူ) ဖြစ်ပါတယ်။ သူမရဲ့ ထင်ရှားတဲ့ အဆိုအမိန့် တွေထဲက တစ်ခုကတော့ "အမှန်တရားကို သက်သေခံပါ။ ကြောက်စိတ်နဲ့ တိတ်ဆိတ် မနေပါနဲ့။ အမှန်တရားကို သိန်းသန်းချီ ပြောဆိုပါ။" ဖြစ်ပါတယ်။
ကက်သရင်း အေဒီ ၁၃၄၇ ခုနှစ် မတ်လ(၂၅) ရက်နေ့ အီတလီ နိုင်ငံ (Siena)- စီအဲနာမြို့လေးမှာ မွေးဖွား ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အများနဲ့မတူ တမူထူးခြားတဲ့ ကလေးမလေး ဖြစ်ပြီး သူမအသက် (၆)နှစ် အရွယ်မှာ သူမရဲ့ မောင်းလေး Stephen နဲ့ ရွာတစ်ရွာကို သွာပြီးအပြန်လမ်းမှာ တောက်ပတဲ့ ဝတ်ရုံနဲ့ သရဖူ ဆောင်းထားတဲ့ သခင်ယေဇူးကို ရူပါရုံ မြင်ရတယ်လို ဆိုကြပါတယ်။ အဲဒီအချိန်ကတင်ပြီး ဘုရားတရားဘက်မှာ ပိုမို စိတ်ဝင်စားလာကာ တိတ်ဆိတ်စွာ ဆုတောင်းခြင်းကို အထူးခုံမင် တတ်လာခဲ့တယ်။ သူမ(၁၆)နှစ် အရွယ်မှာ အိမ်ထောင်ပြုဖို့ သူမကို ကမ်းလှမ်း လာသူများကို မိမိရဲ့ ဘဝကို ဘုရားသခင်မှ တစ်ပါး ဘယ်သူကိုမျှ ပေးမှာ မဟုတ်ကြောင်းနဲ့ တစ်သက်လုံး ဖြူစင်ခြင်း ပါရမီဖြင့် နေထိုင်မှာဖြစ်ကြောင်း သူမရဲ့ ဆုံးဖြတ်ချက်ကို ထုတ်ဖော် ပြောပြ ခဲ့ပါတယ်။ ဒါကြောင့် သူမရဲ့ လှပနေတဲ့ ဆံပင်ကို ဖြတ်ပစ်ပြီး အစာရှောင် ဆုတောင်းခြင်းဖြင့် ပါရမီ ကျင့်ကြံ အားထုတ် ခဲ့ပါတယ်။ မိဘနှစ်ပါးက သူမကို တားဆီး မရနိုင်တဲ့အဆုံးမှာ ဒေါမိနစ်ကန် (The Third Order of the Dominicans) ရသေ့ဂိုဏ်းရဲ့ တတိယ လမ်းစဉ်သွယ် အသင်း ဂိုဏ်းရဲ့ သီလရှင် တစ်ပါး အဖြစ် ဝင်ရောက် ခဲ့ပါတယ်။ သူမဟာ သာသနာပြုရာမှာ စိတ်အား ထက်သန်ရုံ သာမက ဆင်းရဲသားများနဲ့ အကူအညီ လိုအပ်နေသူများကို အားပေးကူညီပြီး အလှူဒါန ပြုလုပ်လေ့ ရှိပါတယ်။ အထူးသဖြင့် ကပ်ရောဂါ ဖြစ်နေချိန် လူနာတွေကို ပြုစုစောင့်ရှောက်ဖို့ ဆေးရုံဆေးခန်းတွေကို သွားရောက် ကူညီ ပြုစု ပေးခဲ့တယ်။ သူမ အသက် (၂၁) နှစ် အရွယ်မှာ သူမကို သခင်ယေဇူး ကိုယ်တိုင်က သူမတစ်ဦးတည်း မြင်နိုင်စွမ်းရှိကာ ‘“mystical marriage to Christ” လို့ သိကြတဲ့ ဖြူစင်လှ သခင်ယေဇူးနဲ့ ပေါင်းစပ်ခြင်း အမှတ်လက္ခဏာ လက်စွပ် ပေးအပ်ခဲ့တယ်လို့ ဆိုကြပါတယ်။
ကက်သရင်း ကိုယ်တိုင် စာမရေးတတ်ခဲ့ပေမယ့် သန့်ရှင်းသော ဝိညာဉ်တော် ဘုရားရဲ့ အလင်းကျေးဇူးတော်အားဖြင့် စာရေခြင်းကို စတင်ခဲ့ပြီး ပုပ်ရဟန်းမင်ကြီး Gregory XI, အပါအဝင် အသင်းတော်ကြီးထဲ ရဟန်းဘုန်းတော်ကြီးများရဲ့ ဘဝအခြေအနေကို ပြုပြင်ပြောင်လဲဖို့ စာရေး တိုက်တွန်း ခဲ့ပါတယ်။ သူမရဲ့ ပြောင်မြောက်တဲ့ စာပေစွမ်းရည်ကြောင့် သူမကို သာသနာတော်ရဲ့ ဓမ္မ သုခမိန်ဘွဲ့ အပ်နှင်းပြီး အသိအမှတ် ပြုခြင်း ခံရသူဖြစ်တယ်။ အထူးသဖြင့် ဘာသာရေး ပဋိပက္ခ ဖြစ်ပေါ် နေချိန်မှာ သူမရဲ့ စာပေအစွမ်းနဲ့ အားပေး တိုက်တွန်းခြင်းကြောင့် အသင်းတော်ကြီး ပြန်လည် စည်းလုံးမှု၊ တည်ငြိမ် အေးချမ်းမှု ရှိလာစေရန် အထောက်အကူ ဖြစ်စေခဲ့တယ်။
သူမရဲ့ ဘဝမှာ ဘုရားသခင်နဲ့ ဝေးကွာနေတဲ့ ခံစားချက်ဖြစ်တဲ့ “Spiritual Desolation”- စိတ်ဝိညာဥ်ခြောက်သွေ့ခြင်း တွေ တွေ့ကြုံ ခံစားခဲ့ရတယ်။ ပြီးတော့ အပြင်ပိုင်းမှာ မမြင်ရဘဲ သူမရဲ့ အတွင်းစိတ်မှာသာ ခံစားရတဲ့ “stigmata”- သခင်ယေဇူ ရဲ့ ဒဏ်ရာတော်များ ကိုလည်း ခံစား ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဒဏ်ရာတွေကို သူမ ပျံလွန်သွားပြီး သူမရဲ့ မပုပ်မသိုးဘဲ ရှိနေတဲ့ ရုပ်ခန္ဓာပေါ်မှာ စွဲထင်ပေါ်နေတာကို တွေ့ကြရပါတယ်။ ဒါကြောင့် ကက်သလစ် အသင်းတော် အတွင်း ရုပ်ခန္ဓာ မပျက်မစီးဘဲ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ကို ထင်ရှားစေတဲ့ ရဟန္တာ များစွာရှိတဲ့ထဲမှာ စိန်ကက်သရင်းလည်း ပါဝင်တယ်။ ကက်သရင်းတို့ ခေတ်အခါက ဆုတောင်းချိန် မိမိရဲ့ ခန္ဓာကိုယ်ကို ကြိုးနဲ့ရိုက်နက် ဒဏ်ဆပ်ဖြေ ခဲ့ကြတယ်။ အပြစ်ထဲ ကျရောက် (မသန့်ရှင်း) စေတဲ့ ခန္ဓာကိုယ်ကို ရိုက်နက် အပြစ်ဒဏ် ဆပ်ဖြေခြင်းအားဖြင့် မိမိရဲ့ ဝိညာဉ်ကို ကယ်တင်နိုင်မယ်လို့ ယုံကြည် ခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ ဘုရားသခင် ဖန်ဆင်းထားတဲ့ ခန္ဓာကိုယ်ရာ ဝိညာဉ်ပါ သန့်ရှင်း မြင့်မြတ်လို့ ရိုက်နက်ခြင်းကို အားမပေးတော့ ပါဘူး။ အသက် (၃၃) အရွယ်တာ ရှိနေသေးတဲ့ ကက်သရင်းလည်း မိမိကိုယ်ကို ရိုက်နက် (နှိပ်စက်) ကာ ဒဏ်ဆပ်ဖြေ ဆုတောင်းခြင်းကြောင့် ၁၃၈၀ ခုနှစ် ဧပြီလ (၂၉) ရက်နေ့မှာ ပျံလွန်တော်မူ ခဲ့ပါတယ်။
သီလရှင် ကက်သရင်း ပျံလွန်တော်မူပြီးနောက် သူမရဲ့ ပါရမီ ကျင့်ကြံတွေနဲ့ ဘုရားတရား ကြည်ညို ကိုင်ရှိုင်းမှုတွေကို အားကျ အတုယူသူ တိုးပွားများပြား လာခဲ့ပါတယ်။ သူမကို ၁၄၆၁ ခုနှစ်မှာ ရဟန္တာ (#စိန့်ကက်သရင်း ) အဖြစ် တရားဝင် တင်မြှောက်ခြင်း ခံရပြီး ၁၈၆၆ ခုနှစ်မှာတော့ ရဟန္တာ စိန့်ဖရန်စစ် အစီစီနဲ့အတူ ရောမမြို့ကို ကြည့်ရှု စောင့်ရှောက်တဲ့ ရဟန္တာ အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ စိန့်ကက်သရင်းဟာ သတင်းစာဂျာနယ် သမားများ Journalist, မီဒီယာ သမားများ Media နဲ့ Nursing လူနာများကို ကြည့်ရှုသူများကို စောင့်ရှောက်တဲ့ ရဟန္တာ ဖြစ်ပါတယ်။ စိန့်ကက်သရင်း စီအဲနာကနေ ယုံကြည်ခြင်း ခိုင်မာစွာ အမှန်တရားကို စွဲကိုင်ပြီး သခင်ယေဇူးနဲ့ ပေါင်းစပ်ဖို့၊ ဘုရားတရား ကြည်ညိုခြင်း၊ ဖြူစင်ခြင်း၊ ရဲရင့်ခြင်းနဲ့ ကရုဏာ သနားကြင်နာခြင်း ပါရမီများကို အတုယူ လိုက်ကျင့် ကြပါစို့။
✍️ Fr ထန်းဟာ, SJ
#stcatherinofsiena #StCatherine
#စိန့်ကက်သရင်းစီအဲနာ #စိန့်ကက်သရင်း