#စိန့်ဂျွန်ဗတ္တီးစ်ဒေလာဆာ
St. John Baptist De La Salle
*****************************
လူငယ်တွေ (ဆင်းရဲ့သားများ) ရဲ့ ပညာရေးကို အဓိကထား လုပ်ဆောင်ခဲ့ပြီး The institution of the Brothers of the Christian Schools ခရစ်ယာန် ဘရာသာရ်ကျောင်း ကိုလည်း တည်ထောင်ခဲ့တဲ့ စိန့်ဂျွန်ဗတ္တီးစ် ဒေလာဆာရဲ့ ပွဲနေ့ကို ဧပြီလ (၇)ရက်နေ့မှာ ကျင်းပ ပါတယ်။ သူ့ကို ၁၆၅၁ ခုနှစ် ဧပြီလ (၃၀) ရက်နေ့မှာ ပြင်သစ်နိုင်ငံ၊ ရိမ်းစ် (Rheims)မှာ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားခဲ့ပါတယ်။ သူဟာ သူ့မိဘတွေ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားတဲ့အချိန်မှာ အိမ်က ညီအစ်ကို မောင်နှမတွေအတွက် အမျိုးမျိုး ဦးဆောင် ကြိုးစား ခဲ့ပါတယ်။ ပဲရစ်မြို့ကြီးမှာလိုအပ်တဲ့ ပညာရပ်တွေကို သင်ကြားခဲ့ပြီးနောက် ၁၆၇၈-ခုနှစ်မှာ ရဟန်းသိက္ခာ ခံယူခဲ့ပါတယ်။
ဘုန်းတော်ကြီး ဒေလာဆာဟာ Sisters of the Child Jesus သူငယ်တော် ယေဇူးရဲ့ စစ္စတာရ်များ အသင်းဂိုဏ်းရဲ့ မိန်းကလေးများ စာသင်ကျောင်း တာဝန်ကျခဲ့ပါတယ်။ အဲဒီမှာ ကူညီပေးနေချိန် ယောကျ်ားလေးအတွက် ကျောင်းဖွင့်ချင်ပြီး ချမ်းသာတဲ့ သာမန်လူဝတ်ကြောင် အန်ဒရိယန်နီရယ် Adrian Nyel တွေ့ဆုံ ခဲ့ပါတယ်။ ပြီးနောက် မိန်းကလေးများနဲ့ ယောကျ်ားလေးများ ကျောင်းနှစ်ကျောင်း ဖြစ်လာခဲ့တယ်။ ဘုန်းတော်ကြီး ဒေလာဆာဟာ ခရစ်ယာန် ပညာရေးကို မြှင့်တင်ရင်း ပြုပြင်ပြောင်းလဲဖို့ ကြိုးစား ခဲ့သူဖြစ်တယ်။ အထူးသဖြင့် ဆင်းရဲတွေနဲ့ လူတိုင်း တန်တူညီမျှတဲ့ အဆင့်မြင့် ပညာရေး ဖြစ်လာအောင် လုပ်ဆောင်ကာ သူ့ရဲ့ဘဝကို တစ်ခုလုံးကို ဆက်ကပ် ခဲ့ပါတယ်။ သူဟာ စာသင်ပေးတဲ့ ဆရာ၊ ဆရာမတွေကို နည်းစနစ်အသစ်နဲ့ ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့ သင်ကြားပေး ခဲ့ပါတယ်။
သူ့ရဲ့ လုပ်ဆောင်ချက်တွေဟာ အခြား လူငယ်တွေအတွက် အားကျ စံနမူနာ ယူစရာ ဖြစ်ခဲ့တယ်။ အဲဒါကြောင့် သူ့ရဲ့ ကရုဏာ လုပ်ငန်းမှာ လူငယ်တွေလည်း ဆက်ကပ် ဝင်ရောက်လာခဲ့ကြတာကြောင့် နောက်ပိုင်း "The institute of the Brothers of Christian Schools" ဆိုတဲ့ ခရစ်ယာန် ဘရာသာရ်များ ကျောင်းကို အောင်မြင်စွာ တည်ထောင် နိုင်ခဲ့ပါတယ်။ သူ့ရဲ့ အသင်းသားတွေဟာ ဆင်းရဲသားရဲ့ ဘဝကို ပညာရေး မြှင့်တင် ပေးခဲ့ပါတယ်။ ယနေ့ အချိန်အထိ သူတည်ထောင်ခဲ့တဲ့ အသင်းဂိုဏ်းဟာ ကမ္ဘာနိုင်ငံ အများအပြားမှာ ပညာရေး မြှင့်တင်မှု ကဏ္ဍတွေမှာ အရေးပါတဲ့ အသင်းဂိုဏ်း တစ်ခု ဖြစ်ပါတယ်။ သူဟာ စာသင်ခန်းထဲမှာ လာတင် ဘာသာရပ်ကို အများဆုံး အသုံးပြုနေချိန်မှာ ဒေသခံစကား (သို့) ဒေသန္တရ တိုင်းရင်း ဘာသာစကားနဲ့ စတင် သင်ကြားပို့ချပေးခဲ့တယ်။ သူဟာ ပညာရေး စနစ်သစ်နဲ့ ဆိုင်တဲ့ စာအုပ်စာပေများကိုလည်း ရေးသားခဲ့တယ်။ ပြီးတော့ အဂ်လန်ဘုရင် ဂျိမ်စ်ရဲ့ တောင်းဆိုမှုကြောင့် စာသင်ကျောင်းတေွ ဖွင့်လှစ်ပေးခဲ့ပါတယ်။
စိန့် ဂျွန်ဗတ္တိစ် ဒေလာဆာဟာ သူ့အလုပ်တွေကနေ ပင်ပန်းပြီး ၁၇၁၉ ခုနှစ် ဝါတွင်းကာလမှာ စတင် နာမကျန်း ဖြစ်လာခဲ့ပြီး ဧပြီလ(၇) ရက်နေ့ သန့်ရှင်းသော သောကြာနေ့ကြီးမှာ ပျံလွန်တော်မူ ခဲ့ပါတယ်။ သူ့ကို ၁၉၀၀ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး လီယို (၁၃)ကနေ ရဟန္တာအဖြစ် တင်မြောက်ခဲ့ပါတယ်။ ခရစ်ယာန် ပညာရေးအတွက် အစွမ်းကုန် ကြိုးစားခဲ့တဲ့ စိန့် ဂျွန်ဗတ္တိစ် ဒေလာဆာကို ၁၉၅၀ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး ပီယိုစ် (၁၂) လူငယ်များကို သင်ကြားပို့ချပေးသော ဆရာသမားများကို ကြည့်ရှု စောင့်ရှောက်တဲ့ ရဟန္တာဘွဲ့ အမည်ကို ပေးအပ် ခဲ့ပါတယ်။
စိန့် ဂျွန်ဗတ္တိစ် ဒေလာဆာ၊
ကျွန်ုပ်တို့ အဖို့ငှာ ဆုတောင်း ပေးတော်မူပါ။
✍️ထန်းဟာ, SJ
Read more: https://bit.ly/3JkJm82
Photo from google image
#stjohnthebaptistdelasalle