Hello Everyone! My Page is still under construction! Thank You for your visit.

"April Fools Day"အကြောင်း

"April Fools Day"အကြောင်း 
***************************
         နှစ်စဉ် ‌ဧပြီလ ရောက်လာတိုင်း "ဧပြီအရူးများနေ့ - April Fools Day" အကြောင်း ပြောဆို စနောက်၊ လှောင်ပြောင် တတ်ကြပေမဲ့ ဘာကြောင့် အဲဒီလို ခေါ်ကြတာလဲ။ ဘယ်လို စတင်ခဲ့တာလဲ ဆိုတာ ဂဃဏန မသိသူတွေ များပါတယ်။ ဘာကြောင့် ဘယ်လို စတင် ခဲ့တာလဲ ဆိုတာကို အတိအကျလည်း မသိနိုင်ပါဘူး။ 

          ဒါပေမဲ့ ထင်မြင်ချက် တွေအမျိုးမျိုးနဲ့ သီအိုရီများစွာကြောင့် တချို့က တရားမ၀င် အားလပ်ရက် ထင်ကြပြီး အလွန် ဆန်းကြယ်တဲ့ ဟာသ ပုံပြင်တွေ တီထွင် ပြောဆိုကြပါတယ်။ ဒါကြောင့် သမိုင်းအမှန်ကို သိဖို့ လိုအပ်ပါတယ်။ အဲဒါကို သမိုင်း သုတေသီ တချို့တွေအရ (၁၆) ရာစုမှာ စတင် ခဲ့တာပါ။ ၁၅၆၃ ခုနှစ် ကက်သလစ် အသင်းတော်ရဲ့ ထရန့်‌ကောင်စီ Council of Trent အစည်းအဝေးမှာ Julius Caesar ဂျူလီယန့် စီဆာ ပြက္ခဒိန်ကြောင့် အမျိုးမျိုး နေ့စွဲပြဿနာ တက် နေတာကို ပြုပြင်ကြဖို့ သဘောတူ ခဲ့ကြပါတယ်။ ၁၅၈၂ - ခုနှစ်မှာ ရှေးဟောင်း ဂျူလီယန် ပြက္ခဒိန်အစား ပြင်သစ် နိုင်ငံက ပုပ်ရဟန်းမင်းကြီး ဂရေ‌ဂေါ်ရီ (၁၃) Gregory XIII ကနေ မိတ်ဆက်ခဲ့တဲ့ ဂ‌ရေဂိုရီယန့် ပြက္ခဒိန်ကို အစားထိုး အသုံးပြု ခဲ့ကြပါတယ်။ အဲဒီ ပြက္ခဒိန် နေရာမှာ နှစ်သစ်ကူး နေ့စွဲကို အရင်က မတ်လအဆုံး-ဧပြီလ အစား အခုအထိ ကျင်းပနေတဲ့ ဇန်နဝါရီလကို အစားထိုး ပြောင်းလဲ ခဲ့ကြပါတယ်။ တနည်းအားဖြင့် ဂျူလီယန်  ပြက္ခဒိန်ဟောင်းအရ ဧပြီလ (၁)ရက်နေ့က နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။  

       ခက်တာက ၁၆ -ရာစု အချိန်တုန်းက သတင်းတစ်ခုကို ချက်ချင်း တစ်ကမ္ဘာလုံးကို ကြေငြာလို့ မရပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ လမ်းပန်း ဆက်သွယ်ရေးလည်း မကောင်း သေးတဲ့အပြင် အခုလို အင်တာနက် ခေတ် မဟုတ်လို့ပါပဲ။ အဲဒါကြောင့် ကမ္ဘာ့နိုင်ငံ တချို့က နှစ်အပြောင်းအလဲ သတ်မှတ်တာကို အချိန်မီ မသိ ခဲ့ကြပါဘူး။ နှစ်သစ်ကူးက ဇန်နဝါရီလမှာ ကျင်းပနေကြချိန် တချို့က အရင်ကလိုပဲ ဧပြီလ ပထမအပတ်မှာ ကျင်းပကြတာ‌ ‌ကြောင့် ဟာသသဖွယ် လှောင်ပြောင် အရူးလုပ် သူတွေ ရှိခဲ့ကြ ပါတယ်။

        ပြီးတော့ ကက်သလစ် အသင်းတော်ကနေ ခွဲထွက်ခဲ့တဲ့ နှစ်ခြင်း အသင်းသား တချိုအတွက် ကက်သလစ် အသင်းတော်က သတ်မှတ်တဲ့ ဂရေဂေါ်ရီယန် ပြက္ခဒိန် အသစ်ကို မသုံးချင် ကြပါဘူး။ တချို့က ပြက္ခဒိန် အသစ်ကို သိရဲ့သားနဲ့ လက်မခံသေးဘဲ ဆန္ဒပြ သူများပင် ဧပြီလ ပထမပတ်မှာ နှစ်သစ်ကူး ကျင်းပ နေကြဆဲ ဖြစ်ခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ တချို့က သတင်းမှားကြောင့် သူတို့အား “April Fools - အရူးလူမိုက်‌တွေ” ဟု လှောင်ပြောင် ခဲ့ကြ‌တဲ့ သမိုင်း ရှိခဲ့ပါတယ်။

       
         သမိုင်းမှာ မှန်ကန်တဲ့ အချက်အလက်‌ တွေကို သိရှိဖို့ အရေးကြီးကြောင်းနဲ့ သတင်းအတုအပ‌ တွေနဲ့ လိမ်လည် လှည့်ဖြားခြင်း တွေကို ရှောင်ကြဉ်နိုင်ဖို့ ဒီလိုမျိုး ကမ္ဘာ့ သမိုင်း ဖြစ်ရပ်မှန်တွေကနေ ကျွန်ုပ်တို့ သင်ခန်းစာ ယူကြပါစို့။

✍️ ထန်းဟာ, SJ 

Source: https://bit.ly/3LBAzQI 
https://bit.ly/3qVDD2d 

 #AprilFools
 #Seminariansnotbuk
 #AprilFoolsDay