Hello Everyone! My Page is still under construction! Thank You for your visit.

Fr. Dixneuf ၏ကိုယ်ရေးအကျဥ်း

         ၁၉၄၆ ခုနှစ်တွင် ဆိုင်းဇန်ရွာ၌ ကျောင်းထိုင်ခဲ့ပါသည်။ ပြင်သစ်နိုင်ငံတွင် ၁၉၁၃ ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့ တွင် မွေးဖွားခဲ့ပါသည်။ ၁၉၃၇ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့တွင် ရဟန်းသိက္ခာခံယူခဲ့ပါသည်။ ရဟန်းသိက္ခာခံပြီး (၁)လမတိုင်ခင် မြန်မာနိုင်ငံ၊ မန္တလေးမြို့သို့သာသနာ အမှုတော်မြတ်ထမ်းရွက်ရန် ရောက်ရှိလာပါသည်။ ၁၉၃၉ ခုနှစ်တွင် မြင်းခြံမြို့၌လည်းကောင်း၊ ၁၉၄၀ မှ ၁၉၄၆ ခုနှစ်အထိ ညောင်ပင်သာ၌ လည်းကောင်း သီတင်းသုံး နေထိုင်ခဲ့ပါသည်။ ချင်းပြည်နယ်တွင် Fr. Blivet နှင့်ဆုံတွေ့စဉ် Fr. Blivet မှ ဤသို့ မေးမြန်းခဲ့ပါသည်။ ကိုယ်တော် တစ်နှစ်တာ စားစရိတ်အတွက် ဘယ်လောက်ကုန်ကျသလဲဟုမေးရာ Fr. Dixneuf သည် (၁၉) ကျပ် ကုန်ကျကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ထိုအခါ Fr. Blivet က "တော်တော်ငတ်ကြီးကျတဲ့သူပဲ" ကျွန်တော် (၁၇)ကျပ်ပဲသုံးတယ်ဟု တီးတိန်ချင်းစကားနှင့် ပြောကြား ခဲ့ပါသည်။ ထိုအခါ Fr. Dixneuf သည် ခြိုးခြံချွေတာရာမှ စုဆောင်းမိသမျှကို စာသင်ကျောင်းများ တည်ဆေက်ရန် အတွက်လည်းကောင်း၊ ဘုရားကျောင်းတည်ဆောက်ရန်အတွက်လည်းကောင်း အသုံးပြုခဲ့သည်။ ယခု ကလေးမြို့ရှိ စိန်မေရီဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စိန်မေရီကျောင်း၊ လင်ရိုဗာကားနှင့် စာပုံနှိပ်စက်၊ စာပုံနှိပ်တိုက်တို့မှာ Fr. Dixneuf ဆောက်လုပ် လှူဒါန်းခဲ့ခြင်းများပင် ဖြစ်သည်။ Fr. သည် အမဲလိုက်ခြင်းကို ဝါသနာပါပြီး ကျားတစ်ကောင်ကို ပစ်သတ်ဖူးပါသည်။

၁၉၇၂ ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့တွင် မွေးရပ်ဌာနေသို့ ပြန်သွားခဲ့ပါသည်။ ၁၉၈၁ ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက် နေ့တွင် ပြင်သစ်နိုင်ငံ၌ ပျံလွန်တော်မူခဲ့သည်။


ကိုးကား

https://yaenatyar.blogspot.com/2010/09/blog-post_6475.html