ဧပြီ (၂၇) ရက်
အမိသာသနာတော်ကြီးက အမှတ်ရကျင်းပသောပွဲနေ့ရှင်
စိန့်ဇီတာ (မွေးနေ့ - ??၊ ပျံလွန် - ၁၂၇၈)
ယနေ့အမိသာသ နာတော်ကြီးက အ မှတ်ရကျင်းပသောအခြားပွဲနေ့ရှင်တစ် ပါးမှာ စိန့်ဇီတာဖြစ်ပါသည်။ ပွဲနေ့ရှင်ကို နွမ်း ပါးချို့တဲ့သောမိသားစုမှမွေးဖွားခဲ့သည်။ သို့သော် သူ၏မိသားစုသည် ဘုရားတရားအလွန်ကိုင်းရှိုင်းသော ခရစ်ယာန်မိသားစုကောင်း ဖြစ်သည်။
သူ၏အစ်မကြီးတစ်ယောက်သည် ချီစတယ်စီယံ (Cistercian) ရသေ့သီလရှင်တစ်ပါးဖြစ်သကဲ့သို့ ရသေ့ဦးကြီးတစ်ပါး လည်းရှိသည်။ ထိုရသေ့ဦးကြီးကို ဒေသခံများက ရဟန္တာတစ်ပါးကဲ့သို့သတ်မှတ်ကြည်ညိုကြသည်။
ပွဲနေ့ရှင်သည်လည်း မိခင်ဖြစ်သူ၏လမ်းညွှန်သည့်အတိုင်း သူ၏နေ့စဉ်အသက်တာ၌ ဘုရားသခင်၏အလိုတော်ကို လုပ် ဆောင်နိုင်ရန် အစဉ်ကြိုးစားသူဖြစ်သည်။ သူအသက် (၁၂) နှစ်ပြည့်သောအခါ အီတလီနိုင်ငံ၊ လုကာ (Lucca) မြို့၌ အထည်များ ယှက်လုပ်သော သူဌေးတစ်ဦး၏အိမ်၌ အိမ်မူကိစ္စများကူလုပ်ပေးရန် သွားရောက်နေထိုင်ခဲ့သည်။ သူ၏ဇာတိဖြစ်သော Monte Sagrati နှင့် (၈) မိုင်ခန့်ေ၀းသည်။ အဆိုပါမိသားစုလည်း သူ့အပေါ်၌ကောင်းမွန်စွာဆက်ဆံခြင်းကြောင့်လည်း ထိုအိမ်၌ပင် သူ ၏အသက် (၄၈) နှစ်ပြည့်သည်အထိနေထိုင်ခဲ့သည်။
သူ၏တစ်နေ့တာ အိမ်မူကိစ္စများဆောင်ရွက်ရသော် လည်း နေ့စဉ်မစ္ဆားတရားပါ၀င်ပူဇော်ခွင့်ရသည်။ တစ်နေ့တာ ၌ အခြားသောဆုတောင်းမေတ္တာများကိုလည်း ရွတ်ဆိုပူဇော်ရန်အချိန်ရသည်။ သူသည် သူ၏တာ၀န်ဖြစ်သော အိမ်မူကိစ္စအ၀၀ကို မ ခိုမကပ်၊ စေ့စပ်သေချာစွာလုပ်ဆောင်တတ်သည်။ ထို့ကြောင့် အိမ်ရှင်၏ယုံကြည်စိတ်ချမူကိုလည်းခံရသောကြောင့် လုပ်ဖော်ဆောင် ဖက်များ၏ မနာလို၀န်တိုခြင်းကိုလည်းခံရသည်။ သူ၏တာ၀န်သည် သူသက်၀င်ယုံကြည်သော ဘာသာရေး၀တ္တရားနှင့်ဆက်နွယ် သည်။ သူ၏လက်ကိုင်တရားမှာ ‘အိမ်ဖော်တစ်ဦးသည် အမြဲအလုပ်ရှုပ်မနေလျှင် သန့်ရှင်းသောသူမဟုတ်။ သန့်ရှင်းဟန်ဆောင် သောသူတို့သည် လူပျင်းများဖြစ်ကြသည်’ ဟုဖြစ်သည်။
အလုပ်၀င်ခါစ၌ အိမ်ရှင်သည် သူ၏လုပ်ရပ်ကြောင့် အတော်စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် နွမ်းပါးချို့တဲ့သောသူတို့အား အစားအစာများပေးကမ်းရာ၌ အလွန်ရက်ရောလွန်းသူဖြစ်သည်။ သို့သော် နောက်ပိုင်း၌ သူ့ အားနားလည်သွားခဲ့ပြီး၊ ငြိုငြင်စိတ်များလည်း မပွားတော့ပေ။ ဤသို့ဖြင့် အိမ်ရှင်၏ချစ်ခင်မူ၊ ယုံကြည်စိတ်ချမူကိုခံခဲ့ရသည်။ သူ၏ မခိုမကပ်လုပ်ဆောင်တတ်သောကြောင့် အိမ်ရှင်များသည် သူ၏တစ်နေ့တာလုပ်ဆောင်စရာများကို ၀င်ရောက်စွပ်ဖက်ပြောဆိုလေ့ မရှိ။ သူကိုယ်တိုင် လုပ်စရာရှိသည်များ၊ လုပ်သင့်သည်များကို မိမိ၏အသိစိတ်ဖြင့် လုပ်ဆောင်စေခဲ့သည်။ သူသည် တစ်ခဏမျှ အ လုပ်မလုပ်ဘဲမနေ။ အိမ်မူကိစ္စများပြီးစီးသွားသောအခါမျိုး၌ နေထိုင်မကောင်းဖြစ်နေသူများထံသို့လည်းကောင်း၊ အကျဉ်းထောင် များစီသို့လည်းကောင်း သွားရောက်၍ လိုအပ်သည်များ၊ ကူညီပေးနိုင်သည်များကိုကူညီပေးလေ့ရှိသည်။
သူ၏ကောင်းမူကု သိုလ် လုပ်ဆောင်ခြင်းများကြောင့် ‘လုကာ’ မြို့၌ သူ၏ကောင်းသတင်းသည် ပျံ့နှံ့ကျော်ကြားလျှက်ရှိ သည်။ ၄င်းအပြင် သူသည် ကောင်းကင်မှရူပါရုံထင်ရှားပြခြင်းကိုလည်း ခံရသည်ဟုသတင်းမွှေးလျှက်ရှိပါသည်။ မြို့၌ရှိသော ငွေ ကြေးကုံလုံပြည့်စုံသူများသည် သူ့ထံသို့လာရောက်၍ ဆုတောင်းခြင်းကိုတောင်းခံခြင်း၊ ၀ိညာဉ်ရေးလမ်းညွှန်မူများခံယူခဲ့ကြသည်။ သူပျံလွန်သော (၁၂၇၈) ခုနှစ်၌ပင် မြို့နေလူများ၊ သူ့ကိုသိသူများသည် သူ့အားရဟန္တာအဖြစ် သတ်မှတ်ကြပြီဖြစ်သည်။ သူသည် အိမ်ဖော်များကိုမှိုင်းမသော ရဟန္တာမဖြစ်သည်။ သူ၏ပွဲနေ့မှာ ဧပြီ (၂၇) ရက်နေ့ဖြစ်သည်။