Hello Everyone! My Page is still under construction! Thank You for your visit.

(ဂ) စိန်မေရီ ယာယီ ဘုရားကျောင်းဆောက်လုပ်ခြင်း

 (စိန်မေရီ ယာယီ ဘုရားကျောင်းဆောက်လုပ်ခြင်း

            Fr. Dixneuf သည် ချင်းပြည်နယ် ကက်သလစ်သာသနာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံလိုအပ်ချက် ဖြစ်သော စိန်မေရီစာသင်ကျောင်း (ယခု အထက (ဧရာဝတီဆောင်နှင့် ဘုန်းတော်ကြီးနေအိမ်များကို ဦးစားပေးဆောက်လုပ်နေရသဖြင့် ဘုရားရှိခိုးကျောင်း ဆောက်လုပ်ရန် အချိန်မပေးနိုင်ခဲ့ပေ။ ၁၉၆၆ ခုနှစ်တွင် Fr. Peter U Mya Aung တာဝန်ကျ ရောက်ရှိလာသော်လည်း သာသနာပိုင်မြေနှင့် ပတ်သက်၍ အငြင်းပွားနေဆဲ ဖြစ်သောကြောင့် ဘုရားကျောင်းဆောက်လုပ်ခွင့် မရရှိသေးပေ။ ထို့ကြောင့် Fr. Peter U Mya Aung ရောက်ရှိပြီး (နှစ်ခန့်ကြာသည့်တိုင်အောင် ဘုရားရှိခိုးကျောင်း မရှိသေးဘဲ ဓမ္မဆရာ Mark Cin Khan Khual  နေအိမ်တွင်သာ ဆုတောင်းဝတ်ပြုခြင်းများ ပြုလုပ်ခဲ့သည်။ ၁၉၆၉ ခုနှစ် ရောက်မှသာ သာသနာမြေအမှုကိစ္စ ပြီးပြတ်နိုင်ခဲ့သည်။ ထိုအချိန်တွင် သာသနာမြေ၏ လေးပုံသုံးပုံ ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကျန်ရှိသော မြေကွက်ပေါ်တွင် ယာယီဘုရားရှိခိုးကျောင်း ၇၂’ x ၃၆’ ဆောက်လုပ်ခဲ့သည်။