++++++++++++++++++
*အရင်က "ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်မြတ်၌၊ အာမင်။"...ဆိုတဲ့ ခရူစူး အမှတ်အသားကို လက်ညှိုး တစ်ချောင်းထဲနဲ့ပဲ တားခဲ့တယ်။
*ဒါပေမဲ့ ဒီလက်ချောင်းသုံးခုနဲ့ ခရူစူးအမှတ်အသားလုပ်ပြီး ဆုတောင်းတဲ့ နည်းက "#ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူ ကို ခရူစူး အမှတ်အသား ပြုလုပ်တိုင်း ပိုပြီးသတိနဲ့ အာရုံပြု မြင်ရောင် လာစေတယ်။
*ပုံမှာတွေ့တဲ့အတိုင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်လည်း လက်ချောင်းသုံးခုနဲ့ ခရူစူး အမှတ်အသားကို ပြုလုပ်တာ ဖြစ်ပါတယ်။ (လက်ညိုး တစ်ချောင်းထဲနဲ့ ခရူစူးအမှတ်အသား မလုပ်ပါဘူး)။
*ခရူစူး အမှတ်အသားကို အလေးအနက် ယုံကြည်ကာ ပိုသတိ-အာရုံနဲ့ ဆုတောင်းခြင်းဖြင့် ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူရဲ့ ကောင်းချီး မင်္ဂလာ အဖြာဖြာကို ရရှိနိုင်ကြပါစေ။ အာမင်။
✍️ထန်းဟာ SJ