Hello Everyone! My Page is still under construction! Thank You for your visit.

#HOLY WEEK SEQUENCE OF EVENTSသန့်ရှင်းတဲ့ ရက်သတ္တပတ် အစဥ်လိုက် ရှင်းပြချက် ++++++++++++++++++


        #HolyWeek is the Christian observance commemorating the Passion of Jesus Christ that takes place between #PalmSunday and #Easter.
သန့်ရှင်းသော ရက်သတ္တပတ်က မေတ္တာပန်း တနင်္ဂနွေနေ့ ကနေ ပါစကားအထိ ပြုလုပ်တဲ့ သခင်ယေဇူးရဲ့ ဒုက္ခစရိယာ ခံတော်မူခြင်းကို အောက်မေ့ သတိရ ကျင်းပတဲ့ ခရစ်ယာန် ဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တွေ ဖြစ်ပါတယ်။ 
PALM SUNDAY: 
Jesus, amid the cheering crowd, rides on a donkey to Jerusalem. (Matthew 21:1-11, 17; Mark 11:1-11; Luke 19:28-44; John 12:12-18, 20-36). 
        #မေတ္တာပန်းတနင်္ဂနွေနေ့ #PalmSunday မှာ သခင်ယေဇူး၊ သူ့ကို ကြိုဆိုနေကြတဲ့ လူထုအလယ် မြည်းကလေးစီးပြီး ယေရုဇလင်မြို့ကို ဝင်ခဲ့ပါတယ်။ ယဇ်ပူဇော်ခြင်းအတွက် ဘုရားသခင် ပြင်ဆင်ခြင်း လည်း ဖြစ်ပါတယ်။    

HOLY MONDAY: Jesus visits his friends in Bethany and Mary anoints the feet of Jesus. (Matthew 21:18-19, 12-13; Mark 11:12-17, 19; Luke 19:45-46) 

           #သန့်ရှင်းသောတနင်္လာနေ့ #HolyMonday မှာ သခင်ယေဇူး ဗေသနိရွာရှိ မိတ်ဆွေဆီကို အလည်အပတ် သွားရောက်ခဲ့ပြီး မေရီက သခင်ယေဇူးရဲ့ ခြေတော်ကို ဆီနဲ့ လိမ်းကျံ ခဲ့ပါတယ်။ သခင်ယေဇူး ဗိမာန်တော်ကို သန့်ရှင်းစေပြီးတော့ သင်္ဘော သဖန်းပင်ကို ကျိန်ဆဲ ခဲ့တယ်။ဘုရားသခင်က သူ့ရဲ့ ယဇ်ပူဇော်ခြင်းကို လက်ခံမယ့် သူတွေကို ပြင်ဆင်ခြင်း ဖြစ်ပါတယ်။ 

HOLY TUESDAY: 
Jesus foretells the betrayal of Judas and the denial of Peter. (Matthew 21:20-25:46; Mark 11:20-21; 11:27-12:44; 13:1-37; Luke 20:1-21:4; 21:4-36) 

          #သန့်ရှင်းသေဋအင်္ဂါနေ့ #HolyTuesday မှာ ဂျူဒရဲ့ သစ္စာဖောက်မှုနဲ့ ရှင်ပေတရုရဲ့  ငြင်းပယ်ခြင်း တို့ကို သခင်ယေဇူး ကြိုတင် ဟောကြား ခဲ့ပါတယ်။ သခင်ယေဇူး ဗိမာန်တော်မှာ နောက်ဆုံး အကြိမ် သွန်သင် ပေးခဲ့တယ်။ ဘုရားသခင်က ပူဇော်ခြင်းကို လာရောက် သုံးဆောင်ကြဖို့ ဖိတ်ခေါ်ချက် ဖြစ်ပါတယ်။ 

HOLY WEDNESDAY: 
Judas makes a deal with the high priests; he turns Jesus over for 30 silver coins. (Matthew 26:3-5; Mark 14:1-2; Luke 22:1-2) 

           #သန့်ရှင်းသောဗုဒ္ဓဟူးနေ့ #HolyWednesday မှာ ဂျူဒ အီစကာယုဒ်ဟာ ယဇ်ပုရောဟိတ် အကြီးအကဲ တွေနဲ့ ပေါင်းပြီး သခင်ယဇူးကို ငွေဒင်္ဂါး (၃၀)နဲ့ ရောင်းစား ခဲ့ပါတယ်။ သခင်ယေဇူးရဲ့ ဒုက္ခစရိယာ စတင် ခံထမ်းခြင်း ဖြစ်ပြီး ဘုရားသခင်က သူ့ရဲ့ ဖိတ်ခေါ်ချက်ကို တုံ့ပြန်ဖို့ စောင့်မျှော်နေခြင်း ဖြစ်ပါတယ်။ 

HOLY THURSDAY: 
The Last Supper takes place. Jesus institutes the sacraments of the Eucharist and priesthood. ( Matthew 26:17-46; Mark 14:12-26, 32-42; Luke 22:7-46; John 13:1-17:26; 1 Cor 11:23-25). 

             #သန့်ရှင်းသောကြာသပတေးနေ့ #HolyThirsday / #MaundyThursday မှာ နောက်ဆုံး ညစာစားပွဲ ကျင်းပခဲ့ပြီး သခင်ယေဇူးက ရဟန်း သိက္ခာတင်ခြင်းနဲ့ ကိုယ်တော်မြတ် စက္ကရမင်တူး နှစ်ခုကို ဖွဲ့စည်းတည်ထောင် ခဲ့ပါတယ်။ (Maundy Thursday) လို့လည်း ခေါ်ပါတယ်။ သခင်ယေဇူး ပသခါပွဲကို ကျင်းပပြီး နောက်ဆုံး ညစာစားပွဲမှာ သူ့ရဲ့ ယဇ်ပူဇော်ခြင်း အဖြစ် ခန္ဓာကိုယ်နဲ့ အသွေးတော်ကို ပူဇော်ခဲ့ပါတယ်။ 

Watch: https://www.facebook.com/reel/665366042263923?fs=e&s=TIeQ9V&mibextid=fmtFtL
  

GOOD FRIDAY: Jesus is sentenced to death by crucifixion. He dies on the cross, and is buried in a tomb. (Matthew 26:47-27:61; Mark 15:43-15:47; Luke 22:47-23:54; John 18:2-24; 18:28-19:42). 
          သန့်ရှင်းတဲ့ သောကြာနေ့မှာ သခင်ယေဇူးကို လက်ဝါးကားတိုင် တင်ပြီး သေဒဏ် ချမှတ်ခံရကာ ကားတိုင်ပေါ်  အသေခံတော်မူ ပြီးနောက် သင်္ချိုင်းတွင်းမှာ သင်္ဂြိုဟ် ခဲ့ကြပါတယ်။ ဘုရားသခင်က သူ့ရဲ့ ယဇ်ပူဇော်ခြင်းကို လက်ခံ ခဲ့ပါတယ်။  

HOLY SATURDAY: 
Jesus descends into the abyss and defeats death. (Matthew 27:62-66; Luke 23:56).  
          
        #သန့်ရှင်းသောစနေနေ့ #HolySaturday မှာ သခင်ယေဇူး အောက်နိမ့်ရာ အရပ်သို့ ဆင်းကြွတော်မူပြီး သေခြင်းကို အောင်မြင်တော်မူ ခဲ့ပါတယ်။ သခင်ယေဇူးဟာ အောက်နိမ့်ရာ အရပ်မှာ ရောက်နေကြပြီး ဖြောင့်မတ်တဲ့  ဝိညာဥ်တွေကို ကောင်းကင်ဘုံကို ခေါ်ဆောင်သွားခြင်း ဖြစ်ပါတယ်။ ဘုရားသခင်က သူတော်သူမြတ် ရဟန္တာတွေကို လက်ခံတဲ့နေ့လည်း ဖြစ်ပါတယ်။ 
 

EASTER SUNDAY: 
Jesus rises from the dead! (Matthew 28:1-20; Mark 16:1-20; Luke 24:1-53; John 20:1-21:25; 1 Cor 15:5). 
         #ပါစကားတနင်္ဂနွေနေ့ #EasterSunday မှာ သခင်ယေဇူး သေခြင်းကို အောင်မြင်ပြီး ရှင်ပြန်ထမြောက်တော်မူ ခဲ့ပါတယ်။ ဆာတန် နတ်ဆိုးကို အနိုင်ရပြီး သေခြင်းကို အောင်မြင်ကာ သခင်ယေဇူး အားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့ကို ထာဝရ အသက် ပေးခဲ့ခြင်း ဖြစ်ပါတယ်။  
 

✍️ထန်းဟာ,SJ✍️

Source: Akal Katolko 
https://bit.ly/3K6KDSi  
#holyweek #AMDG