Hello Everyone! My Page is still under construction! Thank You for your visit.

မတ်လ (၂၆) #စိန့်မာဂရက်_ကလိဒရို (St. Margaret Clitherow)


တစ်ချိန်က ကက်သလစ် ဘာသာဝင် မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ကက်သလစ်ဘာသာတရားရဲ့ စစ်မှန်တဲ့ တရားတော်တွေကို နာကြားပြီးတဲ့နောက်မှာ သူမဟာ ယုံကြည်ခြင်းအတွက် သူမအသက်ကိုပေးခဲ့ရုံတင်မက ဘာသာတရားကို သွန်သင် လမ်းညွှန်ပေးတဲ့ ဘုန်တော်ကြီး များစွာရဲ့ အသက်ကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့ အာဂအမျိုးသမီး တစ်ယောက်ရှိခဲ့ပါတယ်။ သူမဟာ စိန့် မာဂရက် ကလိဒရိုပဲ ဖြစ်ပါတယ်။ 
စိန့်မာဂရက် ကလိဒရိုကို ၁၅၅၅-ခုနှစ်က အင်္ဂန်နိုင်ငံက မီဒဲယ်တွန်(Middleton)" လို့ခေါ်တဲ့ မြို့လေးမှာ နေထိုင်ကြတဲ့ ပရိုတဲ့စ်တန် မိသားစုကနေ မွေးဖွားလာခဲ့တာပါ။ သူမမွေးရပ်မြေလေးမှာ သူမရဲ့အလှအပနှင့် ဉာဏ်ရည် ထက်မြတ်မှုကြောင့် မာဂရက်ဟာ လူသိများခဲ့တဲ့ မိန်းမပျိုလေး တစ်ဦးဖြစ်ခဲ့ပါတယ်။ 

သူမဟာ ၁၅၇၁ ခုနှစ်မှာ ဂျွန်ဆိုတဲ့ လူငယ်လေး‌ တစ်ယောက်နှင့် အိမ်ထောင်ပြုကြပြီး ကလေးနှစ်ယောက် ထွန်းကား ခဲ့ကြတယ်။ သူမအိမ်ထောင်ပြုပြီး နှစ်များစွာအကြာမှာ ကက်သလစ် ယုံကြည်ခြင်းကို လပ်ခံရရှိခဲ့ပြီး ကက်သလစ် ဘာသာတစ်ဦးအဖြစ် ပြောင်းလဲ လာခဲ့ပါတယ်။ 

အဲဒီအချိန်မှာ ကက်သလစ် ဘာသာဝင်တွေကို လိုက်လံ နှိပ်စက်နေတဲ့အချိန်အခါ ဖြစ်ပြီး မာဂရက် တစ်ယောက် ကက်သလစ် ယုံကြည်ခြင်းကို ခုခံကာကွယ်ရာမှာ ဇွဲလုံလအပြည့်နဲ့ ရပ်တည်ခဲ့ရုံသာမက ယုံကြည်ခြင်းအတွက် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ဘုန်းတော်ကြီး တွေကိုလည်း သူမအိမ်ထဲမှာ လုံခြုံမှု ရရှိစေဖို့ လက်ခံကြည့်ရှု ပေးခဲ့ပါတယ်။ 

နောက်ဆုံးမှာတော့ မာဂရက်ဟာ ဘုန်းတော်ကြီးတွေကို အကာအကွယ်ပေးတာကုိ သိသွားကြတဲ့ အရာရှိတွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး သူမကို အမျိုးမျိုး ညှဉ်းပန်းနှိပ်စက် ခဲ့ကြပါတယ်။ ဒါပေမဲ့ ကက်သလစ် ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့ ငြင်းဆို ခဲ့ပါတယ်။ 

မာဂရက်ရဲ့ ခိုင်မာတဲ့ ယုံကြည်ခြင်းဟာ သူတို့ရဲ့ အောင်မြင်မှုမဟုတ်ဘူးဆိုတာ အရာရှိတွေ နားလည်လာတဲ့အခါ မာဂရက် ခွျန်ထက်တဲ့ ကျောက်တုံးကြီးတွေရဲ့ ဖိနှိပ်မှုအောက်မှာ မသေမချင်း ဖိသတ်ဖို့ သေဒဏ် ချမှတ်ခဲ့ကြတယ်။ ၁၅၈၆-ခုနှစ်၊ မတ်လ-၂၅ ရက်နေ့မှာ အသေခံခဲ့ပြီး ပုပ်ရဟန်း မင်းကြီး ပေါ်လ်-(၆)မှ သူမကို ရဟန္တာတင်မြေှာက် ခဲ့ပါတယ်။

St. Margaret Clithethrow, Pray for us. Amen 
Credit,
#TO_BE_HUMAN 
#Saint_of_the_day 
#CNA
Photos from Google images